စာပေ ဆိုသည်ကို ခွဲခြမ်းစိတ်ဖြာကြည့်ပါက စာနှင့် ပေ ဆိုပြီး ခွဲခြားနိုင်သည် မဟုတ်ပါလား။ စာ ကို ထပ်ပြီး ဖွင့်ဆိုလျှင် အက္ခရာ သင်္ကေကေတ အစု ...။လူမျိုးနွယ် တခု နားလည်နိုင်သော ဘာသာစကားတခုကို ထို လူမျိုးတို့ နားလည်သော သင်္ကေတဖြင့် ဖွင့်ဆိုခြင်း ....။အင်္ဂလိပ်လို (letter) ဖြစ်သည်။ ပေ ကို ထပ်ပြီး ဖွင့်ဆိုလျှင် ပေရွက်ဟု ဖွင့်ဆိုရပေမည်။ ယခင်ရှေးအခါက နုတ်ထက်က္ခရာ တင်ကြသည် ထိုနောက်....ထိုနောက်မှ.... မြန်မာတို့သည် ပေရွက်တို့ပေါ်တွင် ပေထက် အက္ခရာ တင်ခဲ့ကြလေသည်။ ပေရွက်တို့သည် ထိန်းသိမ်းရာတွင် ကြာရှည် မခံခြင်းတို့ကြောင့် ကျောက်ထက် အက္ခရာ ထိုနောက် ..ထိုနောက်...ယခု နောက်ဆုံး လျှပ်စစ် နည်းပညာခေတ် ကိုရောက်ရှိလာရာ PDF ဟု ခေါ်သော စာပေအဆင့်တို့ပင် ရောက်လာလေတော့သည် မဟုတ်ပါလား။
စာပေ၏ ကောင်းသော အချင်းအရာများကို ဆန်းစစ်ကြည့်သော်....လွန်ခဲ့သော နှစ်ပေါင်း ၁၃၇၅ နှစ် အလွန်က ဘုရားရှင်၏ နုတ်တော်ထွက်များ စာပေတွင်တွေ့နိုင်သေးသည်။ ခရစ်တော် ၊မိုဟာမတ် အပြင် အေဒီ အစောပိုင်းမှ ဟိန္ဒူ ဘာသာ ၏ အကြောင်းအ၇ာ အချို့ပင် လေ့လာနိုင်လေသည်။ မည်သည့် စာပေမဆို အကောင်းချည်းမဟုတ် လောကတွင် ဆန့်ကျင်ဘက်များ ရှိသည့် နိယာမ အတိုင်း ညစ်ညမ်းစာပေ များကလဲ အပြိုင်အဆိုင်ဆိုသလို ....။
ဆေးပညာစာအုပ်များ ထွက်လာသော အခါ ဆေးပညာ အမြင်မှ လိင်ပိုင်းဆိုင်ရာ ဘက်သို့ အသွင်းပြောင်းသူပြောင်း ....အတတ်ပညာစာအုပ် များ ထွက်လာသော အခါ စစ်ဘက်ဆိုင်ရာဘက်သို့ အသုံးချသူချ.....ဘာသာရေး စာအုပ်များထွက်လာသောအခါ အမျိုးမျိုး အယူအဆတို့ ငြင်းသူကငြင်း...။ဆေးပညာ အတတ်ပညာ ဘာသာရေး ...စသည့် အမျိုးမျိုး ဘောင်ခတ်သော်လဲ ရသ စာပေအမည်တပ် ခံရခက်သည့် စာပေကလဲ တပုံတပင် ။ကျနော် ဖတ်ဖူးတဲ့ ရသစာပေအကြောင်း ကြော်ငြာဝင်ပါရစေ။ စာရေးသူကိုတော့ မသိတော့ သို့ပေမဲ့ အကြောင်းအရာ မက်စေ့ သည်ကား ခုထိ ထုတ်မရ။အခန်းထဲမှ ထိုင်ပြီး ကြည့်နေသော မောင်နှမ ၂ ဦး မြင်ခဲ့တဲ့ အဖေနဲ့ အမေ အကြောင်းလေးရေးထားတာပါ။ အဖေပြန်လာချိန်မှာ စက်ဆီနံ့ရတယ် ..ပြီးတော့ အမေ့အားခေါ်သံ ...အကျီ င်္ ချွတ်ပေးနေတဲ့ အရိပ်..ပြီးတော့ ရေချိုးခန်းထဲ အဖေဝင်သွား....ရေချိုးသံ နှင့် ဆပ်ပြာ အနံ့ ခပ်သင်းသင်း...။ထိုအချိန် အမေ ထမင်းပွဲပြင်သံ ...ဟင်းနံတို့က တသင်းသင်း။ တငြိမ့်ငြမ့်လေးထွက်လာတဲ့ ကတ်ဆက်ကအသံ....။အဖေ ရေချိုးပြီး အမေက အကျီ င်္ ဝတ်ပေးရင်း တွဲကနေတဲ့ မြင်ကွင်း.....ဒါ သူတို့မောင်နှမ ၂ ယောက် အမြဲမြင်နေကျ မြင်ကွင်းပါတဲ့။
ဒီလို စာမျိုးကျတော့လဲ ကြည်နူးဖွယ်အတိ......။မဟာဆွေ ရေးတဲ့ စစ်ထွက်သူ စာအုပ် ဖတ်ပြန်တော့ ၁၀ နှစ် အရွယ် ကလေးမ ကိုနှစ်သက် လိုက်ရှာတွေ့တော့ ရေချိုးဆိပ်....ဒီလိုဒီလို တမျိုး အချစ်ဆန်း....မြန်မာရာဇာ ကျပြီး ရုမ်းရာဇာတတ် သံဃာကို ခုတုံးလုပ် သတ်လိုက်တာက သံဃာ ၂သောင်းကျော်.....ဖတ်သူပါ ဒေါသ ချောင်းချောင်းထလောက်တဲ့ အရေး....တွေးမိတာက တချိန်က မြန်မာပြည်။ထိုသို ထို သို့သော စာပေများ .....သို့ပေမဲ့ စာပေကို လိုရာ သုံးစွဲကြသူများကတော့ ကျွတ်-မုန်း-ဝင် အယူမှား တလွဲဆံပင် ကောင်းလုပ်ကြပါတော့တယ်....

No comments:
Post a Comment