Wednesday, February 4, 2015

နောက်ဆုံးတော့လဲ ဒါပါပဲ.....

ကျနော် ၁၀တန်း တတ်တဲ့အချိန်ပေါ့..။သိကြတဲ့ အတိုင်း စာကလွဲရင် ကျန်တာ စိတ်ဝင်စားတဲ့အရွယ်..။ကွမ်းဆိုလဲ လာထား ဆေးလိပ်ဆိုလဲ လာထား ..လက်ဖက်ရည်ဆိုင် အတော်ကိုထိုင်တတ်နေပြီလေ..။စော်ကြောင်တယ်လို့ပဲ ခေတ်စကားနဲ့ ပြောတော့မယ်ပေါ့။ ဒီကြားထဲ ဂိမ်းဆိုင်တောင် ကျူရှင်ဆိုပြီ သွားတတ်နေပြီလေ။မုန့်ဖိုးက သုံးမလောက် ။ လက်ဖက်ရည်ဖိုး အပြင် ဂိမ်းဖိုး ဖွင်ကြောင်ဖိုး ဆိုတာတွေက ဘာထွက်သလဲ မမေးနဲ့။ သုံးမလောက်ပေါ့ဗျာ။ တခါဂိမ်းဆော့ရင် တနေကုန် အနဲလေး မကုန်ရင် ၃၀၀၀ ပဲ။ ဖွင်ကြောင်ရင် အနဲလေး ၅၀၀၀ လောက်မှ မပါရင် မဖြစ်..။မိဘတွေဘက်က ပြန်ကြည့်ရင်...
.ကျူရှင်ခ စာအုပ်ဖိုး ကျောင်းစရိတ် အဝတ်အစားဖိုး ကအစ မုန့်ဖိုး အဆုံး ထောင်းထောင်းကိုကျေရောပေါ့။ ဒါပေမဲ့ အဲ့တုန်းက မသိခဲ့ပါဘူး သုံးကောင်း ဖြုန်းကောင်းပေါ့..။မိဘတွေက ကျန်တာတွေတော့ ခွင့်လွတ်သဗျ။သို့သော် ရည်းစားထားတာကတော့ ခွင့်မလွတ်ဘူးဗျ။ ပညာရေး ဆုံးခန်းတိုင်စေချင်တဲ့ မိဘတွေရဲ့ စေတနာ ကို မိဘဖြစ်ခါနီးမှ သိ ဆိုသလို..။တနေ့ ရီးစားထားတာ သိသွားပါလေရောလား ။အဖေကတော့ အိမ်စီးပွားရေးကြောင့် လုံးလည်လိုက်နေတာပေါ့ ...သိတာက အမေ။ သားဖြစ်သူ ကျနော် ရီးစားထားတော့ အမေက တိုးတိုး တိတ်တိတ် ဆုံးမတယ်ဗျ။ ပညာကို ဆုံးအောင်သင် ကိုယ်နဲ့ လယ်ဗယ်တန်းပဲရတယ် ဘာညာပေါ့။ ကျနော်ကလဲ အတွန့်တတ်တယ်ပေါ့။ ကျနော်အမေက ပွင့်လင်းသူပါ...ဆုံးမတဲ့နေရာမှာလဲ ပွင့်လင်းသဗျ...ဘယ်လောက်ပွင့်လင်းလဲဆိုရင် ကျနော် တခါပြောဖူးတယ် အမေ မယားတောသူလို့...အမေက ရယ်ပြီး ပြန်ပြောတယ်ဗျ .....ဒီလိုသားရေ  တဲ့ ...တခါက မြို့သားတယောက်  သားပြောတဲ့ မယားတောသူဆိုတာ ရှာပုံတော်ဖွင့်သတဲ့ ..အဲတွေ့လဲ တွေ့သပေါ့..အဲမှာ မြို့သားက တောသူကို ငါတို့ မင်္ဂလာဆောင်ကျမယ်လို့ပြောသတဲ့ ..တောသူကလဲ မင်္ဂလာဆောင်တယ်ဆိုတာ ဘယ်လိုလဲ လို့ မေးတာပေါ့...