ဟုတ်ကဲ့ ..၂၀၁၄ ခုနှစ်က အကောင်းဆုံး ဒါရိုက်တာ ဆု ရသွားတဲ့ ဥ ....ကောင်းဆုံးဇတ်ပို့ ဆုရသွားတဲ့ ဥ...သိချင်းအရိုးရဲ့ ...ဥ ။ ဘာပဲပြောပြော ရန်ကုန်သူ ရန်ကုန်သားတွေက ချမ်းသာတဲ့လူ နဲ့ သမီးရီးစား ကလွဲရင် ကျန်တဲ့လူများက အလုပ်အားတဲ့ အချိန်လေး၊ ငွေကြေးလေး အတော်စုမိမှ သူငယ်ချင်းတွေနဲ့ စုမိမှ ရုပ်ရှင်ကြည့်ရတယ် မဟုတ်လားဗျ ။ အဲတော့ ကျနော်တို့လို ရုံးသွားနေရတဲ့ လူ တနေကုန်မအားရတဲ့လူကတော့ ခွေလေးငှားကြည့်တာလောက်။ သို့ပေမဲ့ စနေ အလုပ်သွားရတဲ့ ကျနော်တို့လို လူမျိုးကြတော့လဲ ကြည်ချင်လွန်းရင် စနေည လောက်ပဲ ငှားကြည့်ဖြစ်သပေါ့...။မနေကမှ စိတ်ကူးပေါက်ပြီး ဥ ဆိုတဲ့ ကား ငှားကြည့်မိတယ် ခင်ဗျာ့။ ဇာတ်လမ်းစတယ် ဆိုရင်ပဲ
Tuesday, February 24, 2015
Tuesday, February 17, 2015
အဝတ်ဗလာ အိပ်ခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ
ကိုယ်တုံးလုံးနဲ့ အိပ်ဖူးပါသလား။ လူတိုင်း အနည်းဆုံး တစ်သက်မှာ
တစ်ခါလောက်တော့ ကိုယ်
တုံးလုံး အိပ်ဖူးကြမယ် ထင်ပါတယ်။ မိမိရဲ့အလေ့အကျင့်တွေကို ပြောင်းလဲဖို့ မလွယ်ကူပေမယ့် ကျင့်သားရလာပြီဆိုရင် သက်သောင့်သက်သာရှိမှု သာမက ကျန်းမာရေးကိုပါ တိုးတက်ကောင်းမွန်လာစေမှာဖြစ်တယ်။
အဝတ်အစားချွတ်ပြီး ကိုယ်တုံးလုံးအိပ်ခြင်းမှ ရရှိတဲ့ အကျိုးကျေးဇူး
တုံးလုံး အိပ်ဖူးကြမယ် ထင်ပါတယ်။ မိမိရဲ့အလေ့အကျင့်တွေကို ပြောင်းလဲဖို့ မလွယ်ကူပေမယ့် ကျင့်သားရလာပြီဆိုရင် သက်သောင့်သက်သာရှိမှု သာမက ကျန်းမာရေးကိုပါ တိုးတက်ကောင်းမွန်လာစေမှာဖြစ်တယ်။
အဝတ်အစားချွတ်ပြီး ကိုယ်တုံးလုံးအိပ်ခြင်းမှ ရရှိတဲ့ အကျိုးကျေးဇူး
Friday, February 13, 2015
ဒီမိုကရေစီ လဲ နီးပါစေ
ဟုတ်ကဲ့ ..ကျုပ် နိုင်ငံရေး စိတ်မဝင်စားပါ။ သို့သော်လဲ သိသလောက် ကချွတ်ကချောက်လေးနဲ့ နိုင်ငံရေး နဲနဲ ပြောချင်သဗျ။ ဒီလို ခင်ဗျ...နိုင်ငံရေး လောက ထဲ ဝင်မယ်လို့ စဉ်းစားကြည့်တော့ ခွပ်ဒေါင်း ဆိုလား ဘာဆိုလား အဲဒါက တဖက်ဗျ...။ခြင်္သေပုံ ကြီးနဲ့ ကြံ့ဖွင့်ဆိုလား ဘာလားက တဖက်။ ဒီကြားထဲ စစ်တပ်ဆိုတာကြီးက တမျိုး...အမျိုးမျိုး အဖုံဖုံ နဲဗျ။ ကျုပ်တို့ လယ်စိုက်ပြီး အေးအေးနေတဲ့ လူ နိုင်ငံရေး န တလုံးမှ မသိ သတင်းစာလေး ဖတ် အခုတော့ စာစောင်လေး ငတ်တလှည့် ပျက်တလှည့်...
