Wednesday, December 31, 2014

ရုတ်တရက်လေဖြတ်ခံရသောလူနာကို သွေးဖောက်ပြီး အမြန်ကယ်ဆယ်ကုသနည်း

ရုတ်တရက်လေဖြတ်ခံရသောလူနာကို သွေးဖောက်ပြီး အမြန်ကယ်ဆယ်ကုသနည်း

(၁)။ ။လေဖြတ်သောလူနာကို (မည်သည့်နေရာတွင်ဖြစ်စေ) ဖြစ်သောနေရာမှ ရွှေ့ ပြောင်း သယ် မခြင်း မပြုရပါ။ ထိုသို့ချက်ခြင်းရွှေ့ပြောင်းသယ် ဆောင်ပါက ကားဆောင့်ခြင်း အစရှိသော လှုပ်ရှားခြင်းဒဏ်များကြောင့် ဦးနှောက် သွေးကြောငယ်များကို လျှင်မြန်စွာပေါက်ကွဲစေပြီး လူနာ၏အခြေအနေကို ပိုဆိုးစေပါသည်။ ထို့ကြောင့် ရွှေ့ပြောင်းခြင်း မပြုပါနှင့်

(၂)။ ။လူနာကိုဖြစ်သည့်နေရာတွင်ပင် အသာထူမပေးပြီး ပြန်လဲမကျအောင် အသာမှေးပြီး ထိုင်စေရပါမည်။ လူနာကိုယ်တိုင်မထိုင်နိုင်ပါက ဘေးမှတစ်ဦးက ထူမပေးထားပါ။ပြီးနောက် ပိုးသတ်ထားသော

ခြင်ကိုက်ခံရတဲ့အခါ ယားယံခြင်းကို ချက်ချင်းသက်သာသွားစေမယ့် နည်းလမ်း (၅)သွယ်

ခြင်ကိုက်ခံလိုက်ရလို့ ယားယံမှုတွေ ဖြစ်လာတဲ့အခါ ဒါကို ပြေပျောက်သွားစေမယ့် သဘာဝနည်းလမ်း များစွာရှိပါတယ်။

• သွားတိုက်ဆေး
ကိုက်ထားတဲ့အရာပေါ်ကို သွားတိုက်ဆေး လူးပေးမယ်ဆိုရင် ယောင်ယမ်းတာ၊ ယားယံတာတွေ တခဏအတွင်း ပျောက်ကင်းသွားမှာဖြစ်တယ်။

• ရေခဲ
အာရုံကြောကို ခေတ္တယာယီ ရပ်တန့်စေတာကြောင့် ရေခဲက ကုတ်ခြစ်ချင်တာတွေကို မဖြစ်စေတော့ပါဘူး။ ဒီ့အတွက်ကြောင့် ကိုက်ခံထားရတဲ့ နေရာမှာ ရေခဲတုံးတင်ထားသမျှ ကာလပတ်လုံး ယားယံမှုရှိတော့မှာ မဟုတ်ပါဘူး။

• ပင်စိမ်းရွက်
ပင်စိမ်းရွက်တွေကို ခြင်ကိုက်ခံပြီးပြီးချင်း တင်ထားနိုင်ပါတယ်။ အနံ့အသက်ပြင်းရှတဲ့ ပင်စိမ်းရွက်တွေမှာ ယားယံမှုကို လျော့နည်းပျောက်ကင်းစေတဲ့ thymol နဲ့ camphor တို့ပါဝင်ပါတယ်။

• ပျားရည်
ပျားရည်မှာ ယားယံခြင်းကို သက်သာရာရစေပြီး ယောင်ကိုင်းမှုကို လျင်မြန်စွာ လျော့ကျစေနိုင်တဲ့ ဂုဏ်သတ္တိတွေပါရှိတယ်။

• ငှက်ပျောခွံ
ငှက်ပျောခွံက ကိုက်ရာအနာကို သက်သာရာရစေပြီး ယားယံခြင်းကို တဖြေးဖြေးနဲ့ ယုတ်လျော့စေတယ်လို့ ကျန်းမာရေးဆရာဝန်များက ဆိုပါတယ်။ ၎င်းရဲ့ (sodium bicarbonate) ဆိုဒီယမ် ဘိုင်ကာဗွန်နိတ် ပါဝင်မှုကြောင့် ရှားစောင်းပင်နဲ့ ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေဟာလည်း ခြင်ကိုက်ခြင်းနဲ့ ပတ်သက်လာရင် အထောက်အကူ ဖြစ်စေပါလိမ့်မယ်။

Credit : Trend Myanmar

Miss_Myanmar_Facebook_User_2014

  ခုတစ်လော.. miss ပြိုင်ပွဲတွေ ခေတ်စားလာသည်နှင့်အညီ ကျွန်တော်တို့ ဖေ့စ်ဘွတ်ခ် သမဂ္ဂ ဖွဲ့ကြီးမှလည်း အားကျမခံ miss ပြိုင်ပွဲ ကျင်းပရန် မျက်စိမှိတ် ဆုံးဖြတ်ချက် ချပြီးသကာလ…

ပြိုင်ပွဲဝင်ရန် အားအားလျားလျား လျောက်လွှာတင်ထားကြသော မြန်မာပြည် တစ်နံတစ်လျားမှ နန့်နန့်တက် လျောက်လွှာရှင်များ ထဲမှ တော်ရိလျော်ရိ ရွေးချယ်စီစစ်ထားသော miss အလျောင်းအလျာ အလှပဂေးလေးများကို ပြိတ်သတ်ဂျီးနဲ့ မိတ်လိုက်ပေး..အဲ့..
သည်းခံပါခညာ…
မိတ်ဆက်ပေးပျစေ…

ခါးနံပါတ် ( 1 )
———————

#ခင်ပုတုတုလေဒီမင်းသု
အသက်~~ သေခါနီး။
အရပ်~~ ကလန်ကလား။
ကိုယ်အလေးချိန်~~ ဆန်ကုန် မြေလေး။
တဲလ်လန့်~~ သငယ်ထောင်ရာတွင် သူမတူအောင် ထူးချွန်။
ပရဟိတ ဆောင်ရွက်ချက်~~ အခမဲ့နာရေးကူညီမှု့ အသင်းတွင် နာရေးကား မောင်းနှင်ခြင်း။ ( တစ်ခါတစ်ရံ လူလစ်လျှင် မသာပါးစပ်ထဲမှ ကုတို့ခကို နှိုက်ယူတတ်။ )
ရည်မှန်းချက်~~ ဒီပြိုင်ပွဲရဲ့ တာဝန်ရှိ လူဂျီးမင်းများနဲ့ အမှတ်ပေး ဒိုင်သူဂျီးများရဲ့ စု ချခြင်းကို ခံယူချင်စိတ် ပျင်းပြ။
အက်ကျူကေးရှင်း~~ ဟိုမရောက် ဒီမရောက် M.B.B.S ( မယ်ဘာဘူစိန် )

ခါးနံပါတ် ( 2 )
———————-

#ခင်ကလျာမိဂျပိုး
အသက်~~ ဖုတ်လိုက် ဖုတ်လိုက်။
အရပ်~~ လူစဉ်မမှီ။
ကိုယ်အလေးချိန်~~ ပိသာချိန် ၅၀။
တဲလ်လန့်~~ အနုပညာအနေဖြင့် လေမှုတ်တူရိယာ ( ဘာဂျာ ) မှုတ်ခြင်းကို တဖက်ကမ်းခပ် တတ်မြောက်ထား။
ပရဟိတ ဆောင်ရွက်ချက်~~ တစ်နှစ်တစ်ခါ မွေးနေ့ရောက်တိုင်း ဘိုးဘွားရိပ်သာရှိ သက်ကြီး ရွယ်အိုများကို ကြည့်ပြီးသား 18+ ခွေဟောင်းလေးများ သွားရောက် လှူဒါန်းခဲ့။
ရည်မှန်းချက်~~ ပြိုငိပွဲတွင် WINNER PRIZE သရဖူကြီးကို ဆွတ်ခူး ရှိပါက ရသလောက်ဈေးနဲ့ ပေါင်နှံရောင်းချပြီး အမုန်းကဲရန်။
အက်ကျူကေးရှင်း~~ S.A.E ( Sleeping and Eating စားပီးအိပ်နေ ဘိက္ခဝေ သေရင်ဇောက်ထိုး ငရဲပြည်ဂိုးးးးး )

ယောင်္ကျားတွေက မိန်းကလေးကိုကြည့်ရင် ရင်တွေ တင်တွေကြည့်တယ်၊ မိန်းမတွေကရော ယောင်္ကျားတွေကို ဘာတွေ ပြန်ကြည့်သလဲ ??

သင် အမျိုးသမီးတွေကို ကြည့်တဲ့အခါ သူတို့ရဲ့ ရင်သားတွေ၊ တင်ပါးနဲ့ တင်ပါးဆုံတွေကို ကြည့်မိတတ်ပါတယ်။ ဒါဆို သူတို့က သင့်ရဲ့ဘယ်အရာကိုများ အဓိကထားကြည့်ကြသလဲ။ သင်ခု ဖျတ်ခနဲတွေးလိုက်တဲ့ နေရာတော့ မဟုတ်ပါဘူး။

လန်ဒန်ကုမ္ပဏီ Think Eye Tracking ရဲ့ လေ့လာချက်တစ်ခုမှာ ရေချိုးဝတ်စုံနဲ့ ယောက်ျားလေးတစ်ယောက်ရဲ့ဓါတ်ပုံကို ကြည့်တဲ့လူတွေရဲ့မျက်လုံးရွေ့ရှားမှုများကို လိုက်လံလေ့လာခဲ့ပါတယ်။ ယောက်ျားလေးတွေအနေနဲ့ အချိန်အများကြီး အကုန်ခံပြီး တစိမ့်စိမ့်ကြည့်တဲ့အချိန်မှာ (ဘာကို ကြည့်နေတတ်ကြတယ်ဆိုတာ ယောက်ျားလေးတွေသိကြပါတယ်) အမျိုးသမီးတွေကတော့ အဲဒီနေရာကို အချိန်ကုန်ခံပြီး မကြည့်တတ်ကြပါဘူး။ အဲဒီအစား သူတို့က အမျိုးသားတွေရဲ့ ဗိုက်ချပ်သားတွေ နောက်ပြီး သူ့ မျက်နှာ၊ ပခုံးနဲ့ လက်မောင်းကြွက်သားတွေကိုသာ အာရုံစူးစိုက်ကြည့်တတ်ကြပါတယ်တဲ့။

အမျိုးသမီးတွေဟာ သူတို့အတွက် အထောက်အပံ့ ရနိုင်တဲ့သူ၊ အကာအကွယ်ပြုနိုင်တဲ့သူတွေ ဟုတ်သလားဆိုတာကို လိုက်ကြည့်တတ်ကြပါတယ်။ သင့်လိင်အင်္ဂါကိုတော့ အဓိက မဟုတ်ပါဘူး။ ကျောက်ခေတ်အမျိုးသမီးတွေရဲ့ ဦးနှောက်စဉ်းစားဥာဏ်လိုပါပဲ။ သူတို့က ကောင်လေးတစ်ယောက်ကို သုံးသပ်ပြီဆိုရင် ဒီကောင်လေးက သစ်ပင်တွေတက်ပြီး ငါအတွက် အသီးလေးများ ခူးပေးနိုင်မလား၊ ငါ့အတွက် သားကောင်များ လိုက်ဖမ်းပေးနိုင်မှာလားဆိုတာကိုပဲ သူတို့ သိချင်နေတတ်ကြပါတယ်။

သင့် ဗိုက်သား၊ ပခုံးနဲ့ လက်မောင်းဟာ ကျွန်တော်တို့ ကျောက်ခေတ်ဘိုးဘွားတွေအတွက် အမျိုးသမီးတစ်ယောက်ကို ကာကွယ်စောင့်ရှောက်ရာမှာ အဓိက အသုံးပြုတဲ့ ကြွက်သားတွေဖြစ်နေတဲ့အတွက် သူမက သင့်ရဲ့ အဲဒီအရည်အချင်းတွေကို စိတ်ဝင်စားတာဖြစ်ပါတယ်။ ဒါပေမဲ့ အခုကျွန်တော်တို့ခေတ်က အမဲလိုက်ပြီး သားကောင်တွေ လိုက်ဖမ်းတဲ့ ခေတ်မဟုတ်တော့ပေမဲ့ အမျိုးသမီးတွေက သူတို့နဲ့ ဆန့်ကျင်ဘက်လိင်ဖြစ်တဲ့ ယောက်ျားတွေမှာရှိတဲ့ အဲဒီအရည်အချင်းတွေကို စိတ်ဝင်စားနေကြဆဲပဲဖြစ်ပါတယ်။

သင့်မျက်နှာအမူအရာကနေတဆင့် အမျိုးသမီးတွေက ဥာဏ်ရည်ဥာဏ်သွေးနဲ့ ကြင်နာတတ်တဲ့စိတ်ကို သိရအောင်လည်း လိုက်လံကြည့်ရှုတတ်ပါတယ်။ ကဲ အခု သင်ဘာလုပ်ရမှာလဲ ဆိုတာတဲ့ အထောက်အပံ့တွေ ရသွားပြီမလား။ သင့်မှာ အဲ့ဒီအချက်အတွက်ရော ပြည့်စုံမှုရှိနေပြီလား။

Credit: Trend Myanmar

ဝနေလို့  ပိန်ချင်သူတွေအတွက် အကောင်းဆုံး နံနက်စာ

၁) ဂျုံကြမ်းဖြင့် ပြုလုပ်ထားသော ပေါင်မုန့်
ဂျုံကြမ်းနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်တွေမှာ အမျှင်ဓာတ်များစွာ ပါဝင်တဲ့အတွက် သင့်ကို တာရှည်စွာ အဆာခံနိုင်တယ်လို့ ဆွီဒင်မှ သုတေသနပြုသူတွေက ဆိုပါတယ်။ ဂျုံကြမ်းနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်ကို နံနက်စာ အဖြစ်စားသူတွေဟာ ဂျုံနုနဲ့ လုပ်ထားတဲ့ ပေါင်မုန့်စားသူတွေထက် ၃ နာရီ ပိုပြီး အဆာခံနိုင်
ကာ အကျိုး သက်ရောက်မှုဟာ နေ့ခင်းအထိတောင် တာရှည်နိုင်တယ်လို့ ဆိုပါတယ်။

(၂) နွားနို့
အဆီမပါတဲ့ နွားနို့ကို နံနက်စာအဖြစ် စားသုံးသူတွေဟာ နေ့လယ်စာမှာ အစာ စားတဲ့ ပမာဏကို လျှော့ချနိုင်ပါတယ်။ သြစတြေးလျတက္ကသိုလ်မှ သုတေသန ပြုသူတွေက နံနက်စာကို နွားနို့ သောက်သူတွေဟာ အချိုရည် သောက်သူတွေထက် ပိုမို ဗိုက်ပြည့်တင်းမှု ရစေပြီး နေ့ခင်းအစာစားချိန်မှာ ၂၀၀ ကယ်လိုရီလောက် လျှော့စားဖြစ်တယ်လို့ တွေ့ရှိခဲ့ပါတယ်။

(၃) ကြက်ဥ
အစားလျှော့စားသူတွေအဖို့ နံနက်စာကို ကြက်ဥစားသုံးရင် ကိုယ်အလေးချိန် ပိုလျော့နိုင်တယ်လို့ US မှ လေ့လာမှုအရ သိရပါတယ်။ နံနက်စာကို ကြက်ဥ နှစ်လုံးနဲ့ စတင်သူတွေဟာ ကိုယ်အလေးချိန် ၆၅ ရာခိုင်နှုန်း ပိုလျော့ပြီး BMI ၆၁ ရာခိုင်နှုန်း ပိုကျကာ စွမ်းအင်အဆင့်တွေ ပိုကောင်းတယ်လို့ ဆိုပါတယ်။

