နောက်နေ့မနက် စောစော ကျနော်ကြားလိုက်ရတာက ရေမလာတော့ဘူးဆိုတဲ့ သတင်းပါ။ လမ်းတွေလုပ်လို့ မလာတော့တဲ့ရေ အတွက် ကျနော်တို့ရေခပ်ကြဖို့ ဘုံပိုင်ခေါင်းလေးဆီကို သွားခပ်ရပါတော့တယ်။ တွေ့လိုက်ရတာကတော့ ရေတစက်စက်ကျနေတဲ့ ဘုံပိုင်ခေါင်းအဟောင်းလေး ရေတွေ ရွှံ့တွေလူးနေပြီး မြေပေါ်ကျနေတာပါ။
ဘယ်သူဖြုတ်လိုက်တယ်ဆိုတာတော့ ဖြုတ်တဲ့လူကလွဲရင် မသိနိုင်ပါဘူး ။ရေပုံးတွေတန်းစီထားရပါတယ် ဒါပေမဲ့ ကြားဖျက်သူတွေကလဲ မနည်းပါဘူး။ ရေတပုံးပြည့်အောင် ၁၀ မိနစ်လောက်စောင့်ရတဲ့ အခါ လူတွေရဲ့ သည့်ခံနိုင်စွမ်းအား ကျလာတဲ့သဘောသဘာဝလို့ပဲ ကျနော် ထင်မိပါတယ်ဗျာ။ ကျနော် ဖတ်ဖူးခဲ့တဲ့ သတင်းတစ်ပုဒ်နဲ့ လေရှည့်ပါရစေ။အနောက်နိုင်ငံ တခုမှာ စမ်းသက်ချက်တခုလုပ်ပါတယ် ကလေးတွေကိုပါ။ မူကြိုအရွယ် ကလေးတွေကို မုန့် တယောက်တခုစီ ချပေးထားပါတယ်။စည်းကမ်းကတော့ ခုပဲ အဲ့ဒီမုန့်ကို စားလို့ရပါတယ်..နောက် ၅ မိနစ်နေမှ စားရင် ၂ ခုစားရပါ့မယ်..နောက် ၁၀မိနစ်မှစားရင် ၃ ခုစားရမယ် ဆိုတဲ့ စည်းကမ်းလေးပါ။ တချို့သောကလေးတွေက ချက်ချင်းဆိုသလို စားလိုက်ကြတယ်...တချို့ကလေးတွေကတော့ ၅ မိနစ်ထိစောင့်ကြတယ် (သူတို့ နှစ်သက်ရာလုပ်ပြီးအာရုံလွဲထားကြတယ်)...တချို့ ကလေးတွေကတော့ အချိန် ၁၀မိနစ်ထိ အောင့်နိုင်ကြတယ်။ ၁၀မိနစ်ထိအောင့်ထားနိုင်သူတွေဟာ တချိန်မှာ ကျော်ကြားသူတွေဖြစ်လာကြတယ်လို့ ဆိုထားပါတယ်။ ရေခပ်တန်းစီရာမှာ ကြားဖြတ်သူတွေဟာ များသော အားဖြင့် လက်လုပ်လက်စား လူမျိုးတွေနဲ့ ပညာတတ် တချို့ ပဲဖြစ်ပါတယ်။ ပညာတတ်တိုင်း အသိမမြင့်နိုင်ဘူးဆိုတာပါ မီးမောင်းထိုးပြနေသလိုပါပဲ။ကျနော်ကတော့ ကျနော်စိတ်ဝင်စားတဲ့ စာအုပ်တအုပ် ယူလာတာကြောင့် စာဖတ်ရင်း ကိုယ်ခပ်ရမဲ့ အချိန်လေးကို စောင့်စားလို့နေပါတော့တယ်။ဝုန်းဆိုသော အသံကြားရသည့် အတွက် စာဖတ်နေသော ကျနော် အာရုံများ ပျောက်ကာ လှည့်ကြည့်လိုက်တော့.....။မနက်တိုင်းတွေ့နေကျ ဈေးခြင်းတောင်းကြီးနဲ့ အဖိုးဘို ဒီနေ့တော့ ဝါးတံတားလေးကျိုးလို့ စက်ဘီးရော ပစ္စည်းတွေရော လူရော ရွှံအလူးလူး။ ပြေးပြီးထူတဲ့လူက ၃ ယောက်လောက်ရှိပေမဲ့ ပါးစပ်က ညှာတာတဲ့လူက ၆ ယောက်လောက် ဝိုင်းကြည့်နေတာက ၂၀ လောက်..အတင်းတုတ်နေတဲ့လူက ၅ ယောက်လောက်...။ပြေးပြီး ထူတဲ့ အထဲမပါပေမဲ့ မြောင်းထဲက အဖိုးအိုကို ကုန်းပေါ်ရောက်အောင် ဆွဲရပါတော့တယ်။ကြည့်သူကတော့ကြည့်နေကြတာပါပဲ..ပြောသူကပြောနေကြတာပါပဲ။
အဝတ်တွေပေလို့ အကျီ င်္ ပြန်လဲပြီး ပြန်လာတဲ့ အချိန်မှာတော့ ကျနော် ရေပုံးလေး စောစောက နေရာ ထက်ပင် နောက်ရောက်သွားလေသည်။ နောက်တရက်ရောက်တော့ ဘာမှ ပြောင်းလဲမသွားပဲ ရေဘုံပိုင်ပြတ်လေးမှ အစို့မလုံလို့ ကျနေသော ရေလေးတွေက တစက်စက် ဝါးတံတားလေးကလဲ ခနော်ခနဲ .....လူငယ်တစု ထိုင်ကောင်းတုန်း....ကားမှတ်တုင်လဲရွှံအပြည့်...........။

No comments:
Post a Comment