Thursday, February 5, 2015

လူကို လူလို့သာ မြင်ပါစေ

  လူကို လူလို့ မြင်ပါ ဆိုတာ ရုတ်တရက် ဖတ်လိုက်ရင် တော်တော်ရိုင်းပါ့လား...တော်တော်မောက်မာပါလားလို့ မြင်စရာရှိနေပါတယ်။ သို့ပေမဲ့ မြန်မာ စကားကလဲ အခက်သားလားဗျ..။ပြောမတတ်တော့ ဆဲသလို အထိုင်မတတ်တော့ ဗြဲသလို ဆိုတာမျိုး။သို့ပေမဲ့ ဖွင့်ဆိုချက် ၂ မျိုး ၃ မျိုးမက ထွက်နေတဲ့ စာလုံးပေါင်း စကားလုံးတွေကလဲ အများသားဗျ...။စကားဆိုကတည်းက စတာနဲ့ ကားတတ်တဲ့ သဘောရှိနေလေတော့ ..ကျနော်ပြောတဲ့ အရာ ခပ်ရိုင်းရိုင်းပါလားလို့ ထင်ပေမပေါ့..။လောကမှာ ယောင်္ကျားရယ် ..မိန်းမရယ် လို့သာ
ခွဲခြားထားတာ တကယ်တန်းတော့ လူပဲ မဟုတ်လား။ ပညာဘယ်လောက်တတ်တတ် ..ရုပ်ဘယ်လောက်ချောချော..လူပဲလေ။ ငါဗိုလ်ချုပ် ..ငါ သမ္မတ လို့ ပြောနေပေမဲ့ လူပဲလေ။ မာနကြီးတဲ့လူ ..မောက်မာတဲ့လူ လဲ လူပဲ မဟုတ်လား ။ဒီလိုပဲ သူတောင်းစားလဲ...လူ ....ဆိုက်ကားနင်းတဲ့လူလဲ...လူ...ဆင်းရဲတဲ့လူလဲ ...လူ...ပဲလေ။ ကျနော် ခပ်ငယ်ငယ် တက္ကသိုလ်ကျောင်းသား ဘဝက စိတ်ကြီးဝင် မောက်မာခဲ့ဖူးတယ်ဗျ။ ကျနော်လဲ လောကီသားပေမို့ အမှားမကင်းနိုင်ခဲ့ပါဘူး ။ ၆ ပြစ်ကင်းတဲ့လူ ဘုရားမှ လွဲပြီး မရှိဘူးလို့ပဲ ယူဆပါရစေဗျာ။ တက္ကသိုလ်ကျောင်းသားဘဝ ဆိုတော့ကား ပိုက်ဆံမရှိတဲ့လူနဲ့ မပေါင်းချင်တာ သဘာဝလေ။ ပိုက်ဆံမရှိတဲ့ကျောင်းသားဆို အဖတ်မလုပ်ချင်ဘူးပေါ့။ ကျနော်လဲ ရှိသလားဆိုတော့ မချမ်းသာ သုံးနိုင်ဖြုန်းနိုင်လောက်ပဲပြောရမှာပဲ။ သူငယ်ချင်းတွေ စုပြီး ကျနော်အိမ်မှာ ပါတီ ခပ်သေးသေးလေး လုပ်တယ်ပေါ့။ အမှန်ပြောရရင် မုန့်စုစားတာပါပဲ..။အဲဒီမှာ ကျနော် စောစောက ပြောတဲ့ သူငယ်ချင်း ခပ်မွဲမွဲလေးပါ ပါလာပါရော။ အကုန်လုံးက သူ့ဆို ဟိုဟာလုပ်ခိုင်း ဒီဟာ လုပ်ခိုင်းပေါ့။ လူကလဲ ခပ်အေးအေး ဆိုတော့ ခိုင်းသမျှလုပ်ပေးရှာတယ် ..အကောင်းလဲ အပြောမခံရ..။ပါတီလေးပြီးတော့ ကျနော့်ကို အဖေက ခေါ်ပါတယ်။ ထိုင်ပါဦးသားရယ် စောစောက ဟိုကလေးကို မင်းတို့တော်တော်နိုင်တာပဲနော်တဲ့...။ကျနော်ကလဲ..ဟုတ်တယ် အဖေ ဒီကောင်က ငမွဲဗျ..လိုက်ကပ်စားနေတာ..ဟု ရယ်ပြီးပြောမိတယ်။ မရယ်တာကတော့ အဖေပေါ့။ ဒီမယ်...သား ..လူကို လူလို့မြင်တတ်ဖို့အရေးကြီးတယ်ကွ..။ကိုယ်ထက်သာနေရင်လဲ မနာလို မဖြစ်နဲ့ သူ့ကုသိုလ်ကံနဲ့ သူပဲလေ..အေး နိမ့်ကျနေရင်လဲ မလှောင်ရဘူးကွ..သူလဲ မင်းတို့လို နေချင်မှာပေါ့ကွ..ဘဝပေးမကောင်းတာကြောင့်..ဆင်းရဲရင်ဆင်းရဲမယ်ကွ...လူကို လူလို့ မြင်အောင်ကြည့်စမ်းပါ ငါ့သားရယ်....ဟု...။ အဖေ ပြောပြီးထွက်သွားပေမဲ့ ကျနော်ကတော့ အတွေးတွေ တသီကြီးနဲ့ကျန်ခဲ့ပါတယ်။ ဒါပေမဲ့ တုံးလှတဲ့ ကျနော်က ထ ထွက်သွားမယ်လုပ်တဲ့ အဖေကို ထပ်မေးမိပါတယ်..။ အေး ခပ်ရိုင်းရိုင်းပဲပြောမယ် ဘယ်ကောင်ပဲဖြစ်နေဖြစ်နေ အဝတ်အကုန်ချွတ်ပြီး မှန်ရှေ့ရပ်ရင် ငယ်ပါတော့ ပါတာပဲ ရေအိမ်တတ်ရင် ဖင်လှန်ရတာချည်းပဲဟေ့..တဲ့။ အဖေဆုံးမတဲ့ ခပ်ကြမ်းကြမ်းစကား သုံးကြည့်တော့ လူချစ်လူခင်ပေါလာတယ်။ အပေါင်းအသင်းမိတ်ဆွေပေါလာတယ်..။လူတွေရဲ့ အကြောင်း အတော်လေး သိလာရတယ်။ ကျနော် အပေါင်းအသင်း တွေထဲမှာ အသက် ၆၀ ကျော် ဘဘကြီးတွေအစ ၅ နှစ်သား တွေအပြင် ဆိုက်ကားသမား လုံခြုံရေး သန့်ရှင်းရေးအဆုံး ပေါင်းတတ်လာခဲ့တယ်။ အော်.....လောကကြီးမှာ လူကို လူလို မြင်တတ်ဖို့သာ...............။.......။

No comments:

Post a Comment