Credit : Mg Mandalay

ကြွက်နို့တွေအတွက် သဘာဝနည်းလမ်းကောင်းများ

အရေပြားပေါ်မှာ ဖြစ်လာတဲ့ရောဂါဖြစ်ဖြစ်၊ အရေပြားပြသနာပဲဖြစ်ဖြစ် အတော်စိတ်ညစ်ရပါတယ်နော်။ လှလှတွေ ပျက်တာကိုး။:P ရုပ်ဆိုးဆိုးကြွက်နို့လေးတွေ အရေပြားပေါ်မှာပေါ်လာရင်တော့ ပိုဆိုးတာပေါ့။ ရုပ်ဆိုးဆိုးကြွက်နို့ဆိုလို့ ရုပ်ချောတဲ့ ကြွက်နို့ရှိလို့ဟုတ်ဘူး။ မာမာကြမ်းကြမ်းနဲ့ အရောင်ကလည်း ညိုသလိုလို မီးခိုးရောင်လိုလို မဲသလိုလိုနဲ့ဆိုတော့ ကြွက်နို့အဖုတွေက ရုပ်ဆိုးတာပဲလေ။ သူတို့ရုပ်ဆိုးတာ အရေးမကြီးဘူး။ ကိုယ်က အလှပျက်တာပေါ့။ အဲ့ဒီတော့ရုပ်ဆိုးဆိုးကြွက်နို့လေးတွေအကြောင်းကို လေ့လာကြည့်ရအောင်ပါ။

ကြွက်နို့ဟာ Human Papilloma Virus (HPV) ကြောင့် ဖြစ်တာပါ။ အဲ့ဒီအကောင်လေးတွေက ဆယ်ကျော်သက်တွေနဲ့ လူကြီးတွေကို ပိုမျက်စိကျတတ်တယ်နော်။ ဖြစ်လာပြီဆိုလည်း မျက်နှာလှလှလေးဆိုပြီး ချန်ထားတယ်မရှိဘူး။ တစ်ကိုယ်လုံး ပေါ်ချင်တဲ့နေရာ ပေါ်လာတတ်တာလေ။ ဒီလောက်ဆိုးတဲ့ ကြွက်နို့တွေကို နှိမ်နင်းရေးနည်းတွေ အများကြီးရှိပါတယ်။ ဆေးလိမ်း၊ ခွဲစိတ်၊ မီးရှို့ နည်းမျိုးစုံပါပဲ။ ဒါတွေကလည်း အရေပြားအထူးကုဆရာဝန်ကြီးတွေနဲ့ သေချာလုပ်ရမှာပါ။

လိမ်းဆေးတွေက ပြင်းတော့ အခန့်မသင့်ရင် ဒုက္ခရောက်နိုင်တယ်။ ကိုယ့်ဟာကိုယ်ခွဲလို့မရ၊ မီးရှို့တာလဲ လူတိုင်းသိတဲ့မီးနဲ့ ရှို့တာမဟုတ်တော့လေ။ ဒီတော့ ဆရာဝန်ကြီးတွေဆီသွားဖို့ အဆင်မပြေသေးဘူးဆိုရင် အန္တရာယ်ရှိနိုင်တဲ့နည်းတွေကို ရမ်းသမ်းပြီးလက်တည့်မစမ်းဘဲ အိမ်မှာအလွယ်တကူလုပ်နိုင်တဲ့ နည်းလေးတွေကို စမ်းကြည့်ရအောင်။

ကြက်သွန်ဖြူ

အနံ့ကနဲနဲဆိုးပေမဲ့ အစွမ်းထက်တယ်နော်။ ကြက်သွန်ဖြူကို ကြိတ်ချေပြီး ကြွက်နို့ပေါ် အုံလိုက်ပါ။ ပြီးတော့ ပတ်တီးစည်းရပါမယ်။ ၄ - ၅ နာရီကြာတဲ့အခါ ပတ်တီးကို ဖယ်လိုက်ပြီး ရေနွေးလေးနဲ့ ဆေးပါ။ ကြွက်နို့ပျောက်သွားတဲ့အထိ နေ့တိုင်းလုပ်ပေးရမယ်နော်။

နာနတ်သီး

ကြွက်နို့က နာနတ်သီးကို ကြောက်တယ်တဲ့။ နာနတ်သီးအရည်ကို ကြွက်နို့ပေါ်တို့ပြီး ရေမဆေးဘဲ ဒီတိုင်းသာ ပစ်ထားလိုက်။ ပြီးတော့ နေ့တိုင်းသာ ပုံမှန်လုပ်ပေးရင် ရက်အနည်းငယ်အတွင်းမှာပျောက်တယ်လို့ သုတေသနတွေထဲမှာ ဖော်ပြထားပါတယ်ရှင်။

ကြက်ဆူဆီ

ကြွက်နို့ကိုတိုက်တဲ့အခါ အံ့ဖွယ်အစွမ်းထက်တဲ့ ကြက်ဆူဆီကို သုံးကြည့်ပါ။ စွမ်းပေမယ့် လွယ်တယ်နော်။ ကြက်ဆူဆီကို ကြွက်နို့ထဲစိမ့်ဝင်အောင် လိမ်းပေးရုံပါပဲ။ တရက်၂ကြိမ် လိမ်းပေးရမှာပါ။ ကြွက်နို့တွေဟာ တဖြည်းဖြည်း ခြောက်လာပြီး ပျောက်သွားပါလိမ့်မယ်။

ငှက်ပျောသီး

ငှက်ပျောသီးကို အရေပြားပြသနာတိုင်းမှာ သုံးလို့ရတယ်နော်။ ခဲတလုံးနဲ့ငှက်နှစ်ကောင်ပစ်ဆိုသလို ကြွက်နို့တွေပျောက်စေတဲ့အပြင် တခြားအနာအဆာတွေပါပျောက်ပြီး အသားအရေပိုလှလာအောင် ငှက်ပျောသီးက အစွမ်းပြနိုင်တယ်လေ။ ငှက်ပျောသီးကို အခွံခွာပြီးရင် စားလိုက်။ နောက်တာ ဟုတ်ဘူးနော်။ ခုက အခွံကိုပဲသုံးမှာလေ။ ငှက်ပျောသီးခွံကို သေးသေးလေးဖြစ်အောင်လုပ်ပြီး ကြွက်နို့ပေါ်ကပ်၊ ပြီးတော့ ပတ်တီးထပ်ပတ်၊ ပြီးတော့ ၁၂ နာရီတစ်ခါပြန်လဲ၊ ကြွက်နို့တွေပျောက်သွားတဲ့အထိလုပ်၊ ကြွက်နို့တွေမျိုးပြုတ်ရောတဲ့။

လဖ္ဘက်ဆီ

လ္ဘက်ဆီက ၀က်ခြံတွေကို ကောင်းကောင်းနှိမ်နင်းပေးသလို ကြွက်နို့တွေကိုလည်း ပျောက်ကင်းစေနိုင်တယ်လေ။ လ္ဘက်ဆီကို ၀ါဂွမ်းမှာဆွတ် ကြွက်နို့ပေါ်ကပ်ပြီး ပတ်တီးစီးထားဖို့ လိုပါတယ်။ ပြီးတော့ အနည်းဆုံး ၇ ရက်ထားပါ။ အရေပြားဆရာဝန်ကြီးတွေ ထောက်ခံထားတဲ့ နည်းလေးပါပဲ။

သံပုရာရည်

သံပုရာရည်ကိုလည်း အရေပြားပြသနာတော်တော်များများမှာ သုံးတယ်နော်။ ကြွက်နို့ကို နှိမ်နင်းဖို့ကတော့ သံပုရာရည်ကို ကြွက်နို့ပေါ်သုတ်လိမ်းပြီး မိနစ်၂၀ ကြာတဲ့အခါ ရေဆေးချလိုက်ရုံပါပဲ။ တစ်ရက်ကို နှစ်ကြိမ်လုပ်ပါ။ သံပုရာရည်ရဲ့ အက်ဆစ်ဓာတ်က ကြွက်နို့ကိုပျောက်စေပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ဆိုတာနဲ့ အသားအရေလှစေတဲ့အပြင် ဆေးဘက်လဲဝင်တယ်ဆိုတာ သိကြတယ်နော်။ ခုလည်း ကြွက်နို့ကို နှိမ်နင်းပေးအုံးမှာပါ။ ရှားစောင်းလက်ပတ်ထဲက ဂျလ်တွေကို ကြွက်နို့ပေါ်လိမ်းပေးရုံပါပဲ။ တရက်ကို ၃ ကြိမ်သာလုပ်ပါ။ တစ်ပတ်လောက်ကြာတဲ့အခါ သိသိသာသာ သက်သာလာမှာပါ။
ဆရာဝန်ဖြစ်ပြီး ဗိန္ဓောနည်းတွေပေးနေလို့ အံသြမသွားပါနဲ့အုံး။ သဘာဝဆေးဖက်ဝင်အပင်တွေကလည်း စွမ်းတာပဲ။ ရင်နှင်းတို့ကျောင်းတက်တုန်းက သဘာဝဆေးဖက်ဝင်အပင်တွေနဲ့ တိုင်းရင်းဆေးကို ဘာသာရပ်တစ်ခုအနေနဲ့တောင် သင်ခဲ့ရတယ်လေ။ တကယ်က သဘာဝတရားကြီးက သူ့ရဲ့ရင်သွေးလေးတွေအတွက် လိုတာတွေ စီစဉ်ပေးပြီးသားပါ။ သဘာဝဆေးဘက်ဝင်အပင်တွေရဲ့အစွမ်းကို စမ်းကြည့်ပါဦးနော်။

Credit: ပိုပိုဇော် (သဘာဝအားအင်)

ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်နဲ့အတူ အိပ်တဲ့ပုံစံ၊ ကိုယ်ခန္ဓာအနေအထားတွေက သင်တို့အချစ်ရေး ဘယ်လိုရှိတယ်ဆိုတာ ပြောပြနိုင်

ကိုယ့်ချစ်သူ၊ ကိုယ့်အိမ်ထောင်ဖက်နဲ့ အတူအိပ်တဲ့အခါ သင်တို့နှစ်ဦးရဲ့ အိပ်စက်ပုံအိပ်စက်နည်းတွေ
က သင်တို့ရဲ့အချစ်ရေးက ဘယ်လိုရှိတယ်ဆိုတာ ထောက်ပြပေးနေသလိုပါပဲ။ ခန္ဓာဗေဒက ပြောပြပေး
တဲ့ တိကျတဲ့အရာတွေထဲမှာ ဒီ အိပ်စက်တဲ့ပုံစံတွေကလည်း အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒါပေမယ့် ခြွင်းချက်တွေအနေနဲ့ ရှိမနေဘူးလားလို့ မေးလာ
ရင်တော့ ရှိကောင်းရှိနိုင်တယ်လို့ ဆိုရပါလိမ့်မယ်။ ကိုယ့်ချစ်သူက ကိုယ့်အနားက ခပ်ခွာခွာအိပ်
တတ်လို့ အချစ်ရေး အဆင်မပြေတာမျိုး မရှိပါဘူးလို့ ဆိုချင်လည်း ဆိုပါလိမ့်မယ်။ ဒါပေမယ့် သေ
ချာတာက သင့်ရဲ့ချစ်သူကသာ အိပ်တဲ့ပုံစံပြောင်းသွားပြီဆိုရင်တော့ ဒီအချက်ကလေးတွေ ဖတ်ကြည့်လိုက်ပေါ့။

၁။သင်ကို သင့်ချစ်သူက နောက်ကနေ သိုင်းဖက် အိပ်စက်တတ်တယ်ဆိုရင် ဒီလို အိပ်စက်တဲ့ပုံမျိုးက သင့်ချစ်သူက သင့်ကို သူ့ရင်ဘတ်ထဲ သွင်းထားချင်တဲ့သဘောလို့ ဆိုရမှာပါ။
 ဒါ့အပြင် သင့်ကို သူလုံခြုံစေချင်တယ်။ တစ်နည်းအားဖြင့် သင့်ကို ယုံကြည်တယ်လို့လည်း သတ်မှတ်လို့ရပါတယ်တဲ့။
၂။ သင်ကနောက်ကနေ သင့်ချစ်သူကို ဖက်သိုင်းပြီး အိပ်စက်တတ်တယ်ဆိုရင်
သင်ဟာ သူ့အတွက် ကာကွယ်ပေးချင်တဲ့စိတ်တွေ အပြည့်ရှိပါတယ်။ သင်က သူ့အပေါ် အတ္တနည်းနည်းကြီးတယ်ဆိုရင်တောင် သူ့အတွက် ဘယ်တော့မှ နောက်ဆုတ်မသွားဘူးဆိုတဲ့
လူမျိုးပါ။
၃။သင်နဲ့ သင့်ချစ်သူက အနည်းငယ် ခွာထားကာ စောင်ခြုံပြီး အိပ်စက်တတ်ခြင်းဟာ ကိုယ့်ရဲ့အိမ်ထောင်ဖက်နဲ့ ကိုယ် သိပ်မရင်းနှီးသေး
တဲ့ သဘောကိုဆောင်ပါတယ်။ အိပ်တဲ့အခါမှာလည်း နည်းနည်းလေးခွာထားမယ်။ ဒါပေမယ့် သူက ကိုယ့်ကိုနောက်ကနေတော့ သိုင်းဖက်ထားတယ်ဆိုရင် ဒါဟာ သင်ပြသနာတက်တိုင်း၊ တစ်ခုခုဖြစ်
တိုင်း သူအမြဲတမ်း သင့်နောက်မှာ ရှိနေမယ်။ သူ့ကိုအမြဲထည့်တွက်စေချင်တဲ့ သဘောပါပဲတဲ့။
၎။။သင့်ချစ်သူက ကျောနဲ့အိပ်ယာ တစ်သားတည်းကျအောင် အိပ်တတ်ပြီး သင့်ကို သူ့ရင်ဘတ်ပေါ် ဆွဲသွင်းအိပ်စက်စေမယ်၊ သင့်ခေါင်းကိုလည်း သူလက်နဲ့  ကိုင်ထားပေး
တယ်ဆိုရင် သူဟာ သူ့ကိုယ်သူ ယုံကြည်မှုရှိတဲ့လူမျိုးပါ။ သင့်ကို သူကာကွယ်ပေးနိုင်တဲ့ စွမ်းအားတွေရှိတယ်ဆိုတာ သိစေချင်တဲ့သဘောပါတဲ့။ သင့်ရဲ့အိပ်စက်ပုံက ပုံထဲက အမျိုးသမီးလိုဆိုရင်တော့ သူ့ကို အားကိုးယုံကြည်တယ်ဆိုတာ ပြသလိုက်တာပါပဲ။
၅။ မှောက်လျှက်အိပ်တတ်တဲ့ စုံတွဲတွေဟာ ဒေါသကြီးတတ်တဲ့သဘော၊ တစ်ဦး
နဲ့တစ်ဦး လိင်ကိစ္စယုံကြည်မှု နည်းပါးကြတဲ့ သဘောလို့ ဆိုပါတယ်။ တကယ်လို့များ သင့်အိမ်ထောင်ဖက်က ခုလို မှောက်လျှက်အနေအထား အိပ်နေပြီဆိုရင်တော့ သူ့စိတ်တွေ အရင်လို ပြန်လည်လန်းဆန်းလာအောင်နဲ့ သူ့ကိုအကာအကွယ်ပေးနိုင်အောင် သင့်ဘက်က ကြိုး
စားဖို့ လိုပါတယ်။
၆။တစ်ယောက်နဲ့တစ်ယောက် မထိပဲ၊ မကြည့်ပဲ ဟိုဘက်ဒီဘက်လှည့်အိပ်တတ်တဲ့သူ နှစ်ယောက်စလုံးဟာ ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်တယ်လို့ ယူဆတဲ့သူတွေ ဖြစ်ဖို့များပါတယ်တဲ့။ ဒါ့အပြင် သင်တို့ရဲ့ အသားအရေက ပူတာကြောင့် နှစ်ဦး
သား ထိရတာ အဆင်မပြေတာမျိုး၊ သူက ယောင်ပြီး ကန်ကြောက်တာမျိုး လုပ်တတတ်တာကြောင့်
 ခုလို အိပ်စက်ရတာမျိုး မဟုတ်ရင် အလုပ်မှာ စိတ်ပင်ပန်းတာကြောင့် ဖြစ်စေ၊ ဒါမှမဟုတ် လျှို့ဝှက်ချက်တစ်ခုခုရှိနေတာကြောင့်လည်း ဖြစ်တတ်ပါတယ်။
၇။တစ်ယောက်နဲ့တစ်ယောက် ကျောခိုင်းအိပ်တတ်ပေမယ့် ကျောချင်းထိပြီး အိပ်တတ်တယ်ဆိုရင်
နှစ်ယောက်စလုံးက ကိုယ့်ရပ်တည်မှုအတွက် ကိုယ်ကျေနပ်ကြသလို သီးခြားစွမ်းရည်တွေရှိနေကြ
တယ်။ ယုံကြည်မှုလည်း ပြင်းထန်ကြတယ်။ ကျောချင်းထိစပ်နေတဲ့သဘောကတော့ နှစ်ယောက်စလုံးက လိင်ကိစ္စကိုတော့စိတ်ပါနေကြတုန်းပဲ။ နောက်တစ်ချက်စဉ်းစားလို့ရနိုင်တာကတစ်ယောက်က နေ
မကောင်းတာကြောင့်တစ်ယောက်ကိုကိုယ့်အတွက်အနှောင့်အယှက်မဖြစ်စေချင်တာမျိုးလည်း ဖြစ်ေ
ကာင်းဖြစ်နိုင်ပါတယ်တဲ့။
၈။။နှစ်ဦးသား လုံးထွေးဖက်ပွေ့ပြီး အိပ်စက်တတ်ကြတယ်ဆိုရင်တော့ သင်တို့ဟာ တစ်ယောက်မရှိရင် တစ်ယောက်မဖြစ်ဘူးဆိုတဲ့ သဘောကို ပြပါတယ်။ အိပ်နေရင်တောင် ချစ်လို့ မ၀ဘူးဆိုတဲ့သဘောပါပဲ။ တစ်ယောက်နဲ့တစ်ယောက်အရမ်းဂရုစိုက်တတ်ကြပြီးကိစ္စတစ်ခုကို နှစ်ယောက်အတူတူ ဆောင်ရွက်
တတ်ကြပါတယ်တဲ့။
၉။တစ်ယောက်ကကုတင်ထိပ်နားကပ်နေအောင်အိပ်ပြီးကျန်တဲ့တစ်ယောက်က အောက်ဘက်
နားရောက်နေတတ်တယ်ဆိုရင်
ကုတင်ထိပ်ဘက်နား ကပ်အိပ်တတ်တဲ့သူတွေဟာ သူတစ်ပါးကို လွှမ်းမိုးချင်တတ်သလို ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုပြင်းထန်တတ်ကြပါတယ်။ အောက်ဘက်နား ဆင်းဆင်းပြီး အိပ်တတ်တဲ့သူတွေဟာ ခုနဖော်ပြတဲ့အချက်နဲ့ ဆန့်ကျင်ဘက်ပါပဲ။ အတွဲတွေဟာ တစ်တန်း
တည်း အိပ်တတ်တယ်ဆိုရင် သူတို့ဟာ တူညီနေကြပါသေးတယ်။ ပုံမှာပြထားသလိုဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု အားနည်းတဲ့ဘက်ရောက်နေပါတယ်တဲ့။
  Credit : Trend Myanmar

