Sunday, January 19, 2020

ကောင်းကင်နတ်မင်း Blog မှ ကြိုဆိုပါတယ်

သုတ ၊ ရသ စာများကို စိတ်ဝင်စားသော လာလည်သူအပေါင်းအား ကြိုဆိုပါတယ်။ ဒီ Blog ဟာ စာပေကို မြတ်နိုး စာပေ ကို တန်ဖိုးထားတဲ့ လူတွေ အတွက် ရည်ရွယ်ပြီး ဖွင့်ထားတဲ့ Blog ဆိုရင်လဲ မမှားပါဘူး။ အညှိအဟောက်မပါတဲ့ စာပေများ ထဲမှ ကောင်းနိုးရာရာ စာများကို Copy လုပ်...တချို့ ကိုယ်တိုင်ရေး ..များဖြစ်သည့်အတွက် အမှားအယွင်းတစုံတရာရှိရင် ခွင့်လွတ်ပေးကြပါ။ လိုအပ်တာတွေရှိခဲ့ရင်လဲ ကွန်မန့်လေး ချန်ထားခဲ့ပါ လို့ .............
                                                                      ပရီ အဆင့်မှ ပရို အဆင့်ကိုတတ်လှမ်းချင်တဲ့ 
                                                                                   စာရေးဆရာပေါက်စ
                                                                                   ကောင်းကင်နတ်မင်း

Friday, September 11, 2015

အချစ်ဆိုတာ‬……

တကယ်တော့ အချစ်ဆိုတာ....ချစ်နေရုံ သက်သက်နှင့် ပြည့်စုံပါတယ်
 ဘာပဲပြောပြော ချစ်နေဖို့ပဲ လိုတာပါ.....

၁)
သူမ.. အပြင်မှာ နောက်ယောက်ျားလေးအသစ်တစ်ယောက် တွေ့နေတာကြောင့် အိမ်ကယောကျာ်းနဲ့ တစ်ကုတင်တည်းမအိပ်ချင်တော့ဘူး။
ဘီဒိုထဲက စောင်နဲ့ ခေါင်းအုံးအသစ်ထပ်ထုတ်ပြီး ယောကျာ်းနဲ့ကုတင်ခွဲအိပ်တယ်။
တစ်ယောက်တည်း ကုတင်အထက်မှာ ချမ်းလွန်းလို့ တုန်နေတယ်။
ယောက်ျားက ချက်ချင်းကုတင်နားလာပြီး သူ့စောင်နဲ့ လဲလိုက်တယ်..
ပြီးတော့ ပြောတယ်..

အင်္ဂလိပ်စာနှင့် ပတ်သက်၍ အများစုမသိကြသောအချက်များ

၁။ လူသန်းပေါင်း ၁ ထောင်ကအင်္ဂလိပ်လိုပြောပါတယ်။ ဒါဟာ ကမ္ဘာပေါ်က လူ ၇ ယောက်ကို ၁ ယောက်နှုန်းရှိပါတယ်။

၂။ ကွန်ပျူတွေအကုန်လုံးမှာသိမ်းထားတဲ့ ၈၀ ရာခိုင်နှုန်းသောအချက်အလက်တွေဟာအင်္ဂလိပ်လိုပါပဲ။

အနမ်း တခု အကြောင်း

 အနမ်း တခုကြောင့် ဘာတွေဖြစ်နိုင်တယ် ဖြစ်တယ်ဆိုတာ .....ဖတ်ရှုရမှာ ဖြစ်ပါတယ်.....

၁) ၃၇ % သောအမျိုးသားတွေဟာ နမ်းနေတဲ့အချိန်မှာ မျက်လုံးတွေပိတ်ထားလေ့ရှိပြိး ၉၇ % သောအမျိုးသမီးတွေကလည်း နမ်းနေစဉ်မျက်လုံးပိတ်ထားတတ်
ကြပါတယ်...
၂) ၁ မိနစ်လောက် နမ်းလိုက်ခြင်းအားဖြင့် ၂၆ ကယ်လိုရီလောက် လောင်ကျွမ်းနိုင်ပါတယ်...


Tuesday, March 24, 2015

နတ်မင်း ယူဆသော လူပါး လူနပ် နှင့် ခေါင်းဆောင်

ဟုတ်ကဲ့ ...ဘာမှမရေးခင် အရင် ပြောချင်တာက နတ်မင်းထင်သော ဟု ပါသောကြောင့် ကျနော့်အယူအဆ ကို တင်ပြခြင်းသာဖြစ်ပါကြောင်းနှင့် သဘောထား ကွဲလွဲမှုရှိနိုင်ပါကြောင်း......

သက်ကြီးစကား သက်ငယ်ကြား ဆိုသလို အလုပ်မှ အပြန် ဖယ်ရီကားပေါ်မှ အသက် ၆၀ နီးပြီဖြစ်သော လူကြီးတယောက်နှင့် ကျနော် စကား လက်စုံကျသွားပါတယ်။ ဘာသာရေးအကြောင်း ၊ လူမှုရေး ၊ ပေါင်းသင်းဆက်ဆံရေး စသည်ဖြင့် ရောက်တတ်ရာရာ...။သို့သော် ထို လူကြီးမှာ ဘာကို သဘော မတွေ့လေသည်မသိ ...ကားပေါ်မှ ဆင်းခါနီး စကားတခွန်း ပြောလေ၏.....

Thursday, March 12, 2015

နာမည်ကြီး ထမင်းငတ်တယောက် (သို့) ဖိုးလပြည် (ဦးသန်းရွှေ ၏ မြေး)

ဖိုးလပြည့် လို ဆိုလိုက်တာနဲ့ ဟင်း..အာဏာရှင် သန်းရွှေမြေး ဆိုပြီး ပြေးမြင်ကြတယ်ခင်ဗျာ့။ သူငယ်ချင်းတယောက်ကတောင် ပြောတယ် ဖိုးလပြည့်ဆို ရေခဲချောင်းတောင် မစားဘူးတဲ့...။ကျနော်လဲ အရင်က ဒီလို ထင်ခဲ့တယ်...။အခုလဲ အကောင်းကြီး မဟုတ်တောင် အဆိုးကြီးတော့ မမြင်မိတော့တာ အမှန်..။ ဘာလို့လဲဆိုတော့ သူလဲ လူထဲက လူတယောက်လို နေခဲ့တာကြောင့်ပါ။ ခေတ်ဆန်တဲ့ ကောင်လေး တယောက်၊ အဘိုးဂုဏ်ကြောင့် လူဝင်ဆန့်တဲ့ ကောင်လေးတယောက် အပြင် ပို မမြင်တော့ပါဘူးဗျာ..သူ့အကြောင်းလေး ဖတ်ကြည့်ရအောင်ဗျာ.....ဘာမှ ဖျက်တာ ပြင်တာ မပါတဲ့ မူရင်းသူရဲ့ အရေးအသား ...ကူယူဖော်ပြသူ အဆင့်ဆင့်ပါ အပြည့်စုံဆုံး ဒီအတိုင်းလေး ချပြလိုက်ပါတယ်......

ကျွန်တော် ပထမဆုံးအကြိမ် Public  ကိုစာရေးရှင်းပြခဲ့တာက တက္ကသိုလ်ဘောလုံးပွဲလုပ်တုန်းက ပါ။ တစ်ခုသွားတွေ့ရတာ မြန်မာ လူမျိုးတော်တော်များများက ကော လာဟလကို ယုံလွယ်တယ်ဆိုတာနဲ့ ကောင်းကောင်းမွန်မွန် ရှင်းပြ တော့လည်း လက်ခံတတ်ကြတယ် ဆိုတာပါပဲ…

အခုလည်း Exile  မီဒီယာသ မားတစ်ယောက်က သူ့ဂျာနယ်မှာ ပေါက်ကရ ရေးထားတာတွေ့ရပါ တယ်။ သိုသိုသိပ်သိပ်ပင်နေလို သော်လည်း အရင်ကလို အမြင်ကတ်ပုဒ်မနဲ့ စော်ကားတိုင်းခံရမယ့် ခေတ်မဟုတ်တော့လို့ လူထုကြား ပျံ့နေတယ်လို့ယူဆရတဲ့ ကောလာ ဟလသတင်းမှားများကို အမှန်အ တိုင်းပြန်လည်တင်ပြ အပ်ပါတယ်။

Tuesday, February 24, 2015

ဥ (သို့မဟုတ်) လူ့သဘာဝ

ဟုတ်ကဲ့ ..၂၀၁၄ ခုနှစ်က  အကောင်းဆုံး ဒါရိုက်တာ ဆု ရသွားတဲ့ ဥ ....ကောင်းဆုံးဇတ်ပို့ ဆုရသွားတဲ့ ဥ...သိချင်းအရိုးရဲ့ ...ဥ ။ ဘာပဲပြောပြော ရန်ကုန်သူ ရန်ကုန်သားတွေက ချမ်းသာတဲ့လူ နဲ့ သမီးရီးစား ကလွဲရင် ကျန်တဲ့လူများက အလုပ်အားတဲ့ အချိန်လေး၊ ငွေကြေးလေး အတော်စုမိမှ သူငယ်ချင်းတွေနဲ့ စုမိမှ ရုပ်ရှင်ကြည့်ရတယ် မဟုတ်လားဗျ ။ အဲတော့ ကျနော်တို့လို ရုံးသွားနေရတဲ့ လူ တနေကုန်မအားရတဲ့လူကတော့ ခွေလေးငှားကြည့်တာလောက်။ သို့ပေမဲ့ စနေ အလုပ်သွားရတဲ့ ကျနော်တို့လို လူမျိုးကြတော့လဲ ကြည်ချင်လွန်းရင် စနေည လောက်ပဲ ငှားကြည့်ဖြစ်သပေါ့...။မနေကမှ စိတ်ကူးပေါက်ပြီး ဥ ဆိုတဲ့ ကား ငှားကြည့်မိတယ် ခင်ဗျာ့။ ဇာတ်လမ်းစတယ် ဆိုရင်ပဲ