Friday, January 9, 2015

ကျနော်၏ အရင်းနှီးဆုံးအရာ

မနက်မိုးလင်းတော့ သူက အသင့်ဖြစ်နေပြီလေ....အပြင်သွားမယ်ချည်း တကဲကဲ....
ကျနော် မတားပါဘူး ..ဘာလို့လဲ ဆိုတော့ သူနဲ့က မနက်တိုင်းသွားနေကျလေ.......။
သူနဲ့ အတူသွားမယ်လုပ်တော့ အမေက လှမ်းသတိပေးတယ်..သတိထားအုံးတဲ့...။
ဟုတ်လဲ ဟုတ်တာပဲလေ ...သူက တခါတလေ ထိန်းမရဘူး...အရမ်းရိုင်းတာ..သူများကို ဒဏ်ရာရစေတာပေါ့...ဆေးဖိုးပေးရပေါင်းလဲမနည်းဘူး...။ဒါလဲ သူ့ကို အပြစ်မတင်ရက်ဘူး ဘာလို့လဲ ဆိုတော့ ကျနော် ကြောင့်ပဲပြောပါတော့...သူက ကျနော့်အသက် ၁၃ နှစ်လောက်ကတည်းက ခွဲမရတဲ့ အရမ်းချစ်တဲ့သူပေါ့.....မေမေကလဲ အဲ့ဒါကြောင့် စိတ်မချတာပေါ့။
...ဒါပေမဲ့ ဂရုမစိုက်ဘူး ကျနော်ကတော့..
ဒီလိုနဲ့ ထုံးစံအတိုင်း ကျတော်တို့၂ ယောက် သွားလာနေတာ ကြည့်မရတဲ့ လူတွေရှိတယ်..ဘယ်ကြည့်ရမလဲ ဗျ.။...မနက် အိပ်ယာထ လို့ မုန့်သွားစားလဲ အတူတူ ကျောင်းသွားလဲ အတူတူ ကျောင်းပြန်လဲ အတူတူ ...ကျူရှင်သွား ကျူရှင်ပြန်လဲ အတူတူပေါ့။..နောက်ဆုံး စာကျက်လို့မရရင်တောင် သူနဲ့ အတူ အပြင်လျှောက်သွားလိုက်မှ......။ဒီလိုနဲ့ နေလာတာ တနေ့ သူ အဆူးဆူးပါလေရော....သူ ဘယ်မှ မသွားနိုင်တော့ ကျနော်ပျင်းသလိုလို ဖြစ်လာတယ်...အပြင်သွားရမှာလဲ မပျော်တော့ဘူး...မနက်စာ ထွက်စားတော့ သူမပါတော့ စားမဝင်တော့ဘူး အိမ်မှာပဲ စားဖြစ်တော့တယ်။..ကျောင်းသွားလဲ မပါတော့ဘူး..သူငယ်ချင်းတချို့က ကျနော်ကို ဝိုင်းလောင်ပြောင်ကြတယ်။...အဖေက ပြောတယ် ပြန်ကောင်းသွားမှာပါတဲ့..မင်းက ဂရုမှ မစိုက်ပဲတဲ့...။သူပြန်ကောင်းလာတဲ့ တနေ့ သူ့ကို ကျနော် အရင်ကထက်ပိုဂရုစိုက်တတ်လာတယ် ဘာပဲပြောပြော ကျနော့်ဘဝမှာ သူမပါလို့မရမှန်းသိလာတယ်....။
ဒီနေ့ သူလိုက်ချင်မှာမဟုတ်ဘူး ဘာလို့လဲ ဆိုတော့ ကျနော် ချစ်သူ ကောင်မလေးနဲ့ တွေ့မယ်နေ့လေ..ဒါပေမဲ့ သူလိုက်လာပါတယ်...သူနဲ့ အတူတူ သွားခဲ့ပါတယ်ကောင်မလေးနဲ့ ကျနော် စကားပြောနေတဲ့ အချိန်မှာ သူက ဘေးမှ တွေတွေလေးရပ်လို့ ....
ကောင်မလေးက တောင်ပြောတယ် နင်နဲ့ သူ့ကို အမြဲတွေ့တယ်တဲ့...ကျနော်ကလဲ အင်း ဟုတ်တယ်လို့ သူမပါပဲ ဘယ်မှ ငါမသွားဘူးလို့...ဖြေလိုက်တယ်..သူ့ခေါင်းလေးကို သပ်ပြီးပေါ့....ကျနော်နဲ့ သူကို ချစ်သူက အပြစ်မမြင်ပါဘူး..ဘာလို့လဲ ဆိုတော့ သူက လူတိုင်းနဲ့ တည့်အောင်ပေါင်းနိုင်တယ်လေ....နောက်ပိုင်း ချစ်သူက သူမပါရင် မေးမေးလာတဲ့ အထိပါပဲ......ကျနော် စဉ်းစားတာက သူနဲ့ ဘယ်တော့မှ မခွဲဘူးပေါ့..ဒါပေမဲ့ သူကတော့ မပြောင်းလဲပါဘူး ပြောင်းလဲတာက ကျနော်။ အလုပ်ခွင်ဝင်ရတော့ သူ့ကို အရင်ကလို ဂရုမစိုက်နိုင်တော့ဘူး ။အပြင်ထွက်ခါနီး သူအသင့်မဖြစ်ရင် ကျနော် အရင်ကလို ပျော့ပျော့ပျောင်ပျောင်း မဆက်ဆံဖြစ်တော့ဘူး ။ သူလဲ အသက်ကြီးလှပြီမဟုတ်လား တဖြည်းဖြည်းနဲ့ သူ့ကိုကျနော် ပြစ်ထားမှိသို ဖြစ်သွားတယ်။ ကျနော်သတိရတဲ့ အချိန်မှာ သူ.....သူ......သူ.....ဘာမှ မလုပ်ပေးနိုင်တော့ဘူး.....နောက်ဆုံး .................................................................................အိမ်နောက်ဖေး စတို ခန်းထဲရောက်သွားတဲ့ ကျနော်စက်ဘီးလေး...သူပေါ့...........။

No comments:

Post a Comment