သတိထားနမ်းရမည့် အနမ်းနှင့် ကျန်းမာရေး

လူတယောက်နဲ့ တယောက် mouth to mouth နမ်းရင် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ။

Mouth to mouth ဆိုတဲ့ အသုံးကို နှလုံးမခုန်၊ အသက်မရှူတဲ့အခါ အရေးပေါ် ရှေးဦးသူနာပြုစုနည်း CPR နဲ့ ဆက်ပြီး၊ ပါးစပ်ကနေ လေမှုတ်သွင်းတာကိုသာ ခေါ်တယ်။ နှုပ်ခမ်းချင်းနမ်းတာကို Lip kiss လို ပြောတာ များတယ်။ တရားဝင် ခေါ်ကြတာက French kiss ဖြစ်ပါတယ်။

လျှာမပါဘဲ နှုတ်ခမ်းချင်းသာ နမ်းတာကို Light Kissing ခေါ်တယ်။ ပေါ့ပေါ့ပါးပါးသဘော။ French Kissing ကို Deep Kissing သတ်မှတ်တယ်။ အထဲထိ နက်တယ်။ French kiss နမ်းနည်းမှာ တယောက်ရဲ့ နှုတ်ခမ်းနဲ့ နောက်တယောက်ရဲ့ လျှာ ထိတွေ့မှု လုပ်ကြတယ်။ အဲလိုလုပ်တာကလဲ အပြန်အလှန်သဘာ ရှိရမယ်။ Slow passionate တဖြေးဖြေးချင်းနဲ့ စိတ်လိုလက်ရ ရှိရတယ်။ Intimate သိပ်ရင်းနှီးမှုလဲ ရှိရတယ်၊ Romantic စိတ်ပါလက်ပါ ဖြစ်ရတယ်၊ Erotic or sexual လိင်စိတ်တွေ ဖြစ်ပေါ်လာစေမယ်။

ပြင်သစ်လို Baiser amoureux (Love kiss) ချစ်သူတွေရဲ့အနမ်း၊ Baiser avec la langue (Kiss with the tongue) လျှာနဲ့ နမ်းတယ်လို့ ခေါ်တယ်။ အရင်တုံးက Florentine kiss လို့လဲ ခေါ်ခဲ့သေးတယ်။ ဘန်းစကားနဲ့ Ice skating shoe (Galoche) လို့ခေါ်တာက အကျအန စွပ်ရ- စီးရ-လည်ပတ်စေရလို့ ထင်ပါတယ်။

Erotic kiss လိင်စိတ်-အနမ်းသဘော သက်ရောက်တာက အဖ်ါရဲ့နှုတ်ခမ်းကို အာရုံခံကောင်းလှတဲ့ လျှာနဲ့ ထိတွေ့-ကစားရလို့ ဖြစ်တယ်။ Oral zone ပါးစပ်ဝန်းကျင်ဟာ Principal erogenous zone ကိုယ်ခန္ဓာရဲ့ လိင်စိတ် နှိုးထစေတဲ့ ပင်မနေရာ ဖြစ်ပြီး လျှာက အထွတ်အထိပ်ကျတယ်။

Steps ဘယ်လို နမ်းကြသလဲ -

၁။ Moisten your lips အရင်ဆုံး နှုတ်ခမ်းတွေကို စိုစွပ်စေလိုက်ပါ။
၂။ Angle your face မျက်နှာကို ဒေါင့်ဖြတ်ထားလိုက်ပါ။ နှာခေါင်းထိပ်တွေကနေ အဟန့်အတား မဖြစ်စေအာင် ရှောင်ဘို့ပါ။
၃။ Close your eyes နမ်းခါနီးတုံးက တယောက်မျက်နှာ တယောက် စိုက်ကြည့်ရာကနေ မျက်လုံးတွေ ပိတ်လိုက်ပါ။ တချို့ကလဲ ခဏပိတ် လိုက်ပြီးမှ ပြန်ဖွင့်တယ်။
၎။ Start with a gentle and soft closed-mouth kiss ပါးစပ်တွေ ပိတ်ထားကြပြီး၊ နုတ်ခမ်းချင်း အသာအယာ ထိတွေ့ကြပါစေ။
၅။ Go Dutch on the decision to French Kissing တယောက်တဝက် စိတ်တူသဘောတူ နမ်းကြမယ် ဆိုတာ ဆုံးဖြတ်ရတယ်။
၆။ Explore with your tongue လျှာနဲ့ကစားပါ။ သာယာမှုကနေ စေ့ဆော်လို့ ပါးစပ်က တဖြေးဖြေး ပွင့်လာလိမ့်မယ်။ လျှာကို သူ့ပါးစပ်ထဲ အများကြီးတော့ မသွင်းပါနဲ့။
၇။ Go slow စိတ်ရှည် ဖြေးလေး အချိန်ပေးပါ။
၈။ Breathe အသက်ရှူဘို့ မမေ့ပါနဲ့။
၉။ Mix it up ပါးစပ်-နှုတ်ခမ်း-လျှာတွေ ရောနှောသွားကြပါစေ။
၁ဝ။ Use your hands အစမှာ ယဉ်ယဉ်ကျေးကျေး ငြိမ်ငြိမ်လေး ထားခဲ့တဲ့ လက်တွေက အလုပ်လုပ်လို့ရပါပြီ။
၁၁။ Read your partner's body language ပါးစပ်က မပြောပေမဲ့ ကိုယ်အမူအရာကပြတဲ့ အဖေါ်ရဲ့စိတ်ကို သဘောပေါက်ပါ။ Good kisser နဲ့ Bad kisser မတူတာက တဖက်သားရဲ့ Body language ဒီ (ဘော်ဒီ-လဲန်ဂွေ့ခ်ျ) ကို နားလည်ပြီး နာလည်တဲ့အတိုင်း လိုက်လုပ်တတ်တာ ဖြစ်ပါတယ်။

လက်တွေ့ ရှိထားသူတွေကနေ (ရှယ်) ကြတာတွေ ရှိပါတယ်-

- နမ်းနည်းဆိုတာ သင်ပြစရာ မလိုဘူး။ သူ့ဖါသာ နားလည်လာကြတာပါ။
- Don't saliva too much သွားရည် သိပ်မများအောင် ဂရုစိုက်ပါ။
- Just massage her tongue with yours လျှာကို လျှာနဲ့ နှိပ်နယ်ပေးသလိုသာ လုပ်ပါ။
- Follow her lead if she wants to မိန်းကလေးကို ရှေ့ကပြေးပါစေ။
- My boyfriend likes it when I move my tounge in a circular motion ကျမရည်းစားက ကျမလျှာကို စက်ဝိုင်းလည်သလို လုပ်ပေးတာကို သိပ်သဘောကျတယ်ရှင့်။

တာဝန်အရ သတိပေးပါရစေ -

• Light kissing ပေါ့ပေါ့ပါးပါး နမ်းတာနဲ့ကို Herpes ရေယုံနဲ့ Scabies ဝဲ ကူးစက်နိုင်တယ်။ ထိစပ်တဲ့နေရာ (ပါးစပ်နားတဝှိုက်) မယ် ရောဂါမရှိသူမှာ အပေါက်အပြဲ အနာအဆာ ရှိမှသာ ကူးမှာပါ။
• တီဘီ (သလိပ်ထဲ ပိုးတွေ့)၊ တုပ်ကွေး၊ အအေးမိဖြစ်နေသူက နမ်းတာ မခံပါနဲ့။
• Ugly, dripping, oozing, puss-filled sores မြင်သာတဲ့ မန်းရည်လို၊ ပြည်လိုအနာရှိနေသူကို သွားမနမ်းပါနဲ့။ အဲဒါတွေအားလုံးဟာ Deep kissing လုပ်မိရင် ကူးစက်ဘို့ အခွင့်အလမ်း ပိုများမယ်။
• Sexually transmitted diseases လိင်ကတဆင့်ကူးစက်ရောဂါတွေဖြစ်တဲ့ Herpes Simplex Virus-2 ရေယုံ ဗိုင်းရပ်စ် အမျိုးအား (၂)၊ Hepatitis B အသဲရောင် ဘီ ဗိုင်းရပ်စ် နဲ့ Syphilis ဆစ်ဖလစ် ရောဂါတွေ ကူးနိုင်တယ်။
• အဖေါ်အကြောင်း ကောင်းကောင်း မသိရင် အန္ကရာယ်နဲ့ မကစားတာ ကောင်းတယ်။

နောက်တခုလဲ သတိပေးအုံးမယ်။ ငယ်တုံးရွယ်တုံးမှာ French kissing ကို အဖေါ်တွေ အများကြီးနဲ့ လုပ်ခဲ့သူဟာ Significantly increase the risk of meningitis ဦးနှောက်မြှေးရောင်ရောဂါ ရစေဘို့ ပိုပြီးနီးစပ်တယ်လို့ သုတေသန တခုက ဆိုပါတယ်။

Credit: ဒေါက်တာတင့်ဆွေ

ရည်းစားဟောင်းတွေ လုပ်လေ့လုပ်ထရှိတဲ့ စိတ်ပျက်စရာအချက် (၇)ချက်

သင့်ရဲ့ရည်းစားနဲ့ ပြတ်သွားပြီမို့ စိတ်ညစ်စရာတွေ၊ အာရုံနောက်စရာတွေ မရှိတော့ဘူးလို့ ထင်မိပါ
သလား။ တစ်ခါတစ်လေ ပြတ်သွားပြီးမှ သူတို့တွေရဲ့ အာရုံနောက်စရာ အပြုအမူတွေကြောင့် သည်းမခံချင်စရာကောင်းတဲ့အရာတွေ ထပ်ပေါ်လာနိုင်ပါသေးတယ်။ အဲ့ဒါတွေကတော့

၁။ဘာမှမဟုတ်တဲ့အကြောင်းအရာတွေကို ပို့ချင်တဲ့အချိန် sms ပို့တတ်တာမျိုး

ဥပမာ နင်အရင်တုန်းက ကြိုက်တဲ့ သီချင်း ခုရေဒီယိုမှာ လာနေတော့ နင့်ကို သတိရသွားတာနဲ့ sms ပို့လိုက်မိတာ ဆိုတာမျိုး။ ဇာတ်လမ်းပြီးသွားကာမှ အရစ်ရှည်နေတာတွေက မုန်းစရာကောင်းလွန်းပါတယ်။

၂။တစ်ခြားကောင်မလေးတွေနဲ့ ကိုယ့်ရှေ့မှာ အီစီကလီလုပ်ပြနေတာမျိုး

တစ်နေရာမှာ ရည်းစားဟောင်းနဲ့ ဆုံမိတဲ့အခါ ကိုယ့်ရှေ့မှာ တမင်သက်သက် တစ်ခြားကောင်မလေးတစ်ယောက်နဲ့ အကြည်ဆိုက်နေသလို အကဲပိုလုပ်ပြနေတာမျိုးတွေဟာလည်း စိတ်ပျက်စရာအတိပါပဲ။

၃။ကိုယ့်သူငယ်ချင်းတွေနဲ့ ချိန်းပြီး အပြင်သွားတာမျိုး

ကိုယ်နဲ့ရည်းစားဖြစ်နေချိန်တုန်းက ကိုယ့်သူငယ်ချင်းတွေနဲ့ပါ သူ့ကိုမိတ်ဆက်ပေးထားမိလေတော့ ခုပြတ်သွားပြီးတဲ့အခါ သူတို့တွေ အဆက်အသွယ်ရှိနေသေးတာ မဆန်းပါဘူး။ ဒါပေမယ့် ကိုယ့်ကိုရွဲ့ချင်တာကြောင့် ကိုယ့်သူငယ်ချင်းတွေကို အကြိမ်ကြီမ်ချိန်းပြီး သွားလာနေတာကတော့ လွန်လွန်းတာပေါ့လေ။

၎။သင့်ကောင်းကြောင်းတွေ လျှောက်ပြောနေတာမျိုး

တကယ်ပဲဖြစ်ဖြစ်၊ ရွဲ့တာပဲဖြစ်ဖြစ် ကိုယ်နဲ့ခင်မင်တဲ့သူတွေနဲ့ ဆုံတိုင်း ကိုယ့်အကြောင်းတွေ ကောင်းတာချည်း ရွေးပြောနေတာမျိုးကလည်း ကျေးဇူးတင်စရာ သိပ်မကောင်းလှပါဘူး။ အထူးသဖြင့် နောက်ကျသွားပြီမို့ ဒါတွေ ရပ်လိုက်ဖို့ ပြောချင်တာပါ။

၅။ညတိုင်းအပြင်ထွက်ပြီး ပုံတွေ တင်နေတာမျိုး

ကိုယ်မရှိတော့ ခုချိန်မှာ လွတ်လပ်သွားပြီဆိုတာ ပြချင်လို့ဖြစ်ဖြစ်၊ ပျော်နေတယ်ဆိုတာ သိစေချင်လို့ဖြစ်ဖြစ် ညတိုင်းအပြင်ထွက်၊ ဓာတ်ပုံတွေရိုက်၊ လူမှုကွန်ယက်တွေမှာ ပုံတွေ မနားတမ်းတင်နေတာဟာလည်း စိတ်ပျက်စရာအတိပါ။

၆။Instagram က ကိုယ့်ပုံတွေကို မနားတမ်း Like တွေ လုပ်တာမျိုး

ကိုယ်ဘာပုံပဲတင်လိုက်တင်လိုက် တစ်ချိန်လုံးကိုယ့်များ စောင့်ကြည့်နေသလား ထင်ရအောက်ကို တရစပ် Like တွေပေးနေတာကလည်း မဖြစ်သင့်ပါဘူး။

၇။ကိုယ်ခေါ်လို့ ရောက်ဖူးသွားတဲ့နေရာမှာ သူနဲ့တစ်ခြားသူတွေ တစ်ချိန်လုံး ရှိနေတာမျိုး

အရင်က ကိုယ့်စိတ်ကြိုက်နေရာလေးတစ်ခု သူ့ကို ခေါ်သွားပြီးနောက်ပိုင်း သူနဲ့တစ်ခြားသူ့အသိတွေ ဆက်တိုက်ရောက်နေတာကြောင့် ကိုယ်က ပြန်ရှောင်နေရတာလည်း နည်းနည်းစိတ်ပျက်စရာ ကောင်းပါတယ်။
Credit : Trend Myanmar

Monday, December 15, 2014

တရားစွဲမယ်

 တခါက အင်ဂျင်နီ ယာတစ်ဦး သေဆုံးသွား ရာ ငရဲပြည်သို့ မှားယွင်းပီး ကျလေ၏။

ထိုအခါ အင်ဂျင်နီယာဖြစ်သူသည် ငရဲပြည် တွင် နေထိုင် ရသည်မှာ ဒုက္ခ အကြီးအကျယ်ရောက်သဖြင့်.....

