ဟုတ်ကဲ့ ..၂၀၁၄ ခုနှစ်က အကောင်းဆုံး ဒါရိုက်တာ ဆု ရသွားတဲ့ ဥ ....ကောင်းဆုံးဇတ်ပို့ ဆုရသွားတဲ့ ဥ...သိချင်းအရိုးရဲ့ ...ဥ ။ ဘာပဲပြောပြော ရန်ကုန်သူ ရန်ကုန်သားတွေက ချမ်းသာတဲ့လူ နဲ့ သမီးရီးစား ကလွဲရင် ကျန်တဲ့လူများက အလုပ်အားတဲ့ အချိန်လေး၊ ငွေကြေးလေး အတော်စုမိမှ သူငယ်ချင်းတွေနဲ့ စုမိမှ ရုပ်ရှင်ကြည့်ရတယ် မဟုတ်လားဗျ ။ အဲတော့ ကျနော်တို့လို ရုံးသွားနေရတဲ့ လူ တနေကုန်မအားရတဲ့လူကတော့ ခွေလေးငှားကြည့်တာလောက်။ သို့ပေမဲ့ စနေ အလုပ်သွားရတဲ့ ကျနော်တို့လို လူမျိုးကြတော့လဲ ကြည်ချင်လွန်းရင် စနေည လောက်ပဲ ငှားကြည့်ဖြစ်သပေါ့...။မနေကမှ စိတ်ကူးပေါက်ပြီး ဥ ဆိုတဲ့ ကား ငှားကြည့်မိတယ် ခင်ဗျာ့။ ဇာတ်လမ်းစတယ် ဆိုရင်ပဲ
ကြက်တွန်သံ ၊ဆွမ်းခံ ကြေးစည်ခေါက်သံ တို့နဲ့ ကြက်သရေရှိလှတဲ့ မြင်ကွင်း ဗျ။ အဲ ..မနက်စောစော ဥ တလုံးနဲ့ ရန်ဖြစ်သူကလဲ ရှိသဗျ။ သတိထားမိတာက မင်္ဂလာအပေါင်းနဲ့ ခညောင်းနေတဲ့ မနက်ခင်းလေး ..အဲ.. ဘာမဟုတ်တာလေးနဲ့ ရန်ဖြစ်နေတဲ့ လူတွေ။ နောက်ဇာတ်ဝင်ခန်းက ဒါယိကာမ ၂ ယောက်နဲ့ ရွာဦး ဆရာတော် ခင်ဗျာ့ ။ ရွာဦး ဆရာတော်ရဲ့ သြဇာညောင်းပုံက တော်ပင်ကြည့်ကောင်းသဗျ။ နောက်ဘုန်းကြီးကျောင်းသား က ဥ လုတဲ့ လူ ၂ယောက် အကြောင်း ပြော သပေါ့ဗျာ။ ရီသူက ရီပေါ့....သို့သော် သူများဖြစ်တာ ဒုက္ခရောက်တာ ကိုယ် အတွက် ပျော်စရာ ရီစရာ ဆိုပေမဲ့ တဖက်လူက ကသိကအောင် ဖြစ်စေတာ တော့ သတိထားရမပေါ့ဗျာ။ဘာပဲပြောပြော လူ့သဘာဝကိုတော့ ပေါ်လွင်အောင် ဒါရိုက်တာကြီး ဖန်တီးနိုင်သဗျ။ ကိုယ်ထက်သာကို မနာလိုတဲ့ လူ့ စရိုက်၊ ဘာမဟုတ်တာကို လိုက်ပြိုင်ဆိုင်နေတဲ့ လူ့ သဘာဝ၊ သူများဒုက္ခရောက်ရင် ဝိုင်းလောင်ပြောင်တတ်တဲ့ လူ့သဘော အထင်းသား ခင်ဗျာ့။ ဒီလိုနဲ့ လူပျိုကြီး အပျိုကြီး ကြောင်းလမ်းတဲ့ ပွဲလေး ဖြစ်လာသပေါ့ဗျာ။ အဲမှာတင် အရူးမ က တစခန်း ထတော့တာပေါ့...ဖြစ်ချင်တဲ့ အရာ တွေ ချောချောမောမော့ ဖြစ်ခွင့်မရတဲ့ သဘာဝလေး တွေ့ရပြန်သဗျ ။ ဝမ်း ဇီး ဆိုတဲ့ စကား ဝမ်းဝမ်း ဆိုတဲ့ စကားလေးကလဲ ခေတ်ကာလ အသုံးလေးဖြစ်လို့ သဘောကျစရာ ကောင်းလှသဗျ ။ တခုပေး တခုရချင်တဲ့ လူ့သဘော အနိုင် မပေးချင်တဲ့ စိတ်လေး အထင်းသားပေါ်လာသကိုးဗျ။ ညီအမ ၂ ယောက် ပိုးတာလေးကလဲ အတော်ကို လက်ရာမြောက်တာကိုးဗျ။ ရေခပ်ပေးမယ်လို့ မျက်နှာလုပ်တာကလဲ လိုချင်တာရှိရင် ဘာပဲဖြစ်ဖြစ် လုပ်ပေးတတ်တဲ့ လူ့ သဘာဝက အထင်းသား ။ ဆပ်ပြာမှုန့် ဖြူးသွားတဲ့ အခန်းကတော့ သူများကို ပျော်စေ ပျက်စေ စတတ်တဲ့ သဘောလေးပေါ့ ခင်ဗျာ့။ လွဲချက်က ကမ်းကုန် ဆိုသလို ညီအမ ၂ ယောက် နဲ့ သူငယ်ချင်း ၂ယောက် လွဲတာလေးကလဲ လွဲတတ်ကြတဲ့ သဘောလေး နဲ့ပေါ့ဗျာ။ နောက်ဆုံး ရီးစားစကားပြောတော့လဲ သူငယ်ချင်း ၂ယောက် နာမည်တခုတည်း ခေါ်မိတာကလဲ ကိုယ်လိုရာ တွေးတတ် ထင်တတ်တဲ့ လူ့စရိုက်လေးပေါ့ ခင်ဗျာ့။ ခိုးပြေးလို့ လူချင်းလွဲတော့လဲ ..လိုရာ မရ ရတာမလို ဖြစ်နေတဲ့ မိန်ခလေး သဘာဝက အထင်းသားပဲဗျို့။ ဒီလို..ဒီလိုနဲ့ အတော်ဟုတ် သရုပ်တူ နဲ့ လူ့သဘာဝ ( သို့) ဥ ကတော့ ....လူတွေသတိမထားတဲ့ လောက သဘာဝတွေ ပြည့်နှက်လို့ နေလေပါတော့တယ် ခင်ဗျာ...။........။

No comments:
Post a Comment