ကျနော် အိပ်ယာထတော့ ၆ နာရီ ၄၅ ..........
ခိုငှက်တို့ညည်းတွားသံ...။အိမ်သူ ဟင်းချက်နေသော ဟင်းနံတို့နှင့် အတူ ကားလမ်းမနှင့် သိပ်မဝေးတဲ့ နေရာမို့ ကားသံတို့က တဝူးဝူး။ အိမ်ဘေးမှ အဘိုးအို၏ ဈေးထွက်ရန် ကျွတ်ကျွတ်အိပ်တို့နှင့် ပစ္စည်းထုတ်နေသော အသံ။ အိမ်ဘေးမှ ဖုန်းမြည်သော အသံ။ရေမော်တာမောင်းတင်နေသော အသံ နှင့် လမ်းသွားလူတို့၏နုတ်ဆက်နေသော အသံ။
၆ နာရီ ၄၈ .........
အိမ်သူမှ အသင့်ပြင်ပေးထားသော သွားတိုက်တံမှ သွားတိုက်ဆေးများ အရည်ပျော်နေပြီ။
ဆောင်းရာသီ၏ အေးမြသော လေးညှင်းတို့က ခပ်သင်းသင်း ခပ်ငွေ့ငွေ့.တဖြူးဖြူးလေး တိုက်ခတ်။ရေတွင်းမှ ရေတို့က မြေကြီး အပူရှိန်ကြောင့် ခပ်နွေးနွေး... ။ရေခပ်လိုက်သော ရေ၏ အထိအတွေ့ နွေးသော်လဲ မျက်နှာပေါ်မရောက်ခင် ရေပါသော လက်က အေးခနဲ။ မျက်နှာပေါ်သို့ ရေစို လက်ကလေးနှင့်ပွတ်ချလိုက်တော့ အိပ်ချင်စိတ်ပျောက်သွားသယောင်ယောင်။ မျက်နှာတခုလုံး လေအတိုက် အေးခနဲ တင်းခနဲ ။အော်............. ဆောင်းတကယ်ဝင်လာပြီကိုး။
၆ နာရီ ၅၀ .........
အိပ်သူမှ ဈေးသွားမည်ဟု အချက်ပေး ခေါင်းညှိတ်ပြ။ ပြန်ညှိတ်ပြရင်း ပုခုံးမှ တဖက်လေး ကို မျက်နှာ ကို ပွတ်သပ်လိုက်သည်။ လန်းစန်းသလို ရှိပေမဲ့ ကျန်းမာရေး အရ ရေတခွက်တော့ သောက်ဦးမှလို့ စိတ်ကူး။ရေအိုးဖုံးလေးဖွင့်လိုက်တော့ ရေက ရေအိုးရဲ့ အောက်ဆုံး ဖင်ကပ်နေပြီ။ ရေဖြည့်ရအုံးမယ်လို့ တွေးပြီး အနည် မထအောင် အသာလေးခတ်ပြီး သောက်လိုက်ပါတယ်။သွားတွေကျင်တတ်လာတဲ့ ခံစားမှုက ဆောင်းရာသီရဲ့ အရသာပဲ မဟုတ်လား.......................။
၆ နာရီ ၅၃..........
ကျန်းမာရေးအတွက် အိမ်ထဲတွင်ပင် လမ်းလျှောက်နေမိသည်။ ကြမ်းပြင် အအေးဓါတ်က ခြေဖဝါးတွင် ထိမိလိုက် မထိမိလိုက်နှင့် ။ သဲများ ခြေဖဝါးတွင် ကပ်ပါနေသည်။ တံမြက်စည်းလေး လှန်းယူရင်း အိမ်ထဲ တံမြက်စည်း ကောက်လှည်းလိုက်သည်။ အိမ်ရှေ့မှ အကြော်သည်က ယူအုံးမလား အကိုကြီး လို့ လှမ်းအော်နေသေးသည်။ ပဲပြုတ်သည် က တကြော်ကြော်အော်နေသည်။ အိမ်သူဖွင့်ထားသည့် တရား ခွေမှာ သာဓုသံတို့ပင် ခေါ်ဆိုနေတော့သည်။
၆ နာရီ ၅၇ .......
ရေချိုးရန် တဘက်လေး ပုခုံးပေါ်တင်ရင်း အိမ်ရှေ့ထွက်လာသည်။ ဆပ်ပြာကျန်ခဲ့သောကြောင့် အိမ်ထဲပြန် အယူ တီဗီ ကို လိုင်းပြောင်းထားခဲ့သည်။ ပြန်ထွက်လာတော့ မနေ့က မဝတ်အစားက မေ့ကျန်ခဲ့ပြန်သည်။နောက်ခေါက်အိမ်ထဲဝင်ရပြန်ပြီ။အဝတ်များကို ရေကပြင်တွင်ချပြီး ပြန်ကြည့်မိသည်။
ကိုယ်တိုက်ဆပ်ပြာ...အဝတ်ဟောင်း....သဘက်...ပုဆိုးကြမ်း.....။မပြည့်စုံသေး အဝတ်လျှော်ဆပ်ပြာ ကျန်သေးသည်။ အိမ်သူ အိမ်နောက်တွင် အမြဲထားလေ့ရှိသော ဆပ်ပြာမှုန့်ကို ယူ အပြီး တီဗီရှေ့ အဖြတ် တီဗီမှ ၇ နာရီ သတင်း အစီအစဉ် စတင်ပါတော့ သည် မဟုတ်ပါလား.......
ဝေဖန်တာလေး......... ကွန့်မန့်ပေး.........
အားဆေးတခွက်........ အမြဲမှတ် ...........။

No comments:
Post a Comment