Thursday, January 29, 2015
ကျွတ်-မုန်း-ဝင် အယူမှား
စာပေ ဆိုသည်ကို ခွဲခြမ်းစိတ်ဖြာကြည့်ပါက စာနှင့် ပေ ဆိုပြီး ခွဲခြားနိုင်သည် မဟုတ်ပါလား။ စာ ကို ထပ်ပြီး ဖွင့်ဆိုလျှင် အက္ခရာ သင်္ကေကေတ အစု ...။လူမျိုးနွယ် တခု နားလည်နိုင်သော ဘာသာစကားတခုကို ထို လူမျိုးတို့ နားလည်သော သင်္ကေတဖြင့် ဖွင့်ဆိုခြင်း ....။အင်္ဂလိပ်လို (letter) ဖြစ်သည်။ ပေ ကို ထပ်ပြီး ဖွင့်ဆိုလျှင် ပေရွက်ဟု ဖွင့်ဆိုရပေမည်။ ယခင်ရှေးအခါက နုတ်ထက်က္ခရာ တင်ကြသည် ထိုနောက်....ထိုနောက်မှ.... မြန်မာတို့သည် ပေရွက်တို့ပေါ်တွင် ပေထက် အက္ခရာ တင်ခဲ့ကြလေသည်။ ပေရွက်တို့သည် ထိန်းသိမ်းရာတွင် ကြာရှည် မခံခြင်းတို့ကြောင့် ကျောက်ထက် အက္ခရာ ထိုနောက် ..ထိုနောက်...ယခု နောက်ဆုံး လျှပ်စစ် နည်းပညာခေတ် ကိုရောက်ရှိလာရာ PDF ဟု ခေါ်သော စာပေအဆင့်တို့ပင် ရောက်လာလေတော့သည် မဟုတ်ပါလား။
Wednesday, January 21, 2015
သစ္စာ ရှိတဲ့လူ (သို့) အတုယူဖွယ် အချစ်သူရဲကောင်း
စားသောက်ဆိုင်စားပွဲဝိုင်းတခုမှာ ယောက်ျားတယောက်နဲ့မိန်းကလေး တယောက် ထိုင်နေကြတယ်။…
မိန်းကလေးက ဝိုင်ခွက်ကို လှုပ်ကစားရင်းနဲ့ စကားစပြောလိုက်တယ်။
“ကျွန်မ ရှင့်ကိုကြိုက်တယ်”
“ငါမှာမိန်းမရှိတယ်လေ”
ယောကျာ်းက လက်မှာဝတ်ထားတဲ့လက်စွပ်ကို ပွတ်သပ်ရင်ပြန်ပြောလိုက်တယ်။
“ကျွန်မ ဒါတွေဂရုမစိုက်ဘူး။ ရှင့်စိတ်ကိုပဲကျွန်မသိချင်တယ်။
ရှင် ကျွန်မကိုကြိုက်လား”
Monday, January 19, 2015
ကြားဖူးသော အကြောင်းအရာလေး
ဖတ်သမျှ မှတ်သမျှတွေထဲမှာတော့ ကျနော် မှတ်မိနေတဲ့ အကြောင်းအရာလေး တခုကိုပြောပြပါ့မယ်။ဇာတ်လမ်းတို မဟုတ်တဲ့ စာစုလေးပေါ့...မူရင်း အရေးအသားအတိုင်း ကျနော် အတွေးနဲ့ ချပြပါရစေ.....
