ရုတ်တရက်လေဖြတ်ခံရသောလူနာကို သွေးဖောက်ပြီး အမြန်ကယ်ဆယ်ကုသနည်း
(၁)။ ။လေဖြတ်သောလူနာကို (မည်သည့်နေရာတွင်ဖြစ်စေ) ဖြစ်သောနေရာမှ ရွှေ့ ပြောင်း သယ် မခြင်း မပြုရပါ။ ထိုသို့ချက်ခြင်းရွှေ့ပြောင်းသယ် ဆောင်ပါက ကားဆောင့်ခြင်း အစရှိသော လှုပ်ရှားခြင်းဒဏ်များကြောင့် ဦးနှောက် သွေးကြောငယ်များကို လျှင်မြန်စွာပေါက်ကွဲစေပြီး လူနာ၏အခြေအနေကို ပိုဆိုးစေပါသည်။ ထို့ကြောင့် ရွှေ့ပြောင်းခြင်း မပြုပါနှင့်
(၂)။ ။လူနာကိုဖြစ်သည့်နေရာတွင်ပင် အသာထူမပေးပြီး ပြန်လဲမကျအောင် အသာမှေးပြီး ထိုင်စေရပါမည်။ လူနာကိုယ်တိုင်မထိုင်နိုင်ပါက ဘေးမှတစ်ဦးက ထူမပေးထားပါ။ပြီးနောက် ပိုးသတ်ထားသော
ဆေးထိုးအပ် (သို.) လက်အပ်ဖြင့် လူနာ၏ လက်ချောင်း ဆယ်ချောင်းထိပ်ဖျားများကို (ပဲစေ့ခန့်) သွေးတစ်စက်စီထွက်လာအောင် ဖောက်ပေးပါ။ ဖောက်ရုံမျှဖြင့် သွေးမထွက်ပါက လက်ဖြင့် ညှစ်ထုတ်ပေးပါ။ ထိုသို့ သွေးထွက်ပြီး မိနစ်အနည်းငယ်အတွင်း လူနာပြန်လည်သတိရလာပါလိမ့်မည်။
(၃)။ ။လူနာပါးစပ်ရွဲ.သွားပါက လူနာ၏နားရွက်နှစ်ဖက်ကို နီလာသည်အထိလက်ဖြင့် ပွတ်သပ်ပေးပါ။ နီလာပါက နားရွက်အောက်ပိုင်း (နားပေါက်ဖောက်သည့်နေရာ) ကို ပိုးသတ်ထားသောအပ်ဖြင့် တစ်ဖက်လျှင် နှစ်ပေါက်စီဖောက်ပေးပါ။ နားရွက်နှစ်ဖက်လုံးမှ (ပဲစေ့ခန်.) သွေးနှစ်စက်စီထွက်လာပြီး မိနစ်ပိုင်းအတွင်း ရွဲ.နေသောပါးစပ် ပြန်တည့်သွားပါလိမ့်မည်။
(၄)။ ။ထိုအခြေအနေရောက်သည်အထိ ပြုစုပြီးမှ ဆေးရုံ၊ ဆေးပေးခန်းသို့ ခေါ်သွားစေလိုပါသည်။ ထိုအခြေအနေရောက်အောင်စောင့်ပြီးမှ ဆေးကုသခံစေပါက
(၁)အကြောသေခြင်း
(၂)ကိုယ်တစ်ခြမ်းသေခြင်း
(၃)ခြေလက်လှုပ်မရခြင်း
(၄)စကားမပီသခြင်း စသည်တို.လုံးဝမဖြစ်နိုင်တော့ပါ။
လက်တွေ.ပျောက်ကင်းသက်သာစေသောနည်းဖြစ်ပါသည်။ လေဖြတ်ခြင်းဝေဒနာမှ ကင်းဝေးစေရန်အတွက် ကုသိုလ်ပြု လိုက်ပါသည်။
တရုတ်ပြည်မှပေးပို.သော တရုတ်ရိုးရာဆေးကျမ်းမှ တိုက်ရိုက်ဘာသာပြန်ဆိုထားပါသည်။
လေဖြတ်ခြင်းရဲ့ အကြောင်းရင်းဟာ ဦးနှောက်ထဲက သွေးကြောလေးတွေ ပိတ်တာ/ပေါက်တာတွေကြောင့် ဖြစ်ပါတယ်။ လက်ထိပ်ကလေး ဖောက်လိုက်တာနဲ့ ဦးနှောက်ထဲက သွေးကြောတွေ ပိတ်တာ ပွင့်မသွားနိုင်ပါဘူး။ ပေါက်ရင်လဲ ပြန်မပိတ်နိုင်ပါဘူး။ ဒါကြောင့် သည်လက်ထိပ် ဖောက်ခြင်းဟာ ဘာမှ ကောင်းကျိုးမရှိပါဘူး။ ဆိုးကျိုးတွေသာလျှင် ရှိပါတယ်။
