(၁)ဆံပင်နဲ့မျက်နှာကို သေသေချာချာ အလေးထားပြီး သန့်စင်တဲ့သူ
သူကတော့အချစ်ရေးမှာကိုယ်ချစ်တဲ့သူကို နောက်ကွယ်မှာပဲကြိတ်ချစ်နေရတဲ့သူဖြစ်လိမ့်မယ်။သူရဲ့
စိတ်လေးကိုက သူတပါးဒုက္ခမရောက်အောင်၊ ကူညီချင်တဲ့စိတ်က အပြည့်ရှိပါတယ်။
ကူညီချင်တဲ့စိတ်ကြောင့် ငွေရေးကြေးရေးအတွက် အသုံးချခံရတက်ပါ
တယ်။အဲဒီလို မဖြစ်ရအောင် ပတ်ဝန်းကျင်က သတိပေးစကားကို နားထောင်သင့်ပါတယ်။
(၂)လက်နဲ့လက်ချောင်းကို သေသေချာချာ အလေးထားပြီး သန့်စင်တဲ့သူ
သူကတော့အချစ်ရေးမှာချစ်သူရဲ့ဂရုတစိုက်အလေးထားမှုကိုခံယူချင်တဲ့သူဖြစ်ပါလိမ့်မယ်။ချစ်သူဖြစ်နိုင်
တဲ့သူကတော့သူ့အတွက် အချိန်ပေးနိုင်မှ တော်ရာကျမှာပါ။အချိန်တွေ အရမ်းပေးရတော့လည်း ရန်ဖြစ်တဲ့အခါလည်းရှိနိုင်ပါတယ်။နှစ်ယောက်တည်း မနေပဲနဲ့ ပတ်ဝန်းကျင်နဲ့လည်း သင့်တင့်အောင်နေသင့်ပါတယ်။
(၃)လက်မောင်း၊ တတောင်ဆစ်ကို သေသေချာချာ အလေးထားပြီး သန့်စင်တဲ့သူ
သူကတော့ အချစ်ရေးမှာ ချစ်သူရဲ့လိုအပ်ချက်ကို အမြဲဖြည့်စီးပေးချင်တဲ့ဆန္ဒရှိပါတယ်။ ချစ်သူက ဘာမှမတောင်းဆိုလာရင်တခုခု လိုအပ်နေတယ်လို့ခံစားရမှာပါ။ကိုယ်ကလိုအပ်တဲ့အချိန်ကရင်လည်း သူကမရှိရင် စိတ်ဓိတ်ကျတက်ပါတယ်။ချစ်သူကို အရမ်းအားမကိုးပဲ ကိုယ့်မှာ ရည်ရွယ်ချက်လေးတွေတော့ ထားသင့်ပါတယ်။တခါတလေလည်း စိတ်ပြေလက်ပြောက်ကိုယ်လုပ်ချင်တာလေးတွေကို လုပ်သင့်ပါတယ်။
(၄)ခြေထောက်၊ ခြေဖနှောင့်ကို သေသေချာချာ အလေးထားပြီး သန့်စင်တဲ့သူ
သူကတော့ ချစ်သူကလိုချင်တဲ့အတိုင်း လိုက်လုပ်လေ့တော့မရှိပါ။
ကိုယ့်ကို လာပြီးချွဲတဲ့လူမျိုးနဲ့တော့ မကိုက်ပါ။တဖက်မှာ အလုပ်(သို့) ဝါသနာပါတဲ့အရာကို စွဲစွဲလမ်းလမ်းရှိတဲ့သူနဲ့ဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်။
Credit : Chelmo Team

No comments:
Post a Comment