Tuesday, March 24, 2015

နတ်မင်း ယူဆသော လူပါး လူနပ် နှင့် ခေါင်းဆောင်

ဟုတ်ကဲ့ ...ဘာမှမရေးခင် အရင် ပြောချင်တာက နတ်မင်းထင်သော ဟု ပါသောကြောင့် ကျနော့်အယူအဆ ကို တင်ပြခြင်းသာဖြစ်ပါကြောင်းနှင့် သဘောထား ကွဲလွဲမှုရှိနိုင်ပါကြောင်း......

သက်ကြီးစကား သက်ငယ်ကြား ဆိုသလို အလုပ်မှ အပြန် ဖယ်ရီကားပေါ်မှ အသက် ၆၀ နီးပြီဖြစ်သော လူကြီးတယောက်နှင့် ကျနော် စကား လက်စုံကျသွားပါတယ်။ ဘာသာရေးအကြောင်း ၊ လူမှုရေး ၊ ပေါင်းသင်းဆက်ဆံရေး စသည်ဖြင့် ရောက်တတ်ရာရာ...။သို့သော် ထို လူကြီးမှာ ဘာကို သဘော မတွေ့လေသည်မသိ ...ကားပေါ်မှ ဆင်းခါနီး စကားတခွန်း ပြောလေ၏.....

Thursday, March 12, 2015

နာမည်ကြီး ထမင်းငတ်တယောက် (သို့) ဖိုးလပြည် (ဦးသန်းရွှေ ၏ မြေး)

ဖိုးလပြည့် လို ဆိုလိုက်တာနဲ့ ဟင်း..အာဏာရှင် သန်းရွှေမြေး ဆိုပြီး ပြေးမြင်ကြတယ်ခင်ဗျာ့။ သူငယ်ချင်းတယောက်ကတောင် ပြောတယ် ဖိုးလပြည့်ဆို ရေခဲချောင်းတောင် မစားဘူးတဲ့...။ကျနော်လဲ အရင်က ဒီလို ထင်ခဲ့တယ်...။အခုလဲ အကောင်းကြီး မဟုတ်တောင် အဆိုးကြီးတော့ မမြင်မိတော့တာ အမှန်..။ ဘာလို့လဲဆိုတော့ သူလဲ လူထဲက လူတယောက်လို နေခဲ့တာကြောင့်ပါ။ ခေတ်ဆန်တဲ့ ကောင်လေး တယောက်၊ အဘိုးဂုဏ်ကြောင့် လူဝင်ဆန့်တဲ့ ကောင်လေးတယောက် အပြင် ပို မမြင်တော့ပါဘူးဗျာ..သူ့အကြောင်းလေး ဖတ်ကြည့်ရအောင်ဗျာ.....ဘာမှ ဖျက်တာ ပြင်တာ မပါတဲ့ မူရင်းသူရဲ့ အရေးအသား ...ကူယူဖော်ပြသူ အဆင့်ဆင့်ပါ အပြည့်စုံဆုံး ဒီအတိုင်းလေး ချပြလိုက်ပါတယ်......

ကျွန်တော် ပထမဆုံးအကြိမ် Public  ကိုစာရေးရှင်းပြခဲ့တာက တက္ကသိုလ်ဘောလုံးပွဲလုပ်တုန်းက ပါ။ တစ်ခုသွားတွေ့ရတာ မြန်မာ လူမျိုးတော်တော်များများက ကော လာဟလကို ယုံလွယ်တယ်ဆိုတာနဲ့ ကောင်းကောင်းမွန်မွန် ရှင်းပြ တော့လည်း လက်ခံတတ်ကြတယ် ဆိုတာပါပဲ…

အခုလည်း Exile  မီဒီယာသ မားတစ်ယောက်က သူ့ဂျာနယ်မှာ ပေါက်ကရ ရေးထားတာတွေ့ရပါ တယ်။ သိုသိုသိပ်သိပ်ပင်နေလို သော်လည်း အရင်ကလို အမြင်ကတ်ပုဒ်မနဲ့ စော်ကားတိုင်းခံရမယ့် ခေတ်မဟုတ်တော့လို့ လူထုကြား ပျံ့နေတယ်လို့ယူဆရတဲ့ ကောလာ ဟလသတင်းမှားများကို အမှန်အ တိုင်းပြန်လည်တင်ပြ အပ်ပါတယ်။