Thursday, February 5, 2015
လူကို လူလို့သာ မြင်ပါစေ
လူကို လူလို့ မြင်ပါ ဆိုတာ ရုတ်တရက် ဖတ်လိုက်ရင် တော်တော်ရိုင်းပါ့လား...တော်တော်မောက်မာပါလားလို့ မြင်စရာရှိနေပါတယ်။ သို့ပေမဲ့ မြန်မာ စကားကလဲ အခက်သားလားဗျ..။ပြောမတတ်တော့ ဆဲသလို အထိုင်မတတ်တော့ ဗြဲသလို ဆိုတာမျိုး။သို့ပေမဲ့ ဖွင့်ဆိုချက် ၂ မျိုး ၃ မျိုးမက ထွက်နေတဲ့ စာလုံးပေါင်း စကားလုံးတွေကလဲ အများသားဗျ...။စကားဆိုကတည်းက စတာနဲ့ ကားတတ်တဲ့ သဘောရှိနေလေတော့ ..ကျနော်ပြောတဲ့ အရာ ခပ်ရိုင်းရိုင်းပါလားလို့ ထင်ပေမပေါ့..။လောကမှာ ယောင်္ကျားရယ် ..မိန်းမရယ် လို့သာ
Wednesday, February 4, 2015
နောက်ဆုံးတော့လဲ ဒါပါပဲ.....
ကျနော် ၁၀တန်း တတ်တဲ့အချိန်ပေါ့..။သိကြတဲ့ အတိုင်း စာကလွဲရင် ကျန်တာ စိတ်ဝင်စားတဲ့အရွယ်..။ကွမ်းဆိုလဲ လာထား ဆေးလိပ်ဆိုလဲ လာထား ..လက်ဖက်ရည်ဆိုင် အတော်ကိုထိုင်တတ်နေပြီလေ..။စော်ကြောင်တယ်လို့ပဲ ခေတ်စကားနဲ့ ပြောတော့မယ်ပေါ့။ ဒီကြားထဲ ဂိမ်းဆိုင်တောင် ကျူရှင်ဆိုပြီ သွားတတ်နေပြီလေ။မုန့်ဖိုးက သုံးမလောက် ။ လက်ဖက်ရည်ဖိုး အပြင် ဂိမ်းဖိုး ဖွင်ကြောင်ဖိုး ဆိုတာတွေက ဘာထွက်သလဲ မမေးနဲ့။ သုံးမလောက်ပေါ့ဗျာ။ တခါဂိမ်းဆော့ရင် တနေကုန် အနဲလေး မကုန်ရင် ၃၀၀၀ ပဲ။ ဖွင်ကြောင်ရင် အနဲလေး ၅၀၀၀ လောက်မှ မပါရင် မဖြစ်..။မိဘတွေဘက်က ပြန်ကြည့်ရင်...
Tuesday, February 3, 2015
အထင် အမြင် နဲ့ အမှား အမှန်
ကျနော်တို့ရပ်ကွက် မှာ ပွဲဈေးတန်း လုပ်တာ အလွန်ပေါလေသည်။ မှတ်မိသလောက် ဘာလေး လုပ်လုပ်ပွဲပါလေသည်။ ပွဲရှိတဲ့ရက်ဆို ကားလမ်းတွေက ပိတ်...အချိန်တွေကြာ..။ဘတ်(စ်)ကားပေါ်က လူတွေက ချွေးတလုံးလုံး..။ ကျနော်သတိထားမိသလောက် ၃ လ တခါလောက် လုပ်တယ်ဗျ ။ အဲ ..ပွဲလမ်းသဘင်ဆို ဝါသနာ မပါတဲ့ ကျနော့်ကို အိမ်သူက အပါခေါ်တော့ မယားစကား တည ဆိုသလို မလိုက်ချင်ပေမဲ့ ကျနော် လိုက်ခဲ့ရပါတော့တယ်။
ဒေါက်တာ zero ၏ ဒသန
ကျနော် တို့ စာသင်တဲ့ရန်ကုန်တက္ကသိုလ် ရူပဗေဒ အဆောင်သည် တိတ်ဆိတ်နေလေသည်။ အပ်ကျသံမျှပင် မကြားရ။ ကျောင်းသားကျောင်းသူများက စည်းကမ်းကြီးသည့် လက်ထောက်ကထိက တဦး ဘာပြောမလဲ ဘာတွေဆူမလဲ ဘယ်ပုံဆုံးမမလဲ ဆိုတာ ကို တခန်းလုံး စိတ်ဝင်စားနေလေတော့သည်။ လက်ထောက်ကထိကကြီးမှာ စာသင်ကလဲကောင်း စည်းကမ်းကလဲကြီး သည့် လူမှန်ကြီး ..။ကျောင်းသားများကလဲ ချစ်ကြောက်ရိုသေကြသည်။ မှန်လွန်းသဖြင့် တချို့သော ကထိကများပင် ကြည့်မရရကြ။ ဆရာနှင့် ပတ်သတ်ပြီး အမှတ်တရများစွာ ကျနော် ရှိခဲ့ဖူးသည်။
Subscribe to:
Comments (Atom)