မြို့သားက နောက်တော့ သိမှာပေါ့ ဆိုပြီး မင်္ဂလာဆောင်ကြသတဲ့...ညရောက်တော့ လင်မယာကိစ္စပြီးတော့ မြို့သားက ပြောသတဲ့ မင်္ဂလာဆောင်တယ်ဆိုတာ ဒါပဲလို့ ..အဲမှာတင်....တောသူက ဘာပြန်ပြောတယ် မှတ်လဲ ဟင် မင်္ဂလာဆောင်တယ်ဆိုလို့ ဘာကြီးလဲမှတ်တယ် ရွာက သာဂိနဲ့ နေသလိုပါပဲတဲ့....။ဒါက ကျနော်အမေရဲ့ ပွင့်လင်းမှုပေါ့။ ရီးစားထားတဲ့ကိစ္စမှာလဲ အမေက ဆုံးမပေမဲ့ မှန်တယ်လို့ ထင်ရင် ဇွတ်လုပ်တတ်တဲ့ ကျနော်ကို အမေက နောက်ဆုံး စကားတခွန်းပြောပြီး ပြန်ထွက်သွားတယ် ..အဲ့စကားက သားရယ် နောက်ဆုံးတော့လဲ ဒါပါပဲတဲ့..။ကျနော် တွေဝေသွားတယ်...အမေပြောခဲ့တဲ့ နောက်ဆုံးတော့လဲ ဒါပါပဲ ဆိုတဲ့ စကား ကျနော် အခုထိ အသုံးပြုနေဆဲ...အသုံးပြုခဲ့ ..အသုံးပြုလိုက်နာနေအုံးမှာပါပဲ..။နောက်ဆုံးတော့လဲ ဒါပါပဲ ဆိုတဲ့ စကားတခွန်းနဲ့ အရာရာ ကျနော် ဖြေသိမ့်နိုင်ခဲ့ပြီ..။ကျနော် ၁၀တန်းအောင်ခဲ့တယ်..။ကျနော်ဂိမ်းမနှိပ် ဖြစ်တော့ဘူး...ဘာလို့လဲ ဆိုရင် နောက်ဆုံးတော့လဲ ပိုက်ဆံကုန် အချိန်ကုန်တာပဲ ဘာမှ ဖြစ်မလာဘူး ဒါပါပဲ ဆိုတာ သိခဲ့လို့ပါ။ ဘွဲ့လေးတခု ရခဲ့တယ် ..အမေပြောသလို ကျနော် မိန်းမ ဘွဲလွန်ထိ ပညာတတ်ခဲ့တယ်။ ကျနော် အလုပ်တခုမှာ နေရာတခုနဲ့ ရပ်တည်နိုင်ခဲ့တယ်...ဒါပေမဲ့ လုပ်သလောက် မရဘူး ..အဲ့အချိန်ဆို အမေပြောတဲ့ နောက်ဆုံးတော့လဲ ဒါပါပဲ လို့ ပြန်စဉ်းစားမိတယ်။ ဖြေသိမ့်နိုင်လာတယ်။ အမေစကားကို တခါတလေတွေးမိတယ် နောက်ဆုံးတော့လဲ ဒါပါပဲ ဆိုတာ သေတဲ့အထိများ မှန်နေလားလို့ပါ။ ၆ပေ ၃ ပေ သစ်သားပုံးထဲရောက်ရင်လဲ ဒီစကားမှန်နေအုံးမှာပါ။ ကိလေသာ ကာမ အရ ကြည့်ရင်တောင် မှန်နေသေးတယ်။ မိန်းမရှိရဲ့သားနဲ့ ကျနော်နောက်တယောက် ဆီ စိတ်ယိုင်တဲ့ အခါမျိုးကျရင် အမေ့စကားလေး နားထဲက မထွက် ။ အဲ့ စကားကိုကြားတဲ့ အချိန်ကတည်းကစပြီး လူတွေအကုန်ဒါပါပဲလား...ဒီလိုပါပဲလား...လို့ စဉ်းစားမိတယ်။ အော်.......နောက်ဆုံးတော့လဲ..........ဒါပါပဲလေ။

No comments:

Post a Comment