လေအေးပေးစက်များ တပ်ဆင်ခြင်း ၊ ဓါတ်လှေကားများ တပ်ဆင်ခြင်း ၊ နှင့် အခြားလိုအပ်သော ခေတ်မီ ကရိယာများကို

တည်ဆောက်တပ်ဆင်လေသည်။

တစ်နေ့တွင် နတ်ပြည်ရှိ သိကြားမင်းမှ ငရဲ ဘုံရှိ ယမမင်းထံ ဖုန်းဆက် ၍ အခြေအနေကိုမေး၏။

ထိုအခါ ယမမင်းမှ အားရ၀မ်းသာနှင့်.......

" အေးဗျ။ အားလုံးအဆင်ပြေတယ်။ အခု အသစ်ရောက် လာတဲ့ အင်ဂျင်နီယာက ငရဲဘုံ တစ်ခုလုံး ပြုပြင်လိုက်တာ

အရင်ကနဲ့ ဘာမှမဆိုင်တော့ဖူး ....သိကြားမင်းရေ........"..ဟု ပြန်ပြောလေသည်။

ထိုအခါ သိကြားမင်းမှ.......

" ဘာပြောတယ်။မင်းဆီကို အင်ဂျင်နီယာက ဘယ်လိုရောက်နေတာလဲ။မင်း ခုချက်ချင်း အဲဒီ အင်ဂျင်နီယာကို ငါ့ ဆီ ကိုပြန်ပို့ လိုက်။

မဟုတ်ရင်တော့ ........မင်းကိုငါတရားစွဲရလိမ့်မယ်..."..ဟု ဒေါသသံဖြင့်ပြောလေသည်။

ထိုစကားကြားပီး ယမမင်းမှ ပြန်ပြောလိုက်တာက......

" ဘာ ပြောတယ် တရားစွဲမယ် ဟုတ်လား။.......ဒါဆိုရင် ခင်ဗျား တရားစွဲဖို့ လိုက်ပေးမဲ့....ရှေ့နေတွေက ဘယ်မှာ ရှိနေတယ် ထင်လို့လဲ...."...တဲ့

Credit: kaleb1995

သားချော့တေး

တခါက...မြန်မာစကားမတတ်တတတ်ပြောဆိုနိုင်သောတရုတ်ကြီးနှင့် မြန်မာအမျိုးသမီးတစ်ဦးတို့အိမ်ထောင်ကျကာ....

သားတစ်ဦးမွေးဖွားလာပြီး........

-မြန်မာသားချော့တေးဖြင့် မိခင်ဖြစ်သူမှသီဆိုချော့သိပ်လေရာ.......

လူ--ကလေးရဲ့ ချော့စရာ----မိတ္ထီလာ-ကန် အောက်က-ဖါး---ကောက်ခဲ့ပါ-----ဖါးပါရင်------တစ်ကောင်ပေး----မျက်လုံးရယ် -ကြောင်တောင်တောင်နဲ့---ဖါး----ကောင်ကသေး--ဟေးအေ--

အသံနေအသံထားကောင်းကောင်းဖြင့်ချော့သိပ်နေသည်ကိုတရုတ်ကြီးမှ နားထောင်ကာပီတိ ဖြစ်ရင်း..........

မြန်မာသားချော့တေးဟာ-တကယ်နားထောင်လို့ကောင်းတာဘဲ-ရေကန်တွေကော-ဖါးတွေကောပါတယ် ၊ဟုမှတ်လျှက် လိုက်လံမှတ်သားထားလေ၏။

တစ်နေ့တွင် သားဖြစ်သူအား ပုခက်အတွင်းသိပ်ထားစဉ် မိခင်မှ လင်ဖြစ်သူအားအစောင့်ခိုင်းထားခဲ့ပြီး ဈေးသို့သွားလေ၏။

တရုတ်ကြီး တစ်ယောက်တည်းအိမ်တွင်စောင့်နေစဉ် သားဖြစ်သူနိုးလာရာ.........

တရုတ်ကြီးမှ သားအားကောက်ချီပြီး ၄င်းမှတ်သားထားသော သားချော့တေးဖြင့်အားရပါးရချော့သိပ်ပုံမှာ...........

---အေးအေ့အေး---မိထီလာကန်စိလယ်--ရေစိလယ်--ဖါးစိလယ် ---

အကောင်စေးလယ်---မျက်လုံးပူးလယ် -----အိပ်တော့။

--အေးအေ့အေး---မိထီလာကန်စိလယ်--ရေစိလယ်--ဖါးစိလယ် ---

အကောင်စေးလယ်---မျက်လုံးပူးလယ် -----အိပ်တော့။
Credit: kaleb1995

မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်း မြင်ချင်ပါသလား?

မနှိုင်းနဲ့
"သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက် ထိန်းနိုင်တယ်၊ သူ့ချစ်သူက ဘယ်လိုကြင်နာ တတ်တယ်"လို့ ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို တစ်ခြား မိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့် ရတာ မင်္ဂလာတစ်ပါးပါ။ မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကား တစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့ ချီးကျူး စကားတွေထက် ပိုတန်ဖိုးပါတယ်။

လျှစ်လျှူမရှူနဲ့
မိန်းကလေးတွေရဲ့ ခံစားမှုအာရုံက လှုပ်ရှားလွယ်တယ်။ ကိုယ်ချစ်တဲ့လူနဲ့ ပတ်သက် လာရင် မကောင်းတဲ့ဖက် တွေးမြင်လွယ်တယ်။ သဝန်တို၊ အူတိုလွယ်တယ်။ ကိုယ်အခက်အခဲ ကြုံတဲ့အခါ

သူ့ကို ဖွင့်ပြောတိုင်ပင်ပြီး မျှဝေခံစားမယ်။ သူဝမ်းနည်း အားငယ်တဲ့အခါ လက်ကို တင်းတင်း ဆုပ်
ကိုင်ပြီး အကြင်နာ ငွေ့တွေနဲ့ ကူညီအားပေးမယ်။ အလုပ်မသွားခင် ပုစဉ်းရေနား အနမ်းလေးနဲ့ နှုတ်ဆက်မယ်၊ အိမ်ရောက်ရင်လည်း ပြန်ရောက်ကြောင်း ပွေ့ဖက် နှုတ်ဆက်မယ်။
 အဲဒီလို ကိုယ့်အတွက် အပန်းမကြီးတဲ့ နှုတ်ဆက်ခြင်းတွေ၊ အပြုအမှုတွေက မိန်းကလေးတွေ အတွက် တစ်သက်လုံး တွေးတိုင်း ကြည်နူးစေ နိုင်ပါတယ်။

၃  မျက်နှာထား မပြနဲ့
မိန်းကလေး တစ်ယောက်ကို ဒေါသမျက်နှာနဲ့ တင်းပြတတ်တဲ့ ယောက်ျားလောက် ကြည့်ရဆိုးတာ 

မရှိဘူး။ ကိုယ်က အပြင်မှာ မအားမလပ် စီးပွါးရှာနေသလို သူလည်း အိမ်မှုကိစ္စ၊ ကလေးတွေနဲ့ အလုပ်ရှုပ်နေတယ်ဆို သတိရပေးပါ။ နောက်ကနေ လိုအပ်သမျှ ဖြည့်ဆည်းပေးတဲ့ သူရှိလို့ အပြင်မှာ ကိုယ် စိတ်ချလက်ချ အလုပ်လုပ် နိုင်တယ်ဆိုတာ သတိရပေးပါ။ ကိုယ်အလုပ်က ပြန်ရောက်ရင် " မိန်းမရေ.. ပင်ပန်းနေပြီလား" နဲ့ " မပင်ပန်း ပါဘူး.. အပြင်ထွက် အလုပ်လုပ်တဲ့ ယောက်ျားက ပိုပင်ပန်းတာ" ဆိုတဲ့ အပြန်အလှန် စကားပုံရိပ်တွေက လှပတဲ့ ပန်းချီကား တစ်ချပ်လိုပါပဲ လူကို ကြည်နူး စေပါတယ်။

၎  ပြိုင်ကြတယ်
ယောက်ျားတွေက အလုပ်ပြိုင်၊ ရာထူးပြိုင်သလို မိန်းကလေးတွေလည်း ကိုယ့်ယောက်ျား၊ ကိုယ့်ကလေးအကြောင်း ပြိုင်တတ်ကြတယ်။ ဒါကြောင့် လူတွေရှေ့မှာ မိန်းကလေးတွေကို 
မဟောက်၊ မအော်ဘဲ အကြင်နာတွေ၊ ဂရုစိုက်မှုတွေ ပေးပါ။ တစ်ခြားမိန်းကလေးတွေ မနာလိုဝန်တို ဖြစ်စေ လောက်တဲ့ အချစ်ကို ရထားတဲ့ မင်းသမီးလို့ သူ့ကိုယ်သူ ထင်မြင်အောင်
 ကြင်နာပြပါ။ သူဟာထက်မြက်တဲ့ မိန်းကလေးဖြစ်ခဲ့ရင် ကိုယ့်အပေါင်းသင်း ရှေ့မှာလည်း ကိုယ်ဟာ မိန်းမကို ဂရုစိုက် ကြင်နာသူအဖြင့် သူမျက်နှာသာ ပြန်ပေးပါလိမ့်မယ်။

သစ္စာ၊ ယုံကြည်ခြင်း၊ ခွင့်လွတ်ခြင်း၊ နားလည်ခြင်း
လူနှစ်ယောက် ပေါင်းစပ်ဖို့ ဒါတွေ လိုအပ်ပါတယ်။ ကိစ္စတိုင်းကို ဖွင့်ပြော တိုင်ပင်သင့်တယ် ဆိုပေမယ့် တစ်ခါတလေ မတတ်သာတဲ့အချိန်မှာ ချိုသာတဲ့ မုသားကိုလည်း သုံးနိုင်ပါတယ်။ ပြဿနာတစ်ခုခု ရင်ဆိုင်ရပြီဆိုရင် မိန်းကလေးကို အပြစ်မတင်ခင် ကိစ္စတစ်ခုရဲ့ အတိမ်၊ အနက်ကို ဝေဖန်ပိုင်းခြား တတ်ဖို့ လိုပြီး ရှုထောင့် အဖက်ဖက်ကနေ အရင်ကြည့်ရှု ခံစားပေးပါ။

မရိုက်နဲ့
မိန်းကလေး တစ်ယောက်ကို ရိုက်တတ်တဲ့ ယောက်ျားလောက် အောက်တန်းကျတာ မရှိဘူး။ သူ့ကို တကယ်ချစ်ရင် အပြန်အလှန် လေးစားမှုဆိုတာ ရှိသင့်တယ်။ လက်မပါသင့်ဘူး။ သူ့ကို မချစ်တော့ရင် ကိုယ့်နှလုံးသားကို ပြန်မေးကြည့်ပါ။ သူ့ကိုပျော်အောင် ဆက်ထားနိုင်မလား? တကယ်လို့ မထားနိုင်ခဲ့ရင် ဆုပ်ကိုင်မထားပါနဲ့။ လက်လွတ်လိုက်ပါ၊ သူ လွတ်လပ်ပါစေ။

၇  နူးညံ့ပါ
မိန်းကလေး တစ်ယောက်ဟာ ဘယ်လောက်ပဲ ထက်မြက်နေပါစေ ယောက်ျားတစ်ဦးရဲ့ ဦးဆောင် ဆုံးဖြတ်မှုကို ပိုအလေးထားကြတယ်။ ဒါမှ ကိုယ့်အတွက် ဘေးကင်း လုံခြုံတယ်လို့ ထင်တတ်

 ကြတယ်။ မိန်းမတွေဟာ ယောက်ျားတွေရဲ့ နူးညံ့ သိမ်မွေ့တာကို မလွန်ဆန်နိုင်ဘူး။ တကယ်လို့ မိန်းမတစ်ယောက်ရဲ့ နူးညံ့သိမ်မွေ့မှုက ယောက်ျား တစ်ယောက်ကို ရင်ဆိုင်ဖို့
လက်နက် ဖြစ်ခဲ့တယ်ဆိုရင် ယောက်ျား တစ်ယောက်ရဲ့ နူးညံ့မှုက မိန်းကလေးအတွက် အဏုမြူပဲ ဖြစ်တယ်။ ဒါပေမယ့် မိန်းကလေးတွေမှာ မွေးရာပါ မိခင်စိတ် ရှိတာကြောင့် တစ်ခါတလေ ကိုယ့်ကို ကလေးလေး တစ်ယောက်လို အစစအရာရာ စိုးရိမ်စိတ်တွေပိုပြီး ဗျစ်တောက် ဗျစ်တောက် လိုက်ပြောမယ်။ အလိုလိုက် တတ်သလို၊ ဟိုဟာမလုပ်နဲ့ ဒီလိုလုပ်လို့ လိုက်စွက်ဖက်မယ်။ ဒါတွေကို အပြစ်မမြင် ဗွေမယူ၊ ဒေါသမထွက်ဘဲ နူးညံ့ပေးပါ။ သူဟာ မိခင်စိတ်ရှိတဲ့ မိန်းမသား ဖြစ်နေလို့ပါပဲ။

မိသားစုဟာ ပထမ

ယောက်ျားတွေဟာ အလုပ်ကို တာဝန်ယူရတယ်။ အလုပ်အတွက် စာရိတ္တ ကောင်းရတယ်။ အလုပ်ထဲမှာ ပျော်ရွှင်အောင် နေတတ်ဖို့နဲ့ အလုပ်ရဲ့ ကျေးကျွန်မဖြစ်ဖို့ သိတတ်ရတယ်။ အလုပ်လုပ်
တာဟာ မိသားစု ပျော်ရွှင်ဖို့အတွက်၊ မိသားစု စားဝတ်နေရေး အတွက်ဆိုရင် ကိုယ်ချစ်တဲ့ သူနဲ့ ကိုယ့်သားသမီးတွေ ပျော်ရွှင်ဖို့ ကိုယ်နဲ့အတူနေခွင့် အချိန်ကို မကြာခဏပေးပါ။

၉  ယောက္ခမ ဆိုတာလည်း မိဘပဲ
မိန်းမကို တကယ်ချစ်ရင် သူ့မိဘတွေကိုလည်း ချစ်ပါ။ စိတ်ထဲမှာ ဒါ ကိုယ့်မိဘတွေပဲလို့ ထည့်ထားပါ။ ယောက္ခမ တွေကို ကိုယ့်မိဘအရင်းလို သဘောထားနိုင်ရင် သူတို့ကလည်း ကိုယ့်

ကို သားအရင်းလို သဘောထား ကြပါလိမ့်မယ်။ လူတွေက အသက်ကြီး အိုမင်းလာရင် 
ကလေးလေးနဲ့ တူသွားတတ်သတဲ့။ ဒါကြောင့် တစ်နေ့ တစ်ခြား အိုမင်းလာတဲ့ ယောက္ခမ၊ မိဘတွေ
ကို ကလေးတစ်ယောက် သဘောထားပြီး ဂရုစိုက်ပါ၊ ပြုစုပါ။ သူတို့ ပျော်ရွှင်အောင် ချော့မြူပါ။ ကိုယ်
လဲ တစ်နေ့နေ့မှာ အိုမင်း လာနိုင်တဲ့အတွက် ကြည့်မှန်တစ်ချပ်ကို ပြုလုပ်နေသလိုပဲ ကိုယ့်သားသ
မီးတွေ အတုယူနိုင်ဖို့ လူအိုတွေကို ဘယ်လိုဂရုစိုက် လေးစားရမယ် ဆိုတာကို သူတို့ သိမြင်ပါစေ။ ဒါမှ နောင်တစ်ချိန်မှာ ကိုယ့်ကို သူတို့ပြန်လေးစား ပါလိမ့်မယ်။