အရေးအကြီးဆုံး ဆိုးကျိုးကတော့ အချိန်ကုန်သွားတာပါပဲ။ သွေးကြောပိတ်လို့ လေဖြတ်တဲ့လူ တစ်ယောက်ကို သုံးနာရီအတွင်း သွေးကြောပြန်ပွင့်အောင် လုပ်နိုင်ရင် အကောင်းပကတိ သို့မဟုတ် ပကတိနီးပါး ပြန်ဖြစ်လာနိုင်ပါတယ်။ အဲသည်လို စက္ကန့်တိုင်း၊ မိနစ်တိုင်း အရေးကြီးနေတဲ့ အခြေအနေမျိုးမှာ ဆယ့်ငါးမိနစ်လောက် လူနာကို ထိုင်ခိုင်းထားပြီးတော့ လက်ထိပ်ကို အပ်နဲ့ဆွပြီး အေးအေးဆေးဆေးမှ ဆေးရုံကို ခေါ်သွားမယ်ဆိုရင် ရလာဒ်ကတော့ ““ဆောရီးပဲ။ သိပ်နောက်ကျသွားပြီဗျာ”” ဆိုတဲ့ စကားလုံးပဲ ဖြစ်ပါလိမ့်မယ်။
ဒါက အဆိုးဆုံး မဟုတ်သေးပါဘူး။ အဆိုးဆုံးက နောက်တစ်ကြိမ်အတွက် ပေါ့ပေါ့ဆဆ နေမိမှာကို စိုးရိမ်တာ ဖြစ်ပါတယ်။ လေဖြတ်တာ အများစုဟာ ခဏတာပဲ ဖြစ်ပါတယ်။ ဘိုလွှိုမညျေငနညအျှုခ့နာငခ ဗအအခေု (ွှုဗ) လို့ ခေါ်ပြီး ၂၄ နာရီအတွင်း (များသောအားဖြင့် ငါးမိနစ်မှ နာရီဝက်အတွင်း) ပြန်ကောင်းသွားကြပါတယ်။ အဲသည် လူနာတွေဟာ သာမန်အတိုင်းဆိုရင် ဆေးရုံတက်ပြီး သွေးစစ်၊ ဆီးစစ်နဲ့ စစ်ကြမှာပါ။ တကယ်လို့ သွေးခဲလေးတွေ တွေ့ရင် ထုတ်လိုက်ကြမယ်။ သွေးတိုး၊ ဆီးချိုရှိရင်လဲ အစားရှောင်ကြမယ်။ ဆေးသောက်ကြမယ် စသဖြင့် ထိရောက်တဲ့ ကုသမှုတွေ ခံယူဖြစ်ကြမှာပါ။ တကယ်လို့သာ အဲသည်လူတွေက ဟောသလို လက်ထိပ်ဖောက်လိုက်မိရင် ဘယ်လိုနေမလဲ။ လက်ထိပ်ဖောက်တာ စွမ်းတယ်ဟ။ တစ်ခါတည်း အရှင်းကို ပျောက်သွားတာပဲဆိုပြီး ဆေးရုံမသွားတော့ပဲ စားချင်တာတွေစား၊ လုပ်ချင်တာတွေလုပ်ပြီး ကံအားလျော်စွာ ဖြစ်ချင်တာတွေ ဖြစ်ကုန်မှာပေါ့ခင်ဗျာ။ နောက်တစ်ခါ ဖြစ်ရင် ဘေးလူတွေ တွေ့ပြီး အပ်နဲ့ထပ်ဖောက်ပေးလို့ရအောင် အဲသည်စာရွက်ကလေးကို ပလတ်စတစ်လောင်းပြီး ပုဆိုးနဲ့ တွဲချုပ်ရင်တောင် ချုပ်ထားဦးမယ်။
တကယ်တေွာှ့မညျေငနညအျှုခ့နာငခ ဗအအခေု (ွှုဗ) တွေဟာ လေဖြတ်ခြင်း အကြီးစားတွေရဲ့ ရှေ့တော်ပြေးပါပဲ။ ခဏလောက် ကိုယ်တစ်ခြမ်း လှုပ်လို့မရတော့ဘူး ဖြစ်သွားတယ်။ ဖျတ်ကနဲ အတိတ်မေ့သွားမယ်။ တစ်ချို့လူများမှာ ဆိုရင် သတိထားမိဖို့တောင် ခက်ပါတယ်။ ဒါကို စောစောသိပြီး ဖြစ်စေတဲ့ အကြောင်းရင်းကို ရှာဖွေကုသဖို့ လိုပါတယ်။ မကုသရင် ပိုဆိုးလာဖို့ပဲ ရှိပါတယ်။ လက်ထိပ်ဖောက်လိုက်လို့ အဲသည်အကြောင်းတွေ ပျောက်ကင်းမယ်လို့တော့ ကျွန်တော် မထင်ပါဘူးခင်ဗျာ
creadit to ဒေါက်တာလမ်းမတော်သား@ အချစ်တက္ကသိုလ်

No comments:
Post a Comment