ဟုတ်ကဲ့ ...ဘာမှမရေးခင် အရင် ပြောချင်တာက နတ်မင်းထင်သော ဟု ပါသောကြောင့် ကျနော့်အယူအဆ ကို တင်ပြခြင်းသာဖြစ်ပါကြောင်းနှင့် သဘောထား ကွဲလွဲမှုရှိနိုင်ပါကြောင်း......
သက်ကြီးစကား သက်ငယ်ကြား ဆိုသလို အလုပ်မှ အပြန် ဖယ်ရီကားပေါ်မှ အသက် ၆၀ နီးပြီဖြစ်သော လူကြီးတယောက်နှင့် ကျနော် စကား လက်စုံကျသွားပါတယ်။ ဘာသာရေးအကြောင်း ၊ လူမှုရေး ၊ ပေါင်းသင်းဆက်ဆံရေး စသည်ဖြင့် ရောက်တတ်ရာရာ...။သို့သော် ထို လူကြီးမှာ ဘာကို သဘော မတွေ့လေသည်မသိ ...ကားပေါ်မှ ဆင်းခါနီး စကားတခွန်း ပြောလေ၏.....
အရမ်းတော်တဲ့ ခေါင်းဆောင်ဆိုတာ ငါတော်တယ် တတ်တယ် ငါမရှိမဖြစ်ဘူး ဆိုတာမရှိဘူး ငါမရှိလဲ ဖြစ်ရမယ် ဘယ်သူ့ကတော့ ငါ့နေရာကို တာဝန်ယူနိုင်တယ်..ဖြစ်နေရတယ် ဒါမှ ပါးနပ်တဲ့ ခေါင်းဆောင်လို့ခေါ်တယ်.....။..ကျနော်ဘာမှ ပြန်မပြောခဲ့ပါ......ဟုတ်ကဲ့ လို့သာ...ပြောခဲ့၏။သို့သော် တွေးမိသော အတွေးပေါင်းများစွာ....။
ငါတော်သည် ငါတတ်သည်ဟု ဆိုသူများသည် ခေါင်းဆောင်မဖြစ်နိုင်....အဘယ်ကြောင့်ဆိုသော် ထိုလူသည် ဘာမှ မတတ်သေးသဖြင့် ကိုယ့်ကိုကိုယ် ဟန်ကို့ဖို့ရန် ငါသိသည် ငါတတ်သည် ဟူသော အရေကိုခြုံထားသောကြောင့်ပင်..။နောက်တခုကတော့ ဘယ် ဆရာမှ ပညာ မပေးချင်တော့ပေ။ ထို့ကြောင့် ငါတော်သည် ငါတတ်သည် ဟူသော လူသည် ခေါင်းဆောင်မဖြစ်နိုင်ပေ။
ငါမရှိမဖြစ် ဆိုသော စကားလုံးကို အနည်းငယ် ခွဲစိတ်ကြည့်သော်.....အလုပ်ကို စိတ်ဝင်စားသူသည် အလုပ်အကြောင်း သိသူဖြစ်လေသည်။အလုပ်အကြောင်းအကုန်သိသောလူသည် အလိုလို ခေါင်းဆောင်ဖြစ်လာလေသည် ။ထို့အပြင် အလုပ်ထဲတွင် ထိုလူသည် မရှိမဖြစ် ဖြစ်လာတော့သည်။ တနည်း မည်သို့မျှ ပစ်ပယ် မရတော့လူ အလိုလို ဖြစ်လေသည်။ ထိုသို့ အလုပ်အကြောင်း စိတ်ဝင်စားသူနောက်သို့ အလုပ်အကြောင်း နည်းနည်း စိတ်ဝင်စားသူတို့ လိုက်ကြရ၏။ထိုအခါ အလုပ် စိတ်ဝင်စားသူသည် အလိုလို ခေါင်းဆောင်ဖြစ်လေပြီ။မည်သည့်နေရာမဆို second man (ဒုတိယ လူ) ထားသင့်သော်လဲ ပထမ လူလောက် မတတ်နိုင် မတော်နိုင်ချေ။ မရှိမဖြစ်ဆိုသောအရာသည် ခေါင်းဆောင်တဦး၏ မလိုချင်သော်လဲ အလိုလို ရောက်လာသော အရာဟု ထင်မှတ်ပါသည်။
ပါးနပ်သောခေါင်းဆောင်ဆိုသည်မှာ မည်သို့သောလူသည် မည်သည့်အလုပ်နှင့် သင့်တော်သည် မသင့်တော်သည်ကို ခွဲခြားစီမံနိုင်သူ...အောက်လက်ငယ်သားတို့အား စိတ်ဓါတ်ခွန်အားပေးနိုင်သူ...စနစ်တကျ အလုပ်လုပ်တတ်ပြီး စနစ်တကျ စီမံခန့်ခွဲတတ်သူ ဟု ထင်မြင်မိသည်။
လူပါးဆိုသည်မှာ အခြားသူထက် ကြိုတင်ချိန်ဆ လုပ်ဆောင်တတ်သူ ဟုယူဆသည်။လူနပ်ဆိုသည်မှာ အခြားလူထက်ကြိုတင်မှန်းဆ လုပ်ကိုင်တတ်သူ အပြင် မိမိအတွက် နာမည်ကျန်အောင် လုပ်ပြနိုင်သူဟု ယူဆမိသည်။
ကြိုတင်မှန်းဆသည့် အတတ်ပညာသည် ခေါင်းဆောင်တိုင်းရှိသင့်သည့် လက္ခဏာပင်.....မိမိကဲသို့ အရေအသွေးရှိသူ ရှိခဲ့ပါက မိမိ ညံ့နေပြီဟု မီးမောင်းထိုးပြသည့်နှယ်.......
ထို့ကြောင့် ထို့ကြောင့် မရှိမဖြစ်ဆိုသော အရာသည် ခေါင်းဆောင်တိုင်းတွင် မလိုချင်ပေမဲ့ ရှိနေသော အရာ တခုဟုသာ...................................................။.........................။

No comments:
Post a Comment