၁၀  ကြည့်တတ်တယ်
မိန်းမလှလေးတွေ မြင်ရင် ယောက်ျားလေးတွေကြည့်တတ်ကြသလို ယောက်ျားလေး ချောချောတွေကို

 မြင်ရင်လည်းမိန်းကလေးတွေကြည့်တတ်ပါတယ်။ဒါကိုသဝန်တို၊စိတ်တို နိုင်ပေမယ့် ချောတဲ့ ယောက်ျား
ကိုကြည့်တဲ့ မိန်းကလေးရဲ့အကြည့်က ချောတဲ့ မိန်းကလေးကို ကြည့်တဲ့ ကိုယ့်အကြည့်ထက် ရိုးသားပါတယ်။ မိန်းကလေးတွေ ကြည့်တဲ့ အကြည့်က လှတဲ့ ပစ္စည်းတစ်ခု၊ ပန်းချီကား တစ်ချပ်ကို ကြည့်ရှုခံစား သလိုပဲ ယောက်ျားလေးတွေလို ကြည့်ပြီး စိတ်ကူးယဉ်တာတွေ မပါပါဘူး။

မိန်းကလေးဖက်ကနေဝင်ရောက်ခံစားတတ်ဖို့လည်းလိုပါလိမ့်မယ်။ကိုယ်ဟာသူ့ရဲ့အချစ်ရဆုံး ဖြစ်တဲ့အ

တွက် သူ့ကို နားလည်ပေးပါ။ အားပေးပါ။ ခွင့်လွတ်ပေးပါ။အသိ တခု တိုးပွားကြပါစေ။

Credit : Satekuupuya

Sunday, December 14, 2014

ဆေးပညာနှင့် ပတ်သတ်သည့် အယူအဆအမှားများ


အင်္ဂလိပ်ဆေးနှင့်သံပုရာရည်

အင်္ဂလိပ်ဆေးနှင့် သံပုရာရည် ၊သို့ မဟုတ် အချဉ်လုံးဝမတည့်ဟူသော
အယူအဆအမှားမှာ လူ ၁၀၀ တွင် လူ ၉၀ ကျော်၏ စိတ်၌စွဲမြဲစွာ
ယုံကြည်လျက်ရှိသည်။ အချဉ်စားမိလို့  ဆေးမသောက်ဖြစ်ဘူး အချဉ်စားထားမိလို့
ဆေးမထိုးပေးပါနဲ့ဆရာ အချဉ်စားပြီး ဘယ်လောက်ကြာ ဆေးသောက်ရမလဲ
စသည့်စကားမျိုးမကြာခဏကြားရသည်။
မည်သူမည်ဝါဖြင့်ဆေးထိုးပြီးသံပုရာရည်သောက်မိလို့ ဆေးရုံတင်လိုက်ရတယ် ။
သေသွားပြီဆိုသော ကောလဟာလများပင်ကြားရတတ်သည်။

ရှေးနှစ်ပေါင်းများစွာက အင်္ဂလိပ်ဆေးအချို့ သည် အချဉ်နှင့်ဓာတ်မတည့်တာမျိုး
ရှိကောင်းရှိခဲ့နိုင်သည်။ ယနေ့ အချိန်တွင် အချဉ်နှင့်မတည့်သောဆေးဟူ၍
လုံးဝမရှိပါ။ ကုမ္ပဏီအမျိုးမျိုးမှ ထုတ်လုပ်လျက်ရှိသော သောက်ဆေးထိုးဆေး
အမျိုးမျိုးတွင် အချဉ်နှင့်မတည့်ပါဟု တားမြစ်ချက်ရှိသောဆေးဟူ၍ မရှိပါ။
အချဉ်နှင့်အင်္ဂလိပ်ဆေး မတည့်ခြင်းဆိုသည်မှာ အယူအဆမှားတစ်ခုသာဖြစ်ကြောင်း
သိစေချင်သည်။


အင်္ဂလိပ်ဆေးသောက်လျှင်မစာရှိမှသောက်ရမည်

အထက်ပါယူဆချက်မှာလည်း အမြဲမှန်ကန်မှုမရှိပါ ။ လူအများစုသည်
ဆေးသောက်တော့မည်ဆိုလျှင် အစာတစ်ခုခုအလျင်စားကြသည်။ ပြီးမှသောက်ကြသည်။
ဆေးများသည် အစာမစားမီသောက်ရသောဆေး၊ အစာစားပြီးသောက်ရသောဆေး
၊အစာနှင့်ဝေးအောင်နေပြီးမှသောက်ရသောဆေး ဟူ၍အမျိုးမျိုးရှိသည်။

တချို့ သောဆေးများသည် အစာနှင့်ဝေးဝေးသောက်မှ အာနိသင်ကောင်းသည်။
အထူးသဖြင့် ပဋိဇီဝပိုးသတ်ဆေးများ ဖြစ်ကြသည်။ အစားနီးလျှင်သို့ မဟုတ်
အစာစားပြီးမှသောက်လျှင် ဆေးအားစုပ်ယူနိုင်မှု စွမ်းအားမကောင်းသဖြင့်
လိုသောအာနိသင်မရနိုင်ပေ ။

မည်သည့်ဆေးကို မည်သည့်အချိန်၌ သောက်ရမည်ဆိုခြင်းကို
မိမိအားဆေးသောက်ရန်ညွှန်ကြားသော ဆရာဝန်၊သို့ မဟုတ်
ကျန်းမာရေးဝန်ထမ်းများအား သေသေချာချာမေးမြန်းသင့်ကြသည်။


တက်သည့်ကလေးကို ၀ိုင်းဝန်းခြေမချိုးပေးကြ၊ ခြေမလက်မချိုးကြသည့်လုပ်ဆောင်မှု

ကလေးငယ်များသည် ကိုယ်အပူကြီးလျှင် တက်တတ်ကြသည်။ ကလေးငယ်တက်လျှင်
ဝိုင်းဝန်းနှိပ်ကြသည်။ ခြေမလက်မတို့ ချိုးတတ်ကြသည်။ ကလေးငယ်သည်
အလိုအလျောက်အတက်ကျသွားလျှင် နှိပ်လို့ ၊ ခြေမလက်မချိုးလို့ 
အတက်ကျသွားသည်ဟု ထင်နေကြသည်။ ဤသို့ သော အယူအဆသည် မှားယွင်းပါသည်။
ကလေးငယ်တက်လျှင် နှိပ်ခြင်း ၊ခြေမလက်မချိုးခြင်း လုံးဝမပြုလုပ်သင့်ပါ ။
အပူကြီး၍ တက်သည်ဆိုလျှင် ကိုယ်အပူချိန်ကျအောင် လုပ်ဆောင်ပေးရန်သာဖြစ်သည်။


အကြောတက်ခြင်းနှင့်အကြောဆေးသွင်းခြင်း

အကြောတက်လျှင် အကြောဆေးသွင်းရမည် ဟူသောထင်မြင်ယူဆချက်မှာလည်း
အယူအဆမှားတစ်ခုသာဖြစ်သည်။
ဆေးဝါးများကိုထုတ်လုပ်ရာတွင် စားဆေး၊ထိုးဆေး၊လိမ်းဆေး ၊ရှူဆေးစသည်ဖြင့်
အမျိုးမျိုးထုတ်လုပ်ကြသည်။ ထိုဆေးများကိုပင်အသားဆေး ၊အကြောဆေး၊
အရေပြားအတွင်းထိုးဆေး၊ အရေပြားအောက်ကပ်လျက်ထိုးဆေး
စသည်ဖြင့်ထိုးနည်းအလိုက် ခွဲထားပေးသည်။
အကြောဆေးကို ဆေး၏အာနိသင် လျင်မြန်စွာလိုအပ်သောအခါ သုံးတတ်ကြသည်။
အကြောဆေးသည် သွေးကြောအတွင်း တိုက်ရိုက်ထိုးသွင်းသဖြင့်
ခေါ်ဝေါ်သောအသုံးအနှုန်းဖြစ်သည်။ အကြောရောဂါများကို ပျောက်စေသည့် သို့မဟုတ်
အကြောတက်ပျောက်စေသည့်ဆေး မဟုတ်ပါ။
အကြောတက်ပျောက်ရန် လိမ်းဆေး၊ သောက်ဆေး၊အသားထိုးဆေး၊ စသည်တို့ဖြင့်လည်း
ပျောက်ကင်းအောင်ကုသနိုင်သည်။ အကြောတက်လို့ အကြောဆေးထိုးပေရန်
တောင်းဆိုတတ်ကြသော လူနာတစ်ချို့ သတိပြုကြရန်ဖြစ်သည်။


ခွေးကိုက်သည့်ဒဏ်ရာမန်းမှုတ်ထားလျှင်ဆေးမထည့်ရ

ဆေးခန်းသို့ ခွေးကိုက်ဒဏ်ရာဖြင့် ရောက်လာသော လူနာတချို့ သည်
အနာကိုမန်းမှုတ်ထားလို့ ဆေးမထည့်ပါနဲ့ ဆေးထိုးပြီးသောက်ဆေးပဲပေးပါ
ဟုတားမြစ်မှုတောင်းဆိုမှုများ ပြုလုပ်တတ်ကြသည်။ ခွေးကိုက်ဒဏ်ရာသည်
မန်းမှုတ်ရုံဖြင့် ပျောက်မည်မဟုတ်ပါ။ ဒဏ်ရာမှပိုးဝင်နိုင်သည်၊
အနာပြည်တည်နိုင်သည်။ မေးခိုင်ရောဂါလည်း ၀င်နိုင်သေးသည်။ အနာကို
စင်ကြယ်အောင်ရေဆေးပြီး ဆေးထည့်ရန် လိုမည်ဖြစ်သည်။
တစ်ခါတစ်ရံဒဏ်ရာကြီးလျှင် ချုပ်ဖို့ လည်းလိုတတ်သည်။
ဤမှားယွင်းသောအယူအဆကိုလည်း သိရှိနားလည်ပြီး ပြုပြင်ရန် လိုအပ်ပြီဖြစ်သည်။


အားဆေးမသောက်ရခြင်းများ

လူနာတချို့ သည် အားဆေးသောက်ရန် ဆရာဝန်ကညွှန်ကြားသောအခါ
သွေးတိုးရှိသည်ဟူသောအကြောင်းပြချက်ဖြင့် ဆေးသောက်ရန် ငြင်းဆိုတတ်ကြသည်။
အားဆေးသောက်လျှင် သွေးတိုးပိုဆိုးစေသည်ဟု လက်ခံနေကြသည်။ အချို
့နေထိုင်မကောင်းပြီး ဖျားနေသောလူနာများသည်လည်း အားဆေးမသောက်ရဲကြချေ ။
အားဆေးသောက်လျှင် ရောဂါပိုဆိုးမည်ဟု ယူဆကြသည်။အားဆေးဟုဆိုရာတွင်
အများအားဖြင့် ဗီတာမင်များ၊ သတ္တုဓာတ်များ ၊အမိုင်နိုအက်ဆစ်များ
အဓိကပါဝင်ကြသည်။ အားဆေးတွင်ပါဝင်သော ဓာတ်ပစ္စည်းများသည် သွေးတိုးခြင်းကို
ပိုမိုမဆိုးစေနိုင်ပါ။ သတ္တုဓာတ်တစ်မျိုးဖြစ်သော ဆိုဒီယမ်သည်
သွေးတိုးနှင့်မတည့်ပါ သွေးတိုးရောဂါကို ပိုဆိုးစေသည်။
သို့သော်အားဆေးတွင်ပါဝင်သော သတ္တုဓာတ်များမှာ သံဓာတ် ၊ ဇင့် ၊ ကိုဘော့
စသည်တို့သာဖြစ်သည်။ ဆိုဒီယမ်ကို မည်သည့်အားဆေးမျိုးတွင်မှ
ထည့်သွင်းထားခြင်းမရှိပေ ။ အားဆေးကြောင့် ဖျားနာခြင်းကိုလည်း
ပိုမိုဆိုးစေခြင်းမရှိပါ။
သွေးတိုးနေလျှင်ဖြစ်စေ နေထိုင်မကောင်း ဖျားနာနေလျှင်ဖြစ်စေ ဆရာဝန်၏
ညွှန်ကြားချက်ရှိလျှင် စိတ်ချယုံကြည်စွာ အားဆေးများကိုသောက်နိုင်ကြသည်။ အန
္တရာယ် တစ်စုံတစ်ရာမရှိနိုင်ကြောင်းသိစေလိုသည်။

မူရင်း ..... ဒေါက်တာအေးကျော် နှင့် အချစ်တက္ကသိုလ်

ထိုင်တာများလို့ ခါးနာတာ ညောင်းတာ မဖြစ်ရအောင်

ကိုယ်တိုင်လည်း ထိုင်တာများပြီး ခါးညောင်းတတ်တယ်။

တစ်ခါတစ်ခါ ကိုယ့်ခါးကို ပြန်နှိပ်တဲ့အခါနှိပ်ရင် အညောင်းဆန့်တဲ့အခါဆန့်ရင်း အညောင်းဖြေပါတယ်။

များသောအားဖြင့် ဓါတ်လှေကားစောင့်နေရင်းဖြစ်ဖြစ်၊ တစ်ခုခုထယူရင်းဖြစ်ဖြစ် ခါးကိုလှည့်ပြီး အညောင်းဖြေဖြစ်ပါတယ်။

ကိုယ့်လိုပဲ သူများတွေလည်း ညောင်းတတ်မယ်။ ညောင်းတာနည်းအောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ နည်းလမ်းလေး ဝေမျှလိုက်ပါတယ်။

တနေရာထဲမှာ နာရီများစွာထိုင်ပြီး အလုပ်လုပ်ရင် ခန္ဓာကိုယ်ရဲ့ အလေးချိန်ဟာ တင်ပါးပေါ်မှာ ကျရောက်နေတတ်ပါတယ်။ အဲဒီလို နာရီများစွာ ထိုင်တဲ့အခါ ထိုင်ပုံက ပျင်းတိပျင်းတွဲ ဖြစ်နေရင် ခန္ဓာကိုယ်ပုံသဏ္ဍာန် ပျက်ယွင်းတာကစပြီး အသက် ၄၅-နှစ်အောက် လူများမှာဆိုရင် ခါးနာရာက မသန်မစွမ်းဖြစ်တဲ့အထိ အန္တရာယ်ရှိနိုင်ပါတယ်။ အလုပ်ခွင်မှာဖြစ်စေ၊ နေအိမ်မှာဖြစ်စေ တနေရာတည်း နာရီများစွာ မလှုပ်မယှက် ထိုင်နေတာများလာရင် တင်ပါးအသားတွေ ပျော့တွဲလာတာ၊ သွေးကြော ပိတ်တာတွေလည်း ဖြစ်တတ်ပါသေးတယ်။

ထိုင်နေတဲ့အခါ မတ်တတ်ရပ်အနေအထားထက် ပိုပြီး ကျောရိုးမှာ ဖိအားသက်ရောက်မှု ရှိတတ်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကို အင်္ဂလိပ်အက္ခရာ C-ပုံသဏ္ဍာန် လက်ပြင်ကုန်းပြီး ထိုင်ရင်တော့ ကျောရိုးပေါ် သက်ရောက်တဲ့ ဖိအားဟာ နှစ်ဆပိုလာပါပြီ။ အဲဒီလိုပုံစံနဲ့ထိုင်ရင် မလှုပ်မယှက်နေတဲ့အခါ ကျောရိုးထဲက အရိုးကွင်းဆက်တွေအတွက် လိုအပ်တဲ့ အာဟာရမရရှိတော့ပါဘူး။ ခန္ဓာကိုယ်လှုပ်ရှားမှု ရှိနေမှသာ အဲဒီအရိုးကွင်းဆက်တွေက လိုအပ်တဲ့ အာဟာရကို သွေးကြောတွေက ထောက်ပံ့ပေးနိုင်တာပါ။

