ကျနော် မနက်ပိုင်း လမ်းမှာတွေ့နေကျ မြင်ကွင်းတွေပါ....
မနက်စောစော ရုံးသွားရင် ပထမဆုံးတွေ့ရတာက မသုံးတော့တဲ့ အများပိုင် ဘုံပိုင်ရေခေါင်းဟောင်းလေးက တစက်စက်ကျနေတဲ့ ရေစက်တွေ...ပြီးတော့ ခပ်လှမ်းလှမ်းမှာ လာသမျှလူတွေကို အမြီးလေး နှံပြပြီး အစာတောင်းနေတဲ့ လသားအရွယ် ခွေးပေါက်လေး....ပြီးတော့ ဈေးခြင်းတောင်းကြီးကိုစက်ဘီးကြီးနဲ့ နောက်မှာတင်ပြီး ရေမြောင်း
မနက်စောစော ရုံးသွားရင် ပထမဆုံးတွေ့ရတာက မသုံးတော့တဲ့ အများပိုင် ဘုံပိုင်ရေခေါင်းဟောင်းလေးက တစက်စက်ကျနေတဲ့ ရေစက်တွေ...ပြီးတော့ ခပ်လှမ်းလှမ်းမှာ လာသမျှလူတွေကို အမြီးလေး နှံပြပြီး အစာတောင်းနေတဲ့ လသားအရွယ် ခွေးပေါက်လေး....ပြီးတော့ ဈေးခြင်းတောင်းကြီးကိုစက်ဘီးကြီးနဲ့ နောက်မှာတင်ပြီး ရေမြောင်း
ကျယ်ကျယ်ဝါးတံတားလေးယိုင်တိုင်တိုင်ကို ကူးနေတဲ့ အဘိုးအိုတယောက်....လက်ဖက်ရည်ဆိုင်မှာ လာသမျှ မိန်းခလေးတွေကို နောက်ပြောင်နေတဲ့ လူငယ်တစု ....ရေတွေ ရွှံ့တွေနဲ့ ကားမှတ်တိုင်လေး....။
ဒီမြင်ကွင်းတွေက မြင်နေကျ မြင်ကွင်းတွေပါ...
သတိမထားမိဘူးဆိုတာထက် အမှတ်တမဲ့ နေကြတဲ့ တွေ့နေကျအရာလေးတွေပေါ့။ ပြုပြင်ဖို့ ပြောင်းလဲဖို့ မေ့နေကြတာတော့ မဟုတ်ပါဘူး။သေးငယ်သေးလွန်းလို့ မပြင်လဲရပါတယ် ဆိုပြီး ထားနေကြတဲ့အရာတွေပါ။ နေ့တိုင်းမြင်နေတော့ ရိုးသွားပြီး ဖြစ်နေကျ ဖြစ်သွားတာ ။ကျနော်တို့ ဒီလိုပဲ ပစ်ထားရမှာလား။ ပစ်လဲ ပစ်ထားကြတာပါပဲ။ အဲဒါတွေကို ကျနော် ပြုပြင်ဖို့ အိပ်ခါနီး စဉ်းစားခန်းဝင်ပါတော့တယ်။ ပထမဆုံးလုပ်ရမှာက ရေဘုံပိုင်ခေါင်းပါ နှင်းဆီပန်းအိုးလေး တလုံးဝယ်ဖို့ စိတ်ကူးလိုက်တယ်....နောက်ပြီးတော့ ခွေးလေး ကိစ္စပါ ။ ပေါင်မုန့် တထုတ်လောက်ဆို ခွေးလေး ဝကောင်းပါရဲ့။ တံတားလေးကို ပြင်ဖို့က လမ်းမှာ အလှူ ငွေကောင်ရင် ရကောင်းပါတယ်။ လူငယ်တစုကိုတော့ စာအုပ်လေးတအုပ်နဲ့ မိတ်ဆက်ပေးရင် ရနိုင်တာပေါ့။ ကားဂိတ်ကိစ္စလဲ သဲ နဲနဲ ဖို့လိုက်ရင်ကောင်းသွားမှာပါ။ စိတ်ကူးထဲမှာတော့ အစီအစဉ် တကျပေါ့။ နောက်နေ့ မနက်စောစော ကျနော် အစီအစဉ်နဲ့ ကျနော် စာအုပ်တအုပ်ရယ် ပေါင်မုန့် တထုပ်ရယ်ပေါ့ ။ ပန်းအိုးလေးဝယ်ဖို့ အိမ်သူကို အကျိုးအကြောင်းပြောတော့...။အိမ်သူနဲ့ စပြီး စကားပြောရပါတော့တယ်။ ကိုယ်အလုပ်မဟုတ်ဘူး....ကိုယ်နဲ့လဲ မဆိုင်ဘူးပေါ့...နောက်ပြီး အိမ်အတွက်မှ မဟုတ်ပဲတဲ့....။စသည့်စသည့် စကားများကြောင့် ကျနော် ဘာမှမပြောပဲ ထွက်လာခဲ့တယ်။ လက်ဖက်ရည် ၁ ပတ်လောက်မသောက်ရင် ဝယ်ရကောင်းပါရဲလို့ပေါ့။ ဒါနဲ့ပဲ ထွက်လာတော့ ထုံးစံအတိုင်း ခွေးပိန်လေး ကို မတွေ့တော့ဘူး ခပ်လှမ်းလှမ်းက မြောင်းထဲမှာ သွေးတလူးလူးနဲ့ ခွေးပိန်လေး အသက်ပျောက်နေလေရဲ့။စက်ဘီးပဲ တိုက်သွားလား ကားပဲ တိုက်သွားလားတော့ မသိ။ ဒီလိုနဲ့ လက်ဖက်ရည်ဆိုင်က လူငယ်တစုနား ကျနော် ချည်းကပ်ပြီး ထိုင်လိုက်တယ်။ ပွတ်ခနဲ့..ထွေးလိုက်တဲ့ ကွမ်းတံတွေးက ကျနော်ခြေထောက်နဲ့ သီသီလေး...။ဘဲကြီး ဆောတီးနော်တဲ့...။ဆေးလိပ်ငွေ့တွေကလဲ လှိုင်လို့ .....။သူတို့ပြောတာလေး ဘာရယ်မဟုတ် နားထောင်နေမိတယ်....။မားသားကြီးက ဂိမ်းနှိပ်ဖို့ ရေမပေးလိုက်ဘူးတဲ့....နောက်တယောက်က အိမ်က အဘွားကြီးလဲ ဒီအတိုင်းပဲတဲ့။ဟိုဆော်လေးက ဘယ်အချိန်အလုပ်သွားတယ်..ပြန်တယ် ..နှာခေါင်းမှာ အပေါက်ဖောက်တာ ဘယ်လို စတိုင်ကျတယ်...ဆံပင်ဆေးရောင်က ဘာဖြစ်တယ်ညာဖြစ်တယ်...ဂိမ်းမနှိပ်ရရင်ကျားပဲစီးတော့မယ်...စသည်စသည်။.....
No comments:
Post a Comment