ကျမ ကို  အရမ်းခိုင်းတယ်ရှင့်။တခါတလေ ကျမ တညလုံး အလုပ်လုပ်ရတယ်။ကျမ ပင်ပန်းတာကိုသူမသိဘူး ဇွတ်ခိုင်းတာပဲ။ တခါတလေ ကျမ အဝေးကြီးကို ထွက်သွားချင်တယ် သူတို့နဲ့ ဝေးရာကိုပေါ့။ ဒါပေမဲ့ ကျမ ထွက်မရအောင် လုပ်ထားတယ်။ကျမဘဝကိုစဉ်းစားကြည့်လေ။ နေ့ဘက်ဆိုရင် နားရတယ် ။ဒါပေမဲ့ ညဘက်ဆို ကျမ အလုပ်လုပ်ရပြီ။
သူကြွယ်ကြီးနဲ့ မယားလေးယောက်
တစ်ခါတော့ အဖိုးအိုတစ်ဦးက သူ့မြေးတစ်ယောက်ကို ပုံပြင်တစ်ခုပြောပြပါသတဲ့။
တစ်ခါတုန်းက အရမ်းကို ချမ်းသာတဲ့ သူဌေးကြီးတစ်ဦးရှိတယ်။ ပြီးတော့ သူ့မှာ မိန်းမ လေးယောက်ယူထားတယ်။ လေးယောက်လုံးကလဲ တစ်အိမ်ထဲနေပြီးတော့
တစ်ယောက်နဲ့ တစ်ယောက်ကလဲ ချစ်ခင်ကြတယ်။
၎ ယောက်မြောက်မိန်းမကိုတော့ သူဌေးကြီးက အချစ်ဆုံးပဲ။ အဲ့မိန်းမကို ၀တ်ကောင်းစား
လှတွေ အချိန်တိုင်း ဆင်ပေးပြီးတော့
Saturday, January 17, 2015
ပြောင်းလဲမသွားသော...(၂)
နောက်နေ့မနက် စောစော ကျနော်ကြားလိုက်ရတာက ရေမလာတော့ဘူးဆိုတဲ့ သတင်းပါ။ လမ်းတွေလုပ်လို့ မလာတော့တဲ့ရေ အတွက် ကျနော်တို့ရေခပ်ကြဖို့ ဘုံပိုင်ခေါင်းလေးဆီကို သွားခပ်ရပါတော့တယ်။ တွေ့လိုက်ရတာကတော့ ရေတစက်စက်ကျနေတဲ့ ဘုံပိုင်ခေါင်းအဟောင်းလေး ရေတွေ ရွှံ့တွေလူးနေပြီး မြေပေါ်ကျနေတာပါ။
Thursday, January 15, 2015
ပြောင်းလဲမသွားသော......(၁)
ကျနော် မနက်ပိုင်း လမ်းမှာတွေ့နေကျ မြင်ကွင်းတွေပါ....
မနက်စောစော ရုံးသွားရင် ပထမဆုံးတွေ့ရတာက မသုံးတော့တဲ့ အများပိုင် ဘုံပိုင်ရေခေါင်းဟောင်းလေးက တစက်စက်ကျနေတဲ့ ရေစက်တွေ...ပြီးတော့ ခပ်လှမ်းလှမ်းမှာ လာသမျှလူတွေကို အမြီးလေး နှံပြပြီး အစာတောင်းနေတဲ့ လသားအရွယ် ခွေးပေါက်လေး....ပြီးတော့ ဈေးခြင်းတောင်းကြီးကိုစက်ဘီးကြီးနဲ့  နောက်မှာတင်ပြီး ရေမြောင်း
ကျယ်ကျယ်ဝါးတံတားလေးယိုင်တိုင်တိုင်ကို ကူးနေတဲ့ အဘိုးအိုတယောက်....လက်ဖက်ရည်ဆိုင်မှာ လာသမျှ မိန်းခလေးတွေကို နောက်ပြောင်နေတဲ့ လူငယ်တစု ....ရေတွေ ရွှံ့တွေနဲ့ ကားမှတ်တိုင်လေး....။
   ဒီမြင်ကွင်းတွေက မြင်နေကျ မြင်ကွင်းတွေပါ...
Sunday, January 11, 2015
ကျနော်နှင့် ၁၅ မိနစ်
ကျနော် အိပ်ယာထတော့ ၆ နာရီ ၄၅ ..........
ခိုငှက်တို့ညည်းတွားသံ...။အိမ်သူ ဟင်းချက်နေသော ဟင်းနံတို့နှင့် အတူ ကားလမ်းမနှင့် သိပ်မဝေးတဲ့ နေရာမို့ ကားသံတို့က တဝူးဝူး။ အိမ်ဘေးမှ အဘိုးအို၏ ဈေးထွက်ရန် ကျွတ်ကျွတ်အိပ်တို့နှင့် ပစ္စည်းထုတ်နေသော အသံ။ အိမ်ဘေးမှ ဖုန်းမြည်သော အသံ။ရေမော်တာမောင်းတင်နေသော အသံ နှင့် လမ်းသွားလူတို့၏နုတ်ဆက်နေသော အသံ။
၆ နာရီ ၄၈ .........
အိမ်သူမှ အသင့်ပြင်ပေးထားသော သွားတိုက်တံမှ သွားတိုက်ဆေးများ အရည်ပျော်နေပြီ။
Friday, January 9, 2015
နာရီတလုံးနှင့် လူ့အကြောင်း
ကျနော်အသက် ၆ နှစ်ပြည့်မှာ မေမေက နာရီကြည့်နည်း သင်ပေးပါတယ်။ဒီလိုသားရဲ့ လက်တံ အရွယ် ၃ မျိုး ကိုတွေ့တယ်မဟုတ်လား။ အေး လက်တံအရှည်ဆုံးက စက္ကန့်တံလို့ခေါ်တယ် သူကတော့ အလုပ်အများဆုံး ပေါ့...ဒါပေမဲ့ သူ့ကို ဘယ်သူမှ ဂရုမစိုက်ကြဘူးတဲ့.....သူမှ မလုပ်မလုပ်ရင် ကျန်တဲ့ လက်တံတွေပါ အလုပ်မလုပ်တော့ဘူးပေါ့တဲ့....ဒါဆို သူက အဓိကပေါ့နော်မေမေ..ဟု ကျနော် စောဒ တတ်မိတယ်....မဟုတ်ဘူး သားရဲ့ အချိန်ကိုပြောရင် စက္ကန့်ထည့်မပြောဘူး......ကျနော်က ထပ်မေးတယ်...မေမေ ပြောတော့ စက္ကန်တံက အလုပ်အများဆုံးဆို သူ့ကို ပါပြောရမှာပေါ့လို့ ..မေမေက ပြန်ပြောတယ်
ကျနော်၏ အရင်းနှီးဆုံးအရာ
မနက်မိုးလင်းတော့ သူက အသင့်ဖြစ်နေပြီလေ....အပြင်သွားမယ်ချည်း တကဲကဲ....
ကျနော် မတားပါဘူး ..ဘာလို့လဲ ဆိုတော့ သူနဲ့က မနက်တိုင်းသွားနေကျလေ.......။
သူနဲ့ အတူသွားမယ်လုပ်တော့ အမေက လှမ်းသတိပေးတယ်..သတိထားအုံးတဲ့...။
ဟုတ်လဲ ဟုတ်တာပဲလေ ...သူက တခါတလေ ထိန်းမရဘူး...အရမ်းရိုင်းတာ..သူများကို ဒဏ်ရာရစေတာပေါ့...ဆေးဖိုးပေးရပေါင်းလဲမနည်းဘူး...။ဒါလဲ သူ့ကို အပြစ်မတင်ရက်ဘူး ဘာလို့လဲ ဆိုတော့ ကျနော် ကြောင့်ပဲပြောပါတော့...သူက ကျနော့်အသက် ၁၃ နှစ်လောက်ကတည်းက ခွဲမရတဲ့ အရမ်းချစ်တဲ့သူပေါ့.....မေမေကလဲ အဲ့ဒါကြောင့် စိတ်မချတာပေါ့။
Thursday, January 8, 2015
တန်ဖိုး
၁ နှစ်ရဲ့တန်ဖိုးကို စာမေးပွဲကျတဲ့ကျောင်းသား/သူအချို.သိပါမည်။
၁ လရဲ့တန်ဖိုးကို လခစားဝန်ထမ်း အချို.သိပါမည်။
၁ပတ်ရဲ့တန်ဖိုးကို ဂျာနယ်အယ်ဒီတာ အချို.သိပါမည်။
၁ရက်ရဲ့တန်ဖိုးကို ကလေး၅ယောက်ရှိတဲ့နေ့စားအလုပ်သမား အချို.သိပါမည်။
၁နာရီရဲ့ တန်ဖိုးကို ကွဲကွာနေတဲ့ချစ်သူအချို.သိပါမည်။
၁မိနစ်ရဲ့တန်ဖိုးကို ရထားနောက်ကျတဲ့လူအချို.သိပါမည်။
၁စက္တန့်ရဲ့တန်ဖိုးကို စာမေးပွဲဖြေနေတဲ့ကျောင်းသားအချို.သိပါမည်။
၁မီလီစက္တန့်ရဲ့တန်ဖိုးကို အိုလံပစ်ငွေတံဆိပ်ဆုရှင်အချို.သိပါမည်။
zinlat
အချစ်တက္ကသိုလ်...စိုင်းရွှေတိုး
ချစ်သ.ူလက်ကိုင်နည်းများ
ကိုယ့် ချစ်သူရဲ့ အေးစက်နေတဲ့ ..လက်ကလေးတွေကို ကိုင်ပြီး..အားပေးဖူးမှာပါ...။လက်ကလေးတွေကိုကိုင်ပြီး.အားပေးတာဟာ ချစ်သူရည်းစားတွေမှာမှ မဟုတ်ပါဘူး
ဟာ..တခြားအသားထိတွေ့ မှု တွေထက် အဆတရာမက သာတဲ့ ..သဘောကို ဆောင်ပါတယ် .။လက်ကနေတဆင့် ..ချစ်သူ ရဲ့ နှလုံးသားဆီကို... ခွန်အားတွေ..ချစ်ခြင်းမေတ္တာတွေ..စီးဆင်းစေတဲ့..သဘောပေါ့ ..တစ်ယောက်လက်ကို တယောက် ဘယ်လို အဓိပါယ်အရှိဆုံးကိုင်ကြမလဲ ဆိုတာ....
အမျိုးသားတွေဟာ ကိုယ့်ချစ်သူကောင်မလေး ဒီလိုပြုမူပြောဆိုတဲ့အခါ သ၀န်တိုတတ်ကြတာ
မိန်းကလေးတွေကျ သဝန်တိုတယ်တဲ့ ယောင်္ကျားလေးတွေကျ မှ သဝင်ကြောင်တယ်ဖြစ်တယ်ပေါ့...တခါတလေကျတော့ ယောင်္ကျာလေးများက ချစ်လို့မပြောပေမဲ့ ဒီအမူအရာတွေလုပ်ရင်တော့ ရင်နှစ်အောင် ခံစားရတယ်လေ...
ကိုယ့်ချစ်သူနဲ့ ဘယ်လောက်ပဲ အဆင်ပြေနေပါစေ၊ တစ်ခါတစ်ရံ ကိုယ့်ချစ်သူကောင်မလေး လုပ်လိုက်တဲ့ အပြုအမူတစ်ချို့က မထင်မှတ်ပဲဖြစ်စေ၊ တမင်သက်သက် ဖြစ်စေ တစ်ခြား ကောင်လေးတွေနဲ့ ကိုယ်နဲ့ ပြသနာတက်သွားနိုင် လောက်တဲ့အထိကို ဖြစ်စေနိုင်ပါတယ်။ ဒါဟာ ဘယ်လိုအရာမျိုးတွေများလဲ။
ရေနွေးထဲ သံပရာရည် ထည့်သောက်ခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေး အကျိုးကျေးဇူးများ
ရေနွေးထဲကို သံပရာသီးတစ်လုံး ညှစ်ထည့်ပြီး သောက်သုံးခြင်းသည် ကျန်းမာရေးအကျိုးကျေးဇူးများ ရှိကြောင်း သိရှိထားကြပြီဖြစ်သည်။ ကျန်းမာရေးအကျိုးကျေးဇူးရှိစေသော အကြောင်းရင်းများကို ဖော်ပြပေးလိုက်ပါသည်။
အစာချေဖျက်မှုကို ကူညီပေးသည်
နံနက်စောစော အစာမစားမီ သံပရာသီးညှစ်ထည့်ထားသည့် ရေနွေးတစ်ခွက်သောက်သုံးခြင်းက အစာအိမ်အူလမ်းကြောင်းကို နှိုးဆွပေးသည်။
အမျိုးသမီးအတွက် နေ့စဉ် စားသုံး ပေးသင့်သော အစားအစာ ငါးမျိုး
အမျိုးသမီးများ အတွက် ဆီးသီး ဖျော်ရည်ဟာ ၎င်းတို့ရဲ့ ဆီးလမ်းကြောင်း ရောဂါများကို သက်သာစေတယ်လို့ သိလာပြီးတဲ့နောက်မှာ အမျိုးသမီးများ အတွက် နေ့စဉ် စားသုံးသင့်သော
အစားအစာ ငါးမျိုးကို ဖော်ပြလိုက်ရပါတယ်။
(၁) သင်္ဘောသီး
လိမ္မော်သီး တစ်လုံးမှာ ပါတဲ့ ဗီတာမင်စီဓာတ်ထက် သင်္ဘောသီးမှာ ပါတဲ့ ဗီတာမင်စီက နှစ်ဆပိုများ ပါတယ်။ ကျောက်ကပ်ရောဂါ အတွက် ကောင်းမွန်တယ်။ အမေရိကန် ဆန်ဖရန်စစ္စကို တက္ကသိုလ် သိပ္ပံပညာရှင်များက
Tuesday, January 6, 2015
အိမ်ထောင်ရှိအမျိုးသမီးတစ်ဦးဖြစ်ရခြင်း၏ အကျိုးကျေးဇူးများ
ဒီနေ့ခေတ်မှာ အမျိုးသမီးတစ်ဦးကို လက်ထပ်ဖို့ အတွက် အိမ်တွင်းမှု ကျွမ်းကျင်နိုင်နင်းမှဆိုတဲ့ ခေတ်နောက်ပြန်ဆွဲတဲ့ အယူဆတွေ မရှိတော့ပါဘူး။ ဒီနေ့ခေတ် အမျိုးသားတွေအနေနဲ့ အမျိုးသမီးတွေကို အိမ်တွင်းမှု တစ်ခု လုပ်တတ်ရုံ အမျိုးသမီးတွေကိုဘဲ ရှာဖွေနေကြတာမျိုး မဟုတ်တော့ပါဘူး။ ခုခေတ်မိန်းကလေးတွေကတော့ သူတို့တတ်နိုင်တဲ့ ဘက်ကနေ အလုပ်လုပ်ကြရင်း အိမ်ထောင်တာဝန်တွေကို ထမ်းဆောင်နေကြပါပြီ။
အဲဒီလိုပဲတစ်ဦးနဲ့တစ်ဦးပေါင်းသင်းနေထိုင်ကြတယ်ဆိုတာကအမှီသဟဲအပေါင်းအဖော်ပြုဖို့၊
Monday, January 5, 2015
ဆရာကြီးဖြစ်အောင် (သို့) ကျောင်းဆရာမကို ချစ်သူအဖြစ် ရွေးသင့်တဲ့ အချက်များ
ကျောင်းဆရာ(မ)နဲ့သင်ချစ်သူဖြစ်ရလို့ သင်ခံစားနိုင်မယ့်အကျိုးကျေးဇူးတွေကတော့
၁။သူတို့တွေကအပြန်အလှန်စကားပြောတဲ့နေရာမှာအနှိုင်းမဲ့ပါပဲ။ကွဲပြားတဲ့မိသားစုကလာတဲ့
 ကျောင်းသားတွေကို ဆက်ဆံရတာမို့လို့ အပြောအဆိုကတော့ သူတို့ပိုင်ပြီးသားပဲ။
၂။ မိဘတွေကို ဆွဲဆောင်နိုင်စွမ်းသူတို့မှာ ရှိပါတယ်။ မိဘတွေနဲ့ညနေစာအတူစားဖို့ သူတို့အတွက် အခက်အခဲမရှိနိုင်ပါဘူး။
Sunday, January 4, 2015
သန့်ရှင်းမှုကပြောတဲ့ အချစ်ရဲ့အကြောင်း
(၁)ဆံပင်နဲ့မျက်နှာကို သေသေချာချာ အလေးထားပြီး သန့်စင်တဲ့သူ
သူကတော့အချစ်ရေးမှာကိုယ်ချစ်တဲ့သူကို နောက်ကွယ်မှာပဲကြိတ်ချစ်နေရတဲ့သူဖြစ်လိမ့်မယ်။သူရဲ့
စိတ်လေးကိုက သူတပါးဒုက္ခမရောက်အောင်၊ ကူညီချင်တဲ့စိတ်က အပြည့်ရှိပါတယ်။
ကူညီချင်တဲ့စိတ်ကြောင့် ငွေရေးကြေးရေးအတွက် အသုံးချခံရတက်ပါ
တယ်။အဲဒီလို မဖြစ်ရအောင် ပတ်ဝန်းကျင်က သတိပေးစကားကို နားထောင်သင့်ပါတယ်။
နတ်လဲကြောက်တတ်တယ်
တခါတုန်းက လူတ‍ယောက်က အန္တရာယ်ကင်းတယ် အစွမ်းထက်တယ်ဆိုတဲ့ နတ်ရုပ်က‍လေးကို လည်ပင်းမှာ ဆွဲထားတာ‍ပေါ့
ဒါ‍ပေမယ့် တ‍နေ့မှာ သူဟာ ဆိုင်ကယ်‍မှောက်ပီး ‍သေဆုံးသွားတယ်
သူ‍သေသွားပီး ၀ိဥာည်ဘ၀မှာအဲဒီနတ်နဲ့သွား‍တွေ့တယ်
Saturday, January 3, 2015
ဘာကြောင့် ချစ်ကြ တာလဲ
သဘာဝ တရား အရ ယောက်ျားတွေဟာ ကိုယ် နဲ့ သွေးမတော် သားမစပ် တဲ့ အမျိုးသမီးတွေ နဲ့ ချစ်ကျွမ်းဝင်ကြ ပါတယ်။ တချို့ စုံတွဲတွေ က ရုပ်ရည် အ သွင်အပြင်၊ ၀ါသနာ၊ စိတ်ဓာတ် စတာ တွေမှာ တူညီ တတ်ကြ ပေမယ့် တချို့စုံတွဲတွေ ကတော့ လားလားမှ မတူဘဲ ကွဲပြား ခြားနား နေတတ် ပါတယ်။ ဒါပေမဲ့ အသွင် စရိုက်တွေ မတူတဲ့ စုံတွဲတွေဟာလည်း အသွင်စရိုက် တူတဲ့ စုံတွဲတွေ လိုပဲ အိမ်ထောင်ရေးမှာ အဆင်ပြေ နေတတ် ပါတယ်။
အချစ်မြေပုံ
ဘ၀အဖော်ကို ရွေးချယ်တာ နဲ့ ပတ်သက်ပြီး ပြောနိုင်တဲ့ အချက် တစ်ခု ကတော့
Friday, January 2, 2015
တကယ်မချစ်လို့မဟုတ်ပါ
ဖြစ်စဉ် (၁)
နင့်ကို ငါပြောတယ် "ငါ ဒီနေ့လှေကားပေါ် တံမြက်စည်းလှဲတာ..
ပြုတ်ကျခါနီးလေးပဲ"
"အိုး.. သတိထားမှပေါ့ မိန်းမရယ်" လို့ နင့်ဆီကနှစ်သိမ့်တာကို ငါမျှော်လင့်ခဲ့ပေမယ့်
"နင် ဖြည်းဖြည်းမလှဲတတ်ဘူးလား" ဆိုတဲ့အဖြေကိုပဲ ငါရခဲ့တယ်။
Thursday, January 1, 2015
နှုတ်ခမ်းသားမည်းညစ်ခြင်း ကင်းဝေးရအောင်
နှုတ်ခမ်းတစ်စုံရဲ့ လှပမှုဟာ အမျိုးသမီးတွေအတွက် မရှိမဖြစ်ပါ။ဒါကြောင့်လည်း အမျိုးသမီးတိုင်းလို
လိုမှာ အနဲဆုံး နှုတ်ခမ်းဆိုး ဆေးအရောင် ၃-မျိုးလောက်ရှိတတ်ကြပြီး၊ အပြင်သွားခါနီးတိုင်း မိမိဝတ်ဆင်မယ့် အ၀တ်အစားအရောင်နဲ့  အနီစပ်ဆုံး နှုတ်ခမ်း နီဗူးလေးကို ထုတ်ဆိုးလေ့ရှိကြပါတယ်။
ဘယ်လိုပင် နှုတ်ခမ်းဆိုးဆေး အကူအညီသုံးပြီး လှပနေပါစေ မိမိရဲ့ နှုတ်ခမ်းသား
အရောင်ကို ပန်းဆီရောင်လေးသဖွယ် သဘာဝအတိုင်းလှနေချင်တာ မိန်းကလေး တိုင်းရဲ့ ဆန္ဒပါ။
အမျိုးသားတွေလဲ ထို့ အတူပါဘဲ နှုတ်ခမ်းမည်းမည်းကြီး မဖြစ်ချင်ကြပါဘူး။
အချို့  အမျိုးသား/အမျိုးသမီးတွေမှာ အရွယ်မတိုင်မီ နှုတ်ခမ်းသားတွေ မည်းလာ
တစောင်းလက်ပတ်နဲ့ ကျန်မာရေး
တစောင်းလက်ပတ်၏ စွမ်းရည် 
တစောင်းလက်ပတ်သည် ချဉ်ဆီကို တိုးပွားစေသည်။ အဆိပ်ကို ပယ်၏။ အရေပြားအနာကို ပျောက်စေသည်။ ဆီးသက်စေ၏။ ကိုယ်အရေပြားရောဂါကို ကာကွယ်စေသည်။ ဦးနှောက်ပူခြင်းကို အေးစေနိုင်သည်.။ ရေယုန်နာ ယားနာတို့ကို ပျောက်စေနိုင်သည်။ မျက်စိရောဂါ အမျိုးမျိုးကိုလည်းပျောက်စေသည်။ အနာကိုကျက်စေသည်။ သွေးထွက်ခြင်းကို အမြန်တိတ်စေသည်။ ဆီးပူ၊ဆီးအောင့်ခြင်းကို ပျောက်စေသည်။ မီးယက်ရောဂါကို အကျိုးပြု သည်။ နားနာ နားကိုက်ခြင်းကို ပျောက်စေသည်။ အဖုအကြိတ်များကို ပျောက်စေသည်။
တစောင်းလက်ပတ်နှင့် မိမိခန္ဓာကိုယ် သန့်စင်စေရန်လှပစေရန် အောက်ပါအတိုင်း အသုံးပြုနိုင်ပါသည်။
တစောင်းဘက်ပတ် အနှစ်ကို လက်ချားအနည်းငယ်ထည့်ပြိး
တင်းတိတ် နှင့် အမည်း စက် ကင်းစင် စေဖို့
တင်းတိတ် နှင့် အမည်း စက် ကင်းစင် စေဖို့ အိမ်တွင်း မှာ ရှိတဲ့ သံပရာသီး ရယ် ပျားရည်ရယ် ရှိရုံ နဲ့ လုံလောက် ပါတယ်။ သံပရာသီး ကို ထပ်ခြမ်း ခွဲပြီး ပျားရည် သုံးလေး စက်ခန့် ထည့်ပါ။ 
သံပရာရည် နဲ့ ဆိုလည်း ဖြစ်ပါတယ်။သံပရာ သီး ခြမ်းနဲ့ ပျားရည် ထည့်ပြီး ရင် မျက်နှာပြင် တစ်ဝိုက် ပွတ် တိုက် ပေးပါ။ အဖုအပိမ့် နဲ့ ၀က်ခြံ အမည်း စက် ရှိတဲ့ နေရာ တွေ ကို ထပ်ခါ ထပ်ခါ တိုက်ပေးပါ။
 အဲဒါ ပြီးရင် ငါးမိနစ် လောက် ထားပါ။ ပြီးတော့ ရေအေးအေး လေးနဲ့ မျက်နှာ သစ် လိုက်ပါ။
 ချက်ချင်း လိုပဲ အကျိုးထူး လာတာ ကို တွေ့ရ ပါလိမ့်မယ်။ သံပရာသီး ဟာ မျက်နှာပြင် ပေါ်ရှိ အမည်းစက် တွေ ကို မှေးမှိန် သွားစေတဲ့ သတ္တိ ရှိပြီး ပျားရည် ကတော့ မျက်နှာ မှာ ရှိတဲ့ အစိုဓါတ် ကို ထိန်းထား ပေးမှာ ဖြစ်ပါ တယ် ။
Cosmetics Myanmar
ဒီသတင်းကို သင် အလေးထား ဂရုစိုက်သူ တွေဆီကို လက်ဆင့်ကမ်းပေးပါ။
အမျိုးသမီး တစ်ဦးက ဓာတ်ဆီဆိုင်မှာ ဓာတ်ဆီ ဖြည့်နေတုန်း သပ်သပ်ရပ်ရပ် ၀တ်စား ထားတဲ့ ယောက်ျား တစ်ဦးက သူ့ကိုယ် သူ ကုမ္ပဏီ အရောင်းကိုယ်စားလှယ် အဖြစ်နဲ့ သူမကို ရည်ရည်မွန်မွန် မိတ်ဆက်ရင်း ပစ္စည်း ၀ယ်ဖို့ လိုအပ် ရင် ဆက်သွယ်ဖို့ လိပ်စာကဒ်ကို ပေးခဲ့တယ်။ သူမကလဲ သဘောရိုးနဲ့ လို့ ထင်မှတ်ပြီး ယဉ်ကျေးမှု အနေနဲ့ လိပ်စာကဒ်ကို လက်ခံပြီး ကားပေါ် ပြန်တက်လို့ မောင်းထွက် ခဲ့တယ်။ အဲဒီ အချိန်မှာပဲ အဲဒီ ယောက်ျားဟာ တခြား လူရည်သန့် ယောက်ျား တစ်ဦး မောင်းတဲ့ ကားပေါ် တက်သွား ခဲ့တယ်။
ဓာတ်ဆီဆိုင်ထဲကနေ ကားမောင်း ထွက်လာတဲ့ သူမဟာ သူမရဲ့ ကားနောက်ကနေ စောစောက ယောက်ျားက တချိန်တည်းမှာပဲ နောက်ယောင်ခံ ကားမောင်းလိုက်လာတာကို
စိန်နဲ့ သံပုရာ ရောသောက်ရင် သေတယ်
အရပ်ထဲမှာ အပြောများတဲ့ စိန်နဲ့ သံပုရာ ရောသောက်ရင် သေတယ်ဆိုတာမျိုးပေါ့။ သံပုရာ သောက်သောက် မသောက်သောက် စိန်သောက်ရင် သေမှာပါပဲ။ ဥပမာ ဆောင်ရရင် အီရတ်မှာ ခွဲတဲ့ တန်ဝက်ဗုံးတို့ တစ်တန်ဗုံးတို့ ခွဲတဲ့အခိုက် အဲသည်အနားမှာ စွပ်ကျယ်လက်ပြတ်ကလေးနဲ့ ရောက်သွားရင် သေမယ်လို့ ပြောသလိုပါပဲ။ စွပ်ကျယ်ပဲဝတ်ဝတ်၊ အနွေးထည်ပဲဝတ်ဝတ်၊ ကိုယ်တုံးလုံးပဲနေနေ၊ ယုတ်စွအဆုံး ကျည်ကာအ၀တ်ကြီး ၀တ်ထားရင်တောင် ဗုံးက သိပ်ကြီးတော့ သေမှာပါပဲ။
သေချာတာ တစ်ခုကတော့
စာအိတ်တံဆိပ်ခေါင်း ကပ်ရင် ဘယ်လိုကပ်သလဲ စာအိတ်များ နှင့် တံဆိပ်ခေါင်းများ....
ကယ်လီဖိုးနီးယား ပြည်နယ်ရှိ စာအိတ်လုပ် စက်ရုံတစ်ရုံတွင် အမျိုးသမီး တစ်ဦး အလုပ်လုပ်ခဲ့ဖူးလေသည်။ တစ်နေ့ တွင် စာအိတ်တစ်အိတ်ကို လျာ ဖြင့်လျက်ပြီး တံဆိပ်ခေါင်း ကပ်ပေးလိုက်မိသည်၊ ရေမြုပ် ကိုမသုံးလိုက်မိ။ ၄င်းနေ့တွင်းချင်းပင် သူမ၏လျှာတွင် ကွဲကြောင်း လေးကို သတိပြုမိ၏။
တစ်ပါတ်လောက် ကြာသော အခါ လျှာမှာ အတော်လေး ရောင်ရမ်းနေလေပြီ။ ဆရာဝန်ဆီ သွားပြကြည့်သော်လည်း ဆရာဝန်က ဘာမျှမဖြစ်ဟုဆိုကာ ပြန်လွှတ်လိုက်လေ၏။ သူမ၏လျှာမှာ လျှာနာလည်းမဟုတ် မည်သည့်ရောဂါ အမျိုးအစားထဲတွင်မှ
မပါဘဲဖြစ်နေလေသည်။နှစ်ရက်လောက်ကြာသည်တွင် လျှာမှာထပ်ပြီး ရောင်ရမ်းလာလေ ရာ အလွန်နာကျင်သည့်အလျောက် ထမင်းပင် မစားနိုင်အောင်ဖြစ်လာလေ၏။ ဆေးရုံကို နောက် တစ်ခေါက်သွားပြီး
တစ်ခုခုတော့လုပ်ပေးပါအုံး ဆရာရယ်....ဒီမှာနာလို့ သေတော့မယ် ဆိုပြီးတော့ အတင်းအကျပ်တောင်းဆိုရတော့သည်။သူ့ လျှာကို ဆရာဝန်က ဌ-မပေ ရိုက်ကြည့်သော အခါ လျှာအသားထဲတွင် အလုံးကြီး တစ်လုံး ရှိနေသည်ကိုတွေ့ ရသည်။ minor surgery (ဘယ်လို ပြန်ရမည်ကို မသိပါ....အသေးစား ခွဲ စိတ်မှု ဟုအနီးစပ်ဆုံး ပြန်နိုင်ပါသည်