အဖြစ်များတဲ့ ခါးအောက်ပိုင်းနာကျင်မှု အပါအ၀င် အထိုင်များလို့ ဖြစ်ရတဲ့ ဝေဒနာတွေကို ရှောင်လွဲနိုင်တဲ့နည်းလမ်းတွေကတော့

၁။ ထိုင်လျက် တသက်မတ်ထဲ မနေဘဲ ပုံစံပြောင်းပါ။ ၁၅-မိနစ် ဒါမှမဟုတ် နာရီဝက်တခါလောက် ထိုင်ရာက ထပြီး လက်နှစ်ဖက်ကို ခါးနောက်မှာ ယှက်ထားကြည့်ပါ။ ဖုန်းပြောတဲ့အခါ မတ်တတ်ရပ်ပြီးပဲ ပြောသင့်ပါတယ်။ ထိုင်လျက်အနေအထားမှာ ၀မ်းဗိုက်ကြွက်သားတွေကို ကျုံ့စေပါတယ်။ ဒါကြောင့် ထိုင်လျက်ပြောမယ်ဆိုရင်လည်း ခန္ဓာကိုယ်ကိုယ် မတ်မတ်ထိုင်ပြီး ကျောမှီထားပါ။

၂။ တတ်နိုင်သူတွေကတော့လမ်းလျှောက်လေ့ကျင်ခန်း စက်ကိရိယာ (Treadmill) တွေ အသုံးပြုပြီး ပြုလုပ်သင့်ပါတယ်။

၃။ ခါးအတွက်တော့ ဆောင့်ကြောင့်ထိုင်တာက ခုံနဲ့ထိုင်တာထက် ပိုကောင်း ပါတယ်။ အကြောင်းကတော့ ဆောင့်ကြောင့်ထိုင်တဲ့အခါ ခန္ဓာကိုယ်ရဲ့အလယ်ပိုင်းက အလေးချိန်အများစုဟာ ပေါင်တွေပေါ်မှာ သက်ရောက်မှုရှိနေလို့ ဖြစ်ပါတယ်။ ဆောင့်ကြောင့်ထိုင်တဲ့အခါ ဦးခေါင်းနဲ့ပုခုံးတွေကို မတ်မတ်ထားပြီး ထိုင်ရင် ခါးရဲ့သဘာဝအနေအထားကို ရရှိနိုင်ကြောင်း ကျွမ်းကျင်ဆရာဝန်တဦးက ဆိုပါတယ်။

၎။ ရုံးမှာဖြစ်ဖြစ် ကားပေါ်မှာဖြစ်ဖြစ် ထိုင်တဲ့အခါ ခါးရဲ့သဘာဝပုံစံ အနေအထားကို ဖြစ်ပေါ်စေဖို့ ထိုင်ခုံပေါ်မှာ ခါးမှီတခုခု (Lumbar roll) ထားရှိသင့်ပါတယ်။

၅။ လက်ပြင်ကုန်းပြီး ထိုင်တာကြာလာရင် အဲဒီလိုပုံစံကနေ မတ်မတ်ထိုင်တဲ့ ပုံစံကို တကြိမ်မှာ ၁၀-ခါကနေ ၁၅-ခါအထိ တနေ့သုံးကြိမ် ပြုလုပ်သင့်တယ်။

၆။ ညဘက်မှာ အထိုင်များလို့ ခါးညောင်းတယ် နာတယ်ဆိုရင် အိပ်ယာထဲမှာ ဘေးကိုစောင်းလို့ ဒူးနှစ်ဘက်ကွေးပြီး ရင်ဘက်အတွင်းထဲထည့်လို့အိပ်ပါ။

အဲဒီလိုအိပ်ခြင်းအားဖြင့် ခါးကို ဆွဲဆန့်ထားသလိုဖြစ်ပြီး အညောင်းအညာပြေစေပါတယ်။

ကဲ ခါးဆိုတာက တကယ်တော့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် ဂရုစိုက်ကြပါလို့ အကြံပေးရင်း အားလုံးပျော်ရွှင်ကြပါစေ။

Credit to @ မေမွန်ကျော် facebook & ဒေါက်တာလမ်းမတော်သား@အချစ်တက္ကသိုလ်

စိတ်ဖိစီးမှုရှိကြောင်း ဖော်ပြတဲ့လက္ခဏာငါးရပ်

သူသူကိုယ်ကိုယ်လူသားအားလုံးတိုင်း အနည်းနဲ့အများဆိုသလိုစိတ်ဖိစီးမှုကိုယ်စီရှိတတ်ကြပါတယ်။ နောက်ဆုံးလေ့လာစမ်းသပ်မှုများအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၄၂ နိုင်ငံရှိ အမျိုးသမီးဦးရေ ၁၅ဝဝဝဝ ထက်မနည်း အကြောင်း အမျိုးမျိုးကြောင့် စိတ်ဖိစီးမှုတွေခံစားနေကြရပြီး ၄င်းအမျိုးသမီးများဟာ ကိုယ်လက်လှုပ်ရှား အားကစား ကျန်းမာရေး အသိလည်း လွန်စွာညံ့ဖျင်းကြတယ်လို့ Northwestern University Feinberg School of Medicine မှ ပရော်ဖက်ဆာ Nancy Molitor ကဆိုပါတယ်။

မည်သို့ပင်ဆိုစေကာမူအမျိုးသား ဖြစ်စေ၊ အမျိုးသမီးဖြစ်စေ လူသား အားလုံးတိုင်း အိပ်ရေးဝဝအိပ်စက် ခြင်း၊ ကျန်းမာရေး နှင့် ညီညွတ်မျှ တစွာ စားသောက်နေထိုင်ခြင်း၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၊အရာရာ ကို အကောင်းမြင်စိတ်ဖြင့် ကြည့်ရှု ခြင်း၊ မိမိစိတ်ကိုထိန်းချုပ်နိုင်ခြင်း၊ တရားမှတ်ခြင်း၊ ယောဂကျင့်ခြင်း၊ ပေါင်းသင်းဆက်ဆံရေးကောင်းမွန် ခြင်းတို့ဖြင့် စိတ်ဖိစီးမှုကိုအထိုက်အလျောက်ဖြေလျှော့နိုင်ပါတယ်။

 အကယ်၍ စိတ်ဖိစီးမှုတွေလျှော့မချနိုင်ခဲ့ရင်တော့ ရေရှည်မှာအဝ လွန်ရောဂါ၊စိတ်ရောဂါနှင့် နှလုံးရောဂါတွေဖြစ်လာဖို့ရာခိုင်နှုန်းပြည့်သေချာနေပါပြီ။ (တချို့ဆိုမိမိကိုယ် ကိုအဆုံးစီရင် တဲ့အထိပြုကြပါတယ်) တစ်ခါတစ်ရံမှာမိမိကိုယ်ကိုတောင် စိတ်ဖိစီးခံစားနေရကြောင်း သတိမထားမိကြပါဘူး။ အောက်ဖော် ပြပါလက္ခဏာများကစိတ်ဖိစီးခြင်း နှင့်ဆက်စပ်နေတာကြောင့် ရောဂါ မပြင်းထန်မီကြိုတင်ဆင်ခြင်နိုင်ကြ ပါစေကြောင်း အကြံပြုလိုက်ရပါ တယ်။ ဗိုက်အောင့်ခြင်း ဦးနှောက်အာရုံခံ အင်္ဂါအဖွဲ့ အစည်းတွေက အူသိမ်အူမတွေနှင့် ဆက်နွှယ်နေတာမို့ စိတ်ဖိစီးမှုဖြစ်တဲ့အခါ အစာခြေလမ်း ကြောင်းကို ကမောက်ကမဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် စိတ်ဖိစီးမှုများတဲ့သူတွေ မှာ အစာမကြေ၊ဝမ်းချုပ်၊ပျို့အန်၊ ဗိုက်အောင့်ခြင်းတွေ ဖြစ်တတ်ပါတယ်။ အဲဒီလိုဝေဒနာခံစားရတဲ့အခါ မှာ ရေများများသောက်ရင်း အမျှင်ဓာတ်များတဲ့ အစားအစာတွေကို စားပေးသင့်ပါတယ်။ (အချို့သူ တွေမှာတော့စိတ်ဖိစီးမှုများတဲ့အခါ ဝမ်းသွားတတ်ပါတယ်)'ဗိုက်အောင့် တယ်' လို့ လာပြတဲ့လူနာအများစု ကိုစစ်ဆေးကြည့်တဲ့အခါ စိတ်ပိုင်းဆိုင်ရာပြဿနာရှိသူတွေအဖြစ်များ ကြကြောင်း Baylor College of Medicine ဆေးဝါးတက္ကသိုလ်မှ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ပါရဂူဖြစ်သူ Bincy Abraham က ဆိုပါတယ်။

ဆံပင်ကျွတ်ခြင်း ဥပမာရုတ်တရက်အလုပ်လက်မဲ့ ဖြစ်သွားသူများ၊ချစ်သူ(သို့မဟုတ်) အိမ်ထောင်ဖက်နှင့်လမ်းခွဲသူများ မှာစိတ်ဖိစီးမှု ဝေဒနာ ပြင်းပြစွာခံစား ရလေ့ရှိတာကြောင့် ထိုကိစ္စကြုံ တွေ့ပြီးသုံးလမှခြောက်လထိတိုင် အောင် ဆံပင်တွေ သိသိသာသာ ကျွတ်တတ်ပါတယ်။ တချို့ဆိုစိတ် ဖိစီးမှုဒဏ်ကြောင့်တစ်နေ့လျှင်အပင် ၁ဝဝ လောက်ထိဆံပင်ကျွတ်ထွက် ကုန်ပါတယ်။ အကယ်၍ စိတ်ဖိစီး မှုများနေစဉ် androgens (ခေါ်) အမြင့်မားဆုံးလိင်စိတ်နိုးကြွဆေးဝါး ကိုသောက်မိတဲ့အခါမှာ ဆံပင် တွေ အထွေးလိုက်ကျွတ်ထွက်နိုင်ကြောင်း၊ အဲဒီလို ဆံပင်တွေကျွတ်ထွက်ခြင်း အတွက် ဖြည့်စွက်စာအဖြစ် ဗီတာ မင်ဓာတ်ပြည့်ဝတဲ့ အစားအစာတွေ စားပေးသင့်ကြောင်း ကယ်လီဖိုးနီးယားရှိ Santa Barbara ဆေးရုံမှ အရေပြား ပါရဂူတစ်ဦးဖြစ်သ Ro-bertaSengelmann ကဆိုပါတယ်။

မျက်ခွံတဆတ်ဆတ်လှုပ်ခြင်း မိနစ်အတော်များများကြာ အောင်မျက်ကြောဆွဲပြီးမျက်ခွံတွေလှုပ်နေခြင်းက စိတ်ဖိစီးတဲ့အခါ အများဆုံးဖြစ်လေ့ရှိကြောင်း၊ တချို့သူတွေမှာ မျက်ခမ်းပတ်ပတ်လည် လှုပ်တတ်ကြောင်း၊မျက်စိခြောက်သွေ့ရောဂါရှိသူတွေမှာလည်း မျက်ကြောဆွဲ တတ်တာကြောင့်မျက်ရည်တုမျက်စဉ်းခပ်ပေးခြင်းဖြင့်သက်သာသွားကြောင်း၊ The American Academy of Ophthalmology (ခေါ်) အမေရိကန်မျက်စိဆေးရုံမှ ပါရဂူဖြစ်သူ Anne Sumers က ဆိုပါတယ်။ အဲဒီလိုဖြစ်တဲ့အခါ မျက်လုံးလေးမှိတ်ပြီး ခေတ္တအနား ယူရင်းလေး စက္ကန့်လောက်လေ ပြင်းပြင်းရှူသွင်းပါ။ ထိုရှူသွင်း လာတဲ့လေကို ခုနစ်စက္ကန့်လောက် ထိန်းထားပါ။ ပြီးတော့မှ ရှစ်စက္ကန့် လောက် အသက်ပြင်းပြင်းရှူထုတ်ပစ်လိုက်ပါ။

အဲဒီလိုလေရှူသွင်း-အောင့်ထား-လေရှူထုတ်ခြင်းကို လေးကြိမ်လောက်ပြုလုပ်ရင်းလှုပ် နေတဲ့မျက်ခွံပေါ်မှာ လက်ညှိုးလေး ကို ခပ်သာသာဖိတင်ထားပါ။ ဝက်ခြံဖုများထွက်လာခြင်း ဆံပင်တွေလိုပဲ၊ အရေပြားတွေကလည်း စိတ်ဖိစီးမှုဒဏ်ကိုခံနိုင်ရည်မရှိကြပါဘူးတဲ့။အအိပ်အစားနှင့်ရာသီဥတုရုတ် တရက် ပြောင်းလဲမှုကြောင့်သော်လည်းကောင်း၊သန္ဓေတားဆေးမှီဝဲစားသုံးရခြင်းကြောင့်လည်းကောင်းတစ်ခါတလေ၀က်ခြံ ပေါက် ခြင်းကဖြစ်လေ့ဖြစ်ထသဘာဝမို့ ပြဿနာမဟုတ်သော်လည်း ခဏခဏဆိုသလိုအဖုအပိမ့်နှင့်ဝက်ခြံတွေ ထွက် လာရင် တော့ အရေပြားမှာ နာတာရှည်ပြဿနာ ဖြစ်လာနိုင်ကြောင်းအရေပြားရောဂါ အထူးကု Sengelmann က ဆိုပါ တယ်။

 ဒါကြောင့် စိတ်ဖိစီးမှုတွေ အတတ်နိုင်ဆုံးလျှော့ချပြီး နေ့စဉ်သုံးနေကျမိတ်ကပ်-လိုးရှင်း -Moisturizers (ခေါ်) အသားအရေ စိုပြည်ဆေးများ၊ နေလောင်ခံလိမ်း ဆေးများနှင့် Noncomedogenic (ခေါ်) ချွေးပေါက်ဖွင့်လိမ်းဆေး တွေက မိမိနှင့် ဓာတ်တဲ့မှုရှိမရှိ(သို့မ ဟုတ်) ရက်စွဲလွန်မဖြစ်ဖို့ ပြန်လည်စမ်းစစ်ကြည့်ဖို့လိုပါတယ်။(တချို့ ဆိုရင် စိတ်ဖိစီးမှု ရဲ့ အကျိုး ဆက်ကြောင့်သွေးလွန်တုပ်ကွေးဆန်ဆန်မိတ်၊အင်ပြင်တို့လိုအရေပြားပေါ် အဖုအပိမ့် အနီကွက်ထလာတတ်ပါ တယ်)။

အကြောတက်ခြင်း စိတ်ဖိစီးလာတဲ့အခါမျိုးမှာ ဟော်မုန်းတွေ ထွက်ရှိမှုပမာဏ များပြားလာပြီး၊ နှလုံးနှင့်သွေးခုန်နှုန်းတွေ မြန်ဆန်လာတဲ့ အတွက် ကြောင့် ခန္ဓာကိုယ်ကြွက်သားတွေ မှာတုပ်နှောင်ထားသလို တင်းမာ လာပါတော့တယ်။

ကိုယ်လက်လှုပ် ရှားမှုမရှိသူများနှင့် ထိုင်ခုံပေါ်မှာ အချိန်တော်တော်ကြာ ကုန်းကွေး ထိုင်၍အလုပ်လုပ်ရသူတွေမှာနောက် ကျောတက်၊ ခါးနာ၊ ကြွက်တက် ခြင်းတွေဖြစ်တတ်တာကြောင့်ထိုင်ခုံ ပေါ်မတ်မတ်ထိုင်၍ လက်နှစ်ဖက် ကိုခေါင်းပေါ်တင်ခြင်း၊ ခြေဆန့်ထိုင် ၍ခြေမတွေကို လက်ဖျားဖြင့် ထိ ကိုင်ခြင်း၊ လည်ပင်းကိုဘယ်ညာ အပေါ်အောက်လှည့်ပေးခြင်း၊လက် မောင်းတွေကို ရှေ့တည့်တည့်သို့ ဆန့်တန်းပြီးပခုံးနှစ်ဖက်ကိုဟန်ချက် ညီညီစက်ဝိုင်းသဏ္ဌာန်လှည့်ခြင်းစသဖြင့်တစ်နေ့ နှစ်ကြိမ်လောက်လုပ် ပေးရင်းစိတ်ဖိစီးမှုကြောင့်ဖြစ်လာတဲ့ အကြောတက်ခြင်းကို ပြေပျောက် စေနိုင်တယ်လို့  Arvard's Spau-lding Rehabilitation Hospital မှ ဒေါက်တာ Joanne BorgStein က အကြံပြုထားပါတယ်။

Credit : The Union Daily

Saturday, December 13, 2014

မိန်းမတစ်ယောက်ကိုလှတယ်လို့ ဘယ်လိုဆုံးဖြတ်မှာလဲ…

မိန်းကလေးတစ်ယောက်ဟာ မွေးရာပါ ရုပ်မလှချင်နေ ဒါပေမဲ့ ဘ၀မှာ လှလှပပတော့ ရှင်သန်သင့်တယ်။
ဘယ်အချိန်အခါပဲဖြစ်ဖြစ် ပြည့်စုံတဲ့အသိပညာ၊ ကောင်းမွန်တဲ့စရိတ္တ၊ ထက်မြက်တဲ့ အပြုအမူ၊
သိမ်မွေ့တဲ့အပြောအဆို၊ ကြီးမြတ်တဲ့ စိတ်သဘောထားနဲ့ မေတ္တာနဲ့ပြည့်တဲ့ နှလုံးသားတစ်စုံရှိတဲ့
မိန်းကလေးတစ်ယောက်ဟာ ရုပ်ရည်မလှသည့်တိုင် ဘ၀ကို အမှန်တကယ် လှပစေနိုင်ပါတယ်။
ဘ၀မှာ လှလှပပရှင်သန်နိုင်သူဟာ လှပတဲ့စိတ်ခံစားမှု၊ အဆင့်တစ်ခု၊ စိတ်ဝိညာဉ်တစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်တယ်။
ကိုယ့်ကိုယ်ကိုမစွန့်လွတ်သရွေ့ ဘယ်သူကမှ ကိုယ့်တက်လှမ်းကို တားဆီးပိတ်ပင်နိုင်မှာ မဟုတ်ဘူး။

တချို့က မိန်းကလေးတွေဟာ “တောင်တန်း”ပါတဲ့။ ခန့်ညားဝင့်ထည်ပြီး သဘောထားကြီးသတဲ့။
တချို့က မိန်းကလေးတွေဟာ “ရေ” ပါတဲ့။ နူးညံ့ပျော့ပျောင်းပြီး ညင်သာသတဲ့။

မိန်းမကောင်းဆိုတာ စာအုပ်ဖြစ်တယ်။ အသိပညာတွေနဲ့ ပြည့်နှက်လို့နေတယ်။
မိန်းမကောင်းဆိုတာ ဆိပ်ကမ်းဖြစ်တယ်။ ဘေးဒုက္ခကြုံသူကို လုံလုံခြုံခြုံ နားခိုခွင့်ပေးတယ်။
မိန်းမကောင်းဆိုတာ အရက်ဖြစ်တယ်။ မွှေးကြိုင်ခြင်းနဲ့ ပြည့်စုံတယ်။
မိန်းမကောင်းဆိုတာ ရေနွေးကြမ်းဖြစ်တယ်။ အရသာခံသောက်လေ မွှေးလေဖြစ်တယ်။
မိန်းမကောင်းဆိုတာ တက်မဖြစ်တယ်။ အိမ်ထောင်ရေးလမ်းကြောင်းကို ပဲ့ကိုင်ပေးတယ်။
မိန်းမကောင်းဆိုတာ ရူခင်းဖြစ်တယ်။ ရာသီအလိုက် ရောင်စုံပန်းမန်တွေနဲ့ လှပစေတယ်။

မိန်းမကောင်းဆိုတိုင်းရုပ်ရှည်လှပနေမှမဟုတ်ဘူး။ ဖြူစင်ရိုးသားတဲ့စိတ်ရှိတယ်
ကျော်ကြားခြင်းနဲ့ကြွယ်ဝခြင်းရဲ့ ဖြားယောင်းမြူဆွယ်မှုကြောင့် စိတ်ကို မညစ်နွမ်းစေဘဲ ကိုယ့်လမ်းကိုယ်ဆက်လျှောက်သူ၊လုပ်သင့်တာကို ဆက်လုပ်သူဖြစ်တယ်။ အနေနိမ့်ကျ၊ ဆင်းရဲဒုက္ခနဲ့ရင်ဆိုင်ရသည့်တိုင် ရင်ကိုကော့ ခေါင်းကိုမော့ပြီး
အပြုံးမပျက်သူဖြစ်တယ်။

ရိုးသားကြင်နာခြင်းဆိုတာ လောကမှာ အလှဆုံးပန်းတစ်ပွင့်ဖြစ်တယ်။ဘယ်သူတစ်ဦးတစ်ယောက်ကမှ
အဲဒီပန်းဖူးပွင့်ဖို့ မငြင်းဆန်တတ်ကြဘူး။ မိန်းမကောင်းဆိုတာ မိခင်ကောင်း၊ဇနီးကောင်းတစ်ဦးဖြစ်တယ်။
မိန်းမကောင်းဆိုတာ အဲဒီအလှဆုံးပန်းဖြစ်တယ်။ မိန်းမကောင်းတွေဟာကိုယ့်ဘ၀ခရီးတစ်လျောက်ကို ပန်းတစ်ပွင့်ရဲ့ကြန်အင်လက္ခဏာတွေနဲ့ ပြည့်စုံစေတယ်။

မိန်းမကောင်းတွေက မျက်ရည်နဲ့အပြုံးကို ကွယ်ဝှက်ထားစရာမလိုဘူး။
ရိုးသားကြင်နာခြင်းဟာသာမန်မိန်းကလေးတစ်ဦးကို ပိုလှပစေတယ်။ ပိုနှစ်လိုစေတယ်။ ကိုယ့်ကိုယ်တိုင်ကိုချစ်ခင်နှစ်သက်မယ်၊ဆွေမျိုးသားချင်းတွေကို ချစ်မယ်၊ သူငယ်ချင်း မိတ်ဆွေတွေကိုချစ်မယ်၊ သဘာဝ၊သက်ရှိအားလုံးလောကမှာ ချစ်လို့ရတဲ့အရာတွေကို ချစ်ခင်နှစ်သက်မယ်။ နှလုံးသားထဲချစ်ခြင်းမေတ္တာရှိတဲ့မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ ရုပ်ဆိုးနေပါစေ သူ့မျက်ဝန်းထဲကနေ နွေးထွေး၊ကြင်နာတဲ့အရိပ်တွေကို တွေ့နိုင်တယ်။ လင်းလက်တဲ့အပြုံးကို တွေ့မြင်နိုင်တယ်။

မိန်းမကောင်းဆိုတာ စားပွဲပေါ်မှာ အလှထားတဲ့ ပန်းအိုးမဟုတ်ဘူး။ သူတစ်ပါးတန်ဆာဆင်မှ
လှပတာမဟုတ်ဘူး။ မိန်းမကောင်းဆိုတာ ကိုယ့်ကိုယ်လေးစားမှုရှိတယ်၊
ပျော့ညံ့သူမဟုတ်ဘူး။ ယောက်ျားတွေကိုမှီခိုသူမဟုတ်ဘူး။ ဘုရားသခင်က အာဒံကို ဖန်ဆင်းခဲ့တယ်။ ဧ၀ကိုလည်းဖန်ဆင်းခဲ့တာဟာ ယောက်ျားသားတွေနဲ့အတူဒီလောကကို ကူညီထမ်းပိုးဖို့ဖြစ်တယ်။
မိန်းကလေးတိုင်း ထူးချွန်ထက်မြက်မှာမဟုတ်ဘူး။ ထင်ရှားမှာမဟုတ်ဘူး။
ဒါပေမဲ့ ရိုးရှင်းတဲ့ဘ၀မှာ သမီးက သမီးဝတ္တရား၊ မယားက မယားဝတ္တရား၊ မိခင်ကမိခင်ဝတ္တရားနဲ့
ကိုယ့်ဝတ္တရားကို အတတ်နိုင်ဆုံး၊ အကောင်းဆုံး ကျေကျေပွန်ပွန် ဆောင်ရွက်ပြီးနားလည်မှုနဲ့ လေးစားမှုကို
အောင်နိုင်ရယူသူတွေဖြစ်တယ်။

မွေးဖွားရာဒေသကို ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ဘူး။
မွေးရာပါရုပ်ရှည်လှပဖို့လည်း ကျွန်မတို့မစွမ်းသာခဲ့ဘူး။ ဆင်းရဲသားမိသားစု၊ ချမ်းသာတဲ့မိသားစုမှာ
မွေးဖွားနိုင်ဖို့လည်း ကျွန်မတို့ရွေးချယ်ခွင့်မရှိခဲ့ဘူး။ ဒါပေမဲ့ ရုပ်ရှည်မလှပလို့၊ မချမ်းသာလို့ ကျွန်မတို့
သိမ်ငယ်စရာမလိုဘူး။စိတ်လှဖို့ကိုတော့ ကျွန်မတို့ကိုယ်တိုင် ဖမ်းဆုပ်နိုင်ပါတယ်။

တကယ့် မိန်းမချော၊ မိန်းမလှဆိုတာ ပိန်တာ၊ ၀တာနဲ့မဆိုင်ဘူး။ မျက်နှာပေါက်လှတယ်၊ မလှဘူးနဲ့
မဆိုင်ဘူး။ သဘာဝနဲ့ဆိုင်တယ်။ ဆွဲဆောင်နိုင်တဲ့ အရည်အချင်းနဲ့ ပိုဆိုင်တယ်။
ပြင်ပအလှဖြစ်တဲ့ ရုပ်ဆိုးတယ်၊ ၀တယ်၊ပိန်တယ်ဆိုတာကို ပြောင်းလဲဖို့ခက်ပေမယ့် တကယ့်စိတ်ထဲကဖြစ်လာတဲ့နှစ်လို့ဖွယ်အလှကိုတော့ လူတိုင်းလုပ်နိုင်တယ်၊ကျင့်ကြံနိုင်ပါတယ်။

(၁) နာလိုစိတ်မရှိတဲ့ မိန်းကလေးတွေဟာ အေးဆေးတည်ငြိမ်တယ်။ မျက်နှာက လမင်းလို
ကြည်လင်ဝင်းပတယ်။

(၂) အမုန်းရန်ငြိုးမရှိတဲ့ မိန်းကလေးတွေဟာ နူးညံ့သိမ်မွေ့တယ်။ မျက်ဝန်းထဲမှာ
စစ်မှန်တဲ့
ရိုးသားမှုတွေရှိတယ်။

(၃) စကားပြော ညင်သာပျော့ပျောင်းပြီး စကားကြမ်းမပြောတဲ့ မိန်းကလေးတွေဟာ
ပန်းလေးတစ်ပွင့်နဲ့တူတယ်။ ခူးယူသူရဲ့လက်ကို ရနံ့တွေနဲ့ မွှေးကြိုင်စေတယ်။

(၄) ရမ္မက်လောဘ ကင်းရှင်းတဲ့ မိန်းကလေးတွေဟာ မြင့်မြတ်တဲ့ရုပ်ကိုဆောင်တယ်။
ရည်မွန်ကျော့ရှင်းတယ်။

(၅) စိတ်ကြီးမ၀င်တဲ့ မိန်းကလေးတွေဟာ ရိုးသားစစ်မှန်တယ်။ စိမ့်စမ်းရေလို
အေးမြတယ်။

(၆) သက်ရှိတွေအပေါ် ချစ်ခင်နှစ်သက်တဲ့ မိန်းကလေးတွေဟာ တန်းတူမေတ္တာနဲ့
ပေးဆပ်တဲ့မိခင်လို
မေတ္တာရောင်ခြည်မျိုး ထွန်းတောက်တယ်။ ညှာတာကြင်နာတယ်။

(၇) အလိုမကြီး၊ မငြီးတွားတဲ့ မိန်းကလေးတွေဟာ ကြည်လင်ပြီး စိတ်ရောကိုယ်ပါ
ကျန်းမာတယ်။

(၈) အာရုံစိုက်ပြီး လုပ်တတ်တဲ့၊ စိတ်ရိုးရှင်းတဲ့ မိန်းကလေးတွေဟာ
အသားအရည်ဝင်းပပြီး တည်ကြည်တယ်။
လရဲ့အလင်းတန်းလို ကြည်လင်ပြီး ဆွဲဆောင်မှုနဲ့ပြည့်လို့နေပါတယ်။

မိန်းကလေးတိုင်း မွေးရာပါ ရုပ်ရှည်မလှပချင်နေပါစေ ဘ၀ကိုတော့ လှလှပပ
ရှင်သန်နေထိုင်သင့်ပါတယ်။လူသားတိုင်း ဘ၀နှင့်ဆန္ဒ တထပ်တည်း ကျနိုင်ကြပါစေ။

Credit : ba gyi thet

ဥာဏ်ပြေးတဲ့မိန်းမ...

သ၀န်ကြောင်တဲ့ ခင်ပွန်း - မိန်းမရေ၊ မင်းဘယ်မှာလဲ ..(ဖုန်းဖြင့်)။
ဇနီး- အိမ်မှာပေါ့ ယောက်ျားရယ်။
ခင်ပွန်း - မင်း ..သေချာလား။
ဇနီး - သေချာတာပေါ့ရှင်။
ခင်ပွန်း - ဒါဆို ..ကြိတ်စက်ခလုတ် ကို ဖွင့်လိုက်စမ်း။
ဇနီး - (ခလုတ်နှိပ်လိုက်ပြီး) ဂရီး .. ဂရီး ..။
ခင်ပွန်း - ကောင်းပြီ။ တာ့တာ။ ညနေကျမှ အိမ်မှာ တွေ့ကြမယ်

 နောက်တစ်နေ့ ....
သ၀န်ကြောင်တဲ့ ခင်ပွန်း - မိန်းမရေ၊ မင်းဘယ်မှာလဲ။

ဇနီး - အိမ်မှာပေါ့ ယောက်ျားရယ်။
ခင်ပွန်း - သေချာလား။
ဇနီး - သေချာတာပေါ့ရှင်။
ခင်ပွန်း- ဒါဆို ..ကြိတ်စက်ခလုတ်ကို ဖွင့်လိုက်စမ်း။ဇနီး - (ခလုတ်နှိပ်လိုက်ပြီး) ဂရီး .. ဂရီး ...။
ခင်ပွန်း - ကောင်းပြီ။ ညနေ ကိုယ် အိမ်ပြန်အလာကို အပေါက်ဝမှာ ကြိုနေနော်။

နောက်တစ်နေ့မှာတော့ ယောက်ျားဖြစ်သူဟာ သူ့မိန်းမကို အသိမပေးဘဲ အိမ်ကို ပြန်ကြည့်ဖို့
ဆုံးဖြတ်လိုက်ပါတယ်။

အိမ်ရောက်တဲ့အခါ သူတို့ရဲ့ သားဖြစ်သူကိုသာ တစ်ယောက်တည်း တွေ့ရတာမို့

"သားရေ .. မင်းအမေ ဘယ်မှာလဲကွ"လို့ မေးလိုက်ပါတယ်။

"သား - မသိဘူး .. အဖေရဲ့။ ကြိတ်စက် တစ်လုံးဆွဲပြီး အမေ အပြင်ထွက်သွားတာပဲ။"

Credit: kaleb1995

Friday, December 12, 2014

for Joke

ဘဏ်တိုက် တခု သို့ ဘဏ်ပိတ်ချိန်တွင် လူဆိုးများ ၀င်ရောက်လာရာ ငွေကိုင်စာရေးမှာ ငွေစာရင်း စာအုပ်နှင့် အလုပ်ရှုပ်နေသည်ကိုတွေ့ရလေ၏။

လူဆိုးများက ငွေကိုင် စာရေးကို ဖမ်းဆီး ချုပ်နှောင် ၍ ငွေများကို ထုတ်ယူခိုင်းလေသည်။
လူဆိုးများလည်း ငွေများကို ထုပ်ပိုးယူငင်လေ၏။

လူဆိုးများ ဘဏ်တိုက်မှ ထွက်ခွာမည်အလုပ်တွင် တချိန်လုံး ငြိမ်နေသော ငွေကိုင်စာရေးသည်...

ပါးစပ်အား အ၀တ် ပိတ်ဆို့ ထားသည့်ကြားက....ချည်ထားသောလက်ဖြင့်

ပိုက်ဆံပုံ လက်ကိုဝိုင်းပြလိုက်.......ရှေ့တည့်တည့်ရှိ စားပွဲ သို့ ညွှန်ပြလိုက်ဖြင့် ၀ူးဝူးဝါးဝါး လုပ်လေတော့သည်။

သို့နှင့် လူဆိုးများလည်း.ထူးဆန်းသောစာရေး၏ အပြုအမူကြောင့် ...ခဏမျှ တွေဝေသွားပီး.....ရပ်ကြည့်မိ၏။

ထိုစဉ် လူဆိုးများထဲမှတယောက်မှ လာ၍ စာရေးကြီးပါးစပ်တွင် ပိတ်ဆို့ထားသော အ၀တ်ကိုဖယ်လိုက်လေသည်။

ထိုအခါ ငွေကိုင်စာရေးမှ လူဆိုးများကို တောင်းတောင်းပန်ပန် နှင့်ပြောလိုက်ပုံက.....

" ဆရာတို့ ရယ်။ကျေးဇူးပြုပီး .....ဟိုစားပွဲပေါ်က ကျနော့် ငွေစာရင်းစာအုပ်လေးပါ ယူသွားပေးပါဗျာ.....

ကျနော့်စာရင်းထဲမှာ......ငွေ သိန်းတစ်ထောင်တောင် စာရင်းကွာနေလို့ပါ....."...တဲ့

ဖွင့်မပြော သော ကျားတို့မနှစ်သက်တဲ့ အမူအကျင့်များ

 ယောက်ျားလေးတိုင်းက သူတို့ မိန်းကလေးတွေကို ချစ်ကြပါတယ်။ အဲဒါကြောင့်လည်း တချက်တလေ ဘဝင်မကျတာရှိပေမယ့် မပြောကြတာပါ။ ကိုယ်ကဘာ အမှားမှ မလုပ်မိပေမယ့် သူက သက်ပြင်းအကြီးကြီးချပြီး ဘာမှမပြောပဲ နေတာ သူတို့ ဂေါက်နေတာ ဟုတ်ချင်မှဟုတ်မယ်။  ယောက်ျားလေးတွေ စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ မသိဆိုးဆိုးမိတဲ့ ကျွန်မတို့ရဲ့ အကျင့်လေးတွေ ကို သတိထားမိအောင် တင်ပေးလိုက်ပါတယ်နော်။

1.  ကိုယ့် အချစ်ရေးကို သူများကို ပြောပြတာ
ဘယ်လောက်ပဲ ကောင်းနေတဲ့ relationship ဖြစ်ပါစေ၊ စိတ်အခန့်မသင့်တဲ့ အချိန်မျိုးဆိုတာရှိကြတာပါပဲ။ ယောက်ျားလေးတွေက အဲလိုမျိုးအချိန်တွေမှာ ရေငုံနှုတ်ပိတ်ပြီး နေလိုက်တာများတယ်။ ကျွန်မတို့က ထုံးစံအတိုင်း  ဘေးမှရှိတဲ့သူငယ်ချင်းတွေကို ပြောပြ၊ ခံစားချက်တွေ ဖဘ wall ပေါ်တင် ရင်ဖွင့်ရမှပေါ့သွားတာ မဟုတ်လား? ဒါကို ကိုယ့်အထုပ်ကိုယ်ဖြည်တယ်လို့ သူတို့က ယူဆကြတယ်။ သူတို့သဘောက အခက်အခဲရှိတဲ့ အခါ နှစ်ယောက်ပဲ ညှိမယ်၊ ကြားလူ အကြံဉာဏ်တောင်းစရာမလိုဘူး။ အဲလို။
...

2. ဂိမ်းဆော့တုန်း စကားသွားပြောတာ
 သူတို့က အာရုံက တစ်ခုဆို တစ်ခုပဲ။ ဦးနှောက်ဖွဲ့စည်းပုံ မတူတော့ ကျွန်မတို့လို ဖုန်းလည်းပြော၊ နှုတ်ခမ်းနီဆိုး၊ တပြိုင်ထဲမှာ ကြိုးသိုင်းဖိနပ်စီး အဲလို မလုပ်နိုင်ကြဘူး။ ဂိမ်းဆိုတာကို အပျင်းပြေဖို့ လောက်သာ ကျွန်မတို့က ဆော့ကြပေမယ့်၊ ဂိမ်းနိုင်တာက သူတို့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုမြင့်စေတဲ့ အောင်မြင်မှုကြီးတရပ်လို့ ယူဆထားကြပြန်တယ်။ ကိုယ်က အဲဒီအချိန်သူ့ကို သွားပြောရင် "ဪ ဪ အင်း အင်း" ကလွဲပြီး ဘာစကား ရေရေရာရာမှ သူ့ဆီက ထွက်လာမှာမဟုတ်ဘူး။ အဲဒီအခါ ကိုယ့်ကို ဂိမ်းလောက်တောင် အလေးမထားဘူး စိတ်မကောင်းဖြစ် ပွစိပွစိပြော၊ သူကလည်း စိတ်ထဲမှာ ဂိမ်းထဲ ပစ်နေတဲ့ လက်နက်ကို ကိုယ့်ဘက်ကို ပြောင်းပစ်ချင်စိတ်ပေါက်နေလိမ့်မယ်။

ဂိမ်းမှမဟုတ်ဘူး။ သူတခြား စိတ်ဝင်တစား လုပ်နေတာတွေဆိုလည်း ထိုနည်း ၄င်းပဲ။...

3. တခြားသူကို အရေးပေးတာ
သူတို့ရဲ့ သူငယ်ချင်း ယောက်ျားလေးတွေနဲ့ ခင်စေချင်ကြတယ်။ ဒါပေမယ့် ထင်သလောက် သဘောထားမကြီးနိုင်ကြပါဘူး။ အတိုင်းအတာ တခုထိပဲ။ ပေါင်းသင်းဆက်ဆံတတ်လို့ ကိုယ့်ကို သဘောကျတဲ့ စိတ်က သူ့အပေါ် သူ့သူငယ်ချင်းတွေထက် ပို ကောင်းပြနိုင်မှ။ သူငယ်ချင်းတွေ အားကျစေချင်တာလေ။ သူများတွေကို သူ့ရှေ့မှာ သူ့ထက်ပိုပြီး ရင်းရင်းနှီးနှီး ဆက်ဆံမိရင်တော့ ရာဝင်အိုး တုတ်နဲ့သွား ထိုးတာနဲ့ အတူတူပဲ။...

4. ကိုယ်ပိုင်အချိန်မပေးတာ
တခါတလေ သူတို့အချိန် သူတို့လိုအပ်တယ်။ တချို့အချိန်တွေမှာ ခပ်ခွါခွါနေပြီးဘာမှမလုပ်ပဲ ဒီတိုင်းထိုင် ငေးချင်ရာငေး တွေးချင်ရာတွေး စိတ်အနားယူတတ်ကြတယ်။  ကျွန်မတို့ မိန်းကလေးတွေ မတူတာက ချစ်သူ အနီးနာရှိမှ လုံခြုံနွေးထွေးသလို ခံစားရတာ မဟုတ်လား? အဲဒါကို ဘာဖြစ်နေလဲ ဘယ်လိုဖြစ်တာလဲ ထပ်ခါထပ်ခါသွားမမေးပါနဲ့။  စိတ်ပူလို့ ဂရုသွားစိုက်လေလေ အလိုက်မသိသူကြီးဖြစ်လေပါပဲ။ ပစ်ထားလိုက်ပါ။ သူ့အချိန်စေ့ရင် ပြန်ရောက်လာပါလိမ့်မယ်။...

5. ဝါသနာကို နားမလည်ပေးတာ
 ကျွန်မတို့ လိုက်မမီတဲ့ ရူးသွပ်မှုတွေ ဘောလုံးပွဲဆို အိပ်ရေးပျက်ခံအားပေးတာတို့၊ ဂိမ်းကို မထတမ်းဆော့တာတို့ကို အသက်ဖြင့်ကြီးနေပြီ ခုထိ ကလေးဆန်တုန်း၊ ရင့်ကျက်တော့ပြောရင်လည်း မကြိုက်ကြပြန်ဘူး။ သူတို့ အတွက်က ရင့်ကျက်တာက ရင့်ကျက်တာ၊ ဝါသနာက ဝါသနာပါပဲ။ ယောက်ျားလေးတွေအတွက် အပြည့်ဝ ရင့်ကျက်တဲ့ အချိန်ဆိုတာ ဘယ်တော့မှ ရှိမလာပါဘူး။...

6. သူတို့ကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားတာ
မိန်းကလေးတိုင်းက သူ့ချစ်သူကို အရာရာမှာ perfect ဖြစ်အောင် ပြောင်းလဲချင်ကြတာချည်းပဲ။ မြတ်ကြည်အပါအဝင်ပေါ့။ လက်တွေ့မှာ တော်တော်များများသော ယောက်ျားလေးတွေက သူတို့ တကယ်ချစ်ရင် ယောက်ျားကောင်းတစ်ယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားပြုပြင် ပေးကြတာပါပဲ။ မိန်းကလေးတွေက သူတို့ကို ပြောင်းလဲပေးတာကို သဘောမကျတာ မဟုတ်ပါဘူး။ အရေးမကြီးတဲ့ ပီစီပါစာ ကိစ္စတွေ  သူမနှစ်သက်တဲ့အရာတွေကို (ဥပမာ။ ။ အပြင်ထွက်တိုင်း ဖုန်းဆက်ရမယ်) ဇွတ်လုပ်ခိုင်းတာက သူတို့ကို စိတ်ပျက်စေတာပါ။။...

7.  မှီခိုလွန်းအားကြီးတာ
အားကိုးတဲ့ မိန်းကလေးတွေဆို ယောက်ျားလေးတွေ သဘောကျတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ကိုယ်က ချေးကအစ သေးက အစ ရီးလေးခိုပြီး " ကိုကိုရေ ကိုကိုရေ" အားကိုးလွန်းရင် သူ့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်မှန်း မသိဖြစ်လာပါလိမ့်မယ်။ ယောက်ျားလေးတွေဟာ တချို့ကိစ္စတွေမှာ ကိုယ့်ဘာသာ ဆုံးဖြတ်လုပ်ကိုင်နိုင်တဲ့ မိန်းကလေးတွေကို အထင်ကြီးကြပါတယ်။ သူတို့ကို လုံးဝ ဂရုမစိုက်ပဲ ကိုယ်လုပ်ချင်ရာလုပ်တဲ့ အဆင့်လောက်လည်း မဟုတ်ဘူး။ ကိုယ့်အားကိုယ်မကိုးနိုင်တာ မဟုတ်ပဲ သူ့တို့ကို ချစ်လို့ အားကိုးတာမျိုးပဲ လိုအပ်တာပါ။ သူတို့က Dorminant role ကလည်း လိုချင်သေးတာ မဟုတ်လား?

Credit: thanakharmay

ခင်ဖို့ကောင်းတဲ့သူတွေလုပ်လေ့ရှိတဲ့အကျင့် (၁၀)မျိုး

အလုပ်မှာပဲဖြစ်ဖြစ်၊ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် နှစ်သက်ဖို့ကောင်းတဲ့သူ၊ခင်ဖို့ကောင်းတဲ့သူတွေကို တစ်ခါတစ်လေတွေ့ရလေ့ရှိပါတယ်။ သူတို့တွေက ဘယ်နေရာဖြစ်ဖြစ်လူချစ်လူခင်များလေ့ရှိပါတယ်။ သင်ရောသူတို့လိုမဖြစ်ချင်ဘူးလား?ဒီဆောင်းပါးမှာတော့ သူတို့တွေ ပြုလုပ်လေ့ပြုလုပ်ထရှိတဲ့ အကျင့်(၉)မျိုးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

(၁) ဖြတ်မပြောပဲနားထောင်ခြင်း
သူတို့တွေက သင်စကားပြောနေရင် ဘယ်တော့မှဖြတ်ပြောလေ့မရှိပါဘူး။ သင့်ခံစားချက်တွေကို အမှန်တကယ်စိတ်ရင်းနဲ့ သေသေချာချာကို နားထောင်ပါတယ်။ သင့်ပြောတာကို စိတ်ရှည်ရှည်နဲ့ ပြီးဆုံးတဲ့အထိ နားထောင်လေ့ရှိပါတယ်။

(၂) လှိုက်လှိုက်လှဲလှဲပြုံးလေ့ရှိခြင်း
လှိုက်လှိုက်လှဲလှဲပြုံးပြခြင်းက လူသားအားလုံးကိုနွေးထွေးစေပါတယ်။ဒါကို သူတို့က ကောင်းကောင်းကြီးသဘောပေါက်တဲ့အပြင် အသုံးလည်းအသုံးချ တတ်ပါတယ်။

(၃) အမိန့်ပေးသောပုံစံဖြင့်စကားမပြောခြင်း
သူတို့ကဘယ်တော့မှ အမိန့်ပေးတဲ့ပုံစံနဲ့စကားပြောလေ့မရှိပါဘူး။ သူများလည်း ပြန်ပြောလို့ရအောင် လမ်းခင်းပေးထားပါတယ်။ သူတို့ရဲ့အသံကိုက နွေးထွေးမှု ရှိပါတယ်။

(၄) ရယူလိုခြင်းမရှိပဲပေးကမ်းခြင်း
သူတို့က ဘယ်လိုတုံ့ပြန်မှုမျိုးကိုမှ မမျှော်လင့်ပဲ ပေးကမ်းတတ်ကြပါတယ်။

(၅) ဆင်ခြေမများပဲပျော်ရွှင်စွာနေထိုင်တတ်ခြင်း
သူတို့ကမလိုအပ်တဲ့အကြောင်းပြချက်တွေ ပေးလေ့မရှိပါဘူး။သူတို့ဘယ်လိုပျော်ရွှင်အောင်နေရမလဲ ဆိုတာကိုပဲ ဂရုစိုက်ပါတယ်။ ဆင်ခြေတွေအများကြီးနဲ့ ပတ်ဝန်းကျင်ကို စိတ်အနှောက်အယှက် မပေးတတ်ပါဘူး။

(၆) ကတိမမေ့တတ်ခြင်း
သူတို့ကဘယ်တော့မှကတိကိုမမေ့တတ်ပါဘူး။ကတိထိန်းသိမ်းခြင်းကိုသူတို့ဘ၀ရဲ့အရေးအကြီးဆုံး
အရာအဖြစ်ခံယူထားပါတယ်။မပိုင်နိုင်ပဲလည်းကတိပေးလေ့မရှိပါဘူး။ပေးပြီးသားကတိလည်းပျက်လေ့
မရှိပါဘူး။

(၇) ခွင့်လွှတ်တတ်ခြင်း
သူတို့က စိတ်အနှောက်အယှက်ဖြစ်စရာများကိုဘယ်တော့မှ စိတ်ထဲအကြာကြီးထားလေ့မရှိပါဘူး။ သူတို့ပေါ်အမှားလုပ်သူတွေကိုလည်း အလွယ်တကူခွင့်လွှတ်တတ်ပါတယ်။စိတ်ကောက်ခြင်းမရှိတတ်ပါဘူး။

(၈) ရိုးသားခြင်း
သူတို့က စကားအမှန်ကိုပဲပြောလေ့ရှိပါတယ်။ ဘယ်တော့မှမဟုတ်မမှန်လုပ်ကြံစကားမျိုးမပြောတတ်
ပါဘူး။ သူတစ်ပါးထိခိုက်မည့် စကားမျိုးကိုဘယ်တော့မှပြောလေ့မရှိပါဘူး။

(၉) အကောင်းမြင်တတ်ခြင်း
သူတို့ကအကောင်းမြင်လေ့ရှိတတ်ကြပါတယ်။သူတို့ကသင့်အတွက်ဆိုးရွားတယ်လို့ထင်ရတဲ့အ
ရာတွေကိုတောင် အကောင်းမြင်လေ့ရှိပါတယ်။

အထက်ပါအချက်တွေထဲက ဘယ်အချက်တွေသင့်မှာရှိပါသလဲ?

သင်ရောခင်ဖို့ကောင်းတဲ့သူမျိုးလား?

ဖိုးသူတော် (www.phothutaw.com)
Credit : မိုးရှင်